ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦး အသက္ရွင္သန္ခြင့္ခံစားရရွိႏိုင္ေရး လူ႕အခြင့္အေရး႐ႈေထာင့္မွ ကူညီေဆာင္႐ြက္ေပးရန္ ေမတၱာရပ္ခံ

ထိုင္းႏိုင္ငံ လိပ္ကၽြန္းလူသတ္မႈႏွင့္ ပတ္သက္၍ ေသဒဏ္ခ်မွတ္ခံထားရေသာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦးျဖစ္သည့္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔အား အသက္ရွင္သန္ပိုင္ခြင့္ခံစားရရွိႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္အေနျဖင့္ လူ႕အခြင့္အေရး႐ႈေထာင့္မွ ကူညီေဆာင္႐ြက္ေပးရန္ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္က စက္တင္ဘာ ၉ ရက္တြင္ ၫွိႏႈိင္းေမတၱာရပ္ခံစာ ေပးပို႔ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အဆိုပါေမတၱာရပ္ခံေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦး၏ေနာက္ဆုံး အယူခံ႐ႈံးနိမ့္ခဲ့ျခင္းႏွင့္စပ္လ်ဥ္း၍ ၎တို႔ ႏွစ္ဦး၏ အသက္ရွင္သန္ပိုင္ခြင့္ခံစားရရွိႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္အေနျဖင့္ လူ႕အခြင့္အေရး႐ႈေထာင့္မွ ကူညီေဆာင္႐ြက္ေပးပါရန္ ၫွိႏႈိင္းေမတၱာရပ္ခံအပ္ပါသည္ဟု ပါရွိသည္။

ထို႔ျပင္ အဆိုပါ ေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦးကို မၽွတစြာ တရားစီရင္ခြင့္ရရွိေရး၊ ၫွဥ္းပန္းႏွိပ္စက္မႈမျပဳေရး၊ တရားစီရင္ရာတြင္ ၾကန္႔ၾကာမႈမရွိေစေရး၊ မိသားစုႏွင့္ ေတြ႕ဆုံခြင့္ျပဳေရး၊ ဥပေဒ၏ ကာကြယ္ေစာင့္ေရွာက္မႈကို ခြဲျခားဆက္ဆံမႈမရွိေစဘဲ ခံစားခြင့္ရရွိေရး၊ ၎တို႔၏ အသက္ရွင္ပိုင္ခြင့္ ရရွိခံစားႏိုင္ေရးတို႔အတြက္ ကူညီေဆာင္႐ြက္ေပးပါရန္ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္က၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလတြင္ တစ္ႀကိမ္၊ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ တစ္ႀကိမ္ ေမတၱာရပ္ခံခဲ့ရာ ထိုင္းႏိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္က အတတ္ႏိုင္ဆုံးပူးေပါင္းေဆာင္႐ြက္ေပးခဲ့သည့္အတြက္ မိမိတို႔ေကာ္မရွင္အေနျဖင့္ မ်ားစြာေက်းဇူးတင္ေၾကာင္းလည္း အဆိုပါေပးပို႔ေသာစာတြင္ ပါရွိသည္။

-Ads-
-Ads-

ထိုင္းႏိုင္ငံ ခိုေတာင္ကၽြန္းတြင္ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရသည့္ ကိစၥႏွင့္စပ္လ်ဥ္း၍ ေသဒဏ္ခ်မွတ္ခံခဲ့ရေသာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦးျဖစ္သည့္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔သည္ ၂၀၁၉ ခုႏွစ္ ဩဂုတ္ ၂၉ ရက္တြင္ ေနာက္ဆုံးအယူခံတင္ခဲ့ေသာ္လည္း ႐ႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။

သတင္း – ေနာင္ေလး

(Unicode ဖြင့်ဖတ်ရန်)

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး အသက်ရှင်သန်ခွင့်ခံစားရရှိနိုင်ရေး လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား အသက်ရှင်သန်ပိုင်ခွင့်ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၉ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါမေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏နောက်ဆုံး အယူခံရှုံးနိမ့်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ၎င်းတို့ နှစ်ဦး၏ အသက်ရှင်သန်ပိုင်ခွင့်ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးပါရန် ညှိနှိုင်းမေတ္တာရပ်ခံအပ်ပါသည်ဟု ပါရှိသည်။

ထို့ပြင် အဆိုပါ ရွှေ့ပြောင်းလုပ်သားနှစ်ဦးကို မျှတစွာ တရားစီရင်ခွင့်ရရှိရေး၊ ညှဉ်းပန်းနှိပ်စက်မှုမပြုရေး၊ တရားစီရင်ရာတွင် ကြန့်ကြာမှုမရှိစေရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ပြုရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိရေး၊ ၎င်းတို့၏ အသက်ရှင်ပိုင်ခွင့် ရရှိခံစားနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ် မေတ္တာရပ်ခံခဲ့ရာ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် မိမိတို့ကော်မရှင်အနေဖြင့် များစွာကျေးဇူးတင်ကြောင်းလည်း အဆိုပါပေးပို့သောစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် ကိစ္စနှင့်စပ်လျဉ်း၍ သေဒဏ်ချမှတ်ခံခဲ့ရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် နောက်ဆုံးအယူခံတင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

သတင်း – နောင်လေး

-Ads-
-Ads-