ကေနဒါ သဘာ၀ပတ္ဝန္းက်င္ဆိုင္ရာဝန္ႀကီး တိုက္ခိုက္ခံရ၍ လုံၿခဳံေရး တိုးျမႇင့္ထားရ

ကေနဒါ သဘာ၀ပတ္ဝန္းက်င္ဆိုင္ရာဝန္ႀကီးသည္ အြန္လိုင္းတြင္ေရာ ျပင္ပ၌လူကိုယ္တိုင္လာေရာက္၍ပါ ေစာ္ကားတိုက္ခိုက္ခံေနရျခင္းေၾကာင့္ အေသးစိတ္လုံၿခဳံေရးခ်ထားရေၾကာင္း ေျပာၾကားသည္။

မၾကာေသးမီက ျဖစ္ရပ္တစ္ခုတြင္ ကားတစ္စီးအတြင္းမွ အမ်ိဳးသားတစ္ဦးသည္ သူမႏွင့္ သူမ၏ကေလးမ်ားကို အတင္းဆြဲမ၍ ႐ိုင္းစိုင္းၾကမ္းတမ္းစြာ ေစာ္ကားေျပာဆိုခဲ့သည္ဟု ကက္သရင္းမက္ကန္နာက ေျပာသည္။

ကေနဒါႏိုင္ငံရွိ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားအတြက္ အဆင့္ျမင့္ကာကြယ္ေရး ယူရသည္မွာ ရွားရွားပါးပါးလိုအပ္ခ်က္ျဖစ္သည္။

-Ads-
-Ads-

သဘာ၀ပတ္ဝန္းက်င္ဆိုင္ရာ တက္ႂကြလႈပ္ရွားသူမ်ားတြင္ အထူးသျဖင့္ အမ်ိဳးသမီးမ်ားသည္ အၾကမ္းဖက္ေစာ္ကားခံရမႈႏႈန္း ျမင့္တက္လာသည့္ သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ ယင္းအေျပာင္းအလဲ ေပၚထြက္လာျခင္းျဖစ္သည္။

ကေနဒါႏိုင္ငံ၏ အဓိကပါတီႏွစ္ခုသည္ ရာသီဥတုႏွင့္ပတ္သက္သည့္ ဆန္႔က်င္ဘက္အျမင္မ်ားႏွင့္အတူ ေအာက္တိုဘာလအတြင္း ႏိုင္ငံ၏ျပည္ေထာင္စုေ႐ြးေကာက္ပြဲတြင္ ရာသီဥတုေျပာင္းလဲျခင္းသည္ အဓိကျပႆနာတစ္ရပ္ျဖစ္လာသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ကနေဒါ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး တိုက်ခိုက်ခံရ၍ လုံခြုံရေး တိုးမြှင့်ထားရ

ကနေဒါ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးသည် အွန်လိုင်းတွင်ရော ပြင်ပ၌လူကိုယ်တိုင်လာရောက်၍ပါ စော်ကားတိုက်ခိုက်ခံနေရခြင်းကြောင့် အသေးစိတ်လုံခြုံရေးချထားရကြောင်း ပြောကြားသည်။

မကြာသေးမီက ဖြစ်ရပ်တစ်ခုတွင် ကားတစ်စီးအတွင်းမှ အမျိုးသားတစ်ဦးသည် သူမနှင့် သူမ၏ကလေးများကို အတင်းဆွဲမ၍ ရိုင်းစိုင်းကြမ်းတမ်းစွာ စော်ကားပြောဆိုခဲ့သည်ဟု ကက်သရင်းမက်ကန်နာက ပြောသည်။

ကနေဒါနိုင်ငံရှိ အစိုးရအဖွဲ့ဝန်ကြီးများအတွက် အဆင့်မြင့်ကာကွယ်ရေး ယူရသည်မှာ ရှားရှားပါးပါးလိုအပ်ချက်ဖြစ်သည်။

သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများတွင် အထူးသဖြင့် အမျိုးသမီးများသည် အကြမ်းဖက်စော်ကားခံရမှုနှုန်း မြင့်တက်လာသည့် သတင်းများထွက်ပေါ်နေချိန်တွင် ယင်းအပြောင်းအလဲ ပေါ်ထွက်လာခြင်းဖြစ်သည်။

ကနေဒါနိုင်ငံ၏ အဓိကပါတီနှစ်ခုသည် ရာသီဥတုနှင့်ပတ်သက်သည့် ဆန့်ကျင်ဘက်အမြင်များနှင့်အတူ အောက်တိုဘာလအတွင်း နိုင်ငံ၏ပြည်ထောင်စုရွေးကောက်ပွဲတွင် ရာသီဥတုပြောင်းလဲခြင်းသည် အဓိကပြဿနာတစ်ရပ်ဖြစ်လာသည်။

-Ads-
-Ads-