မိတၳီလာ-ေတာင္သာကားလမ္းတြင္ ယာဥ္တစ္စီးတိမ္းေမွာက္၊ ေလးဦးေသ၊ ေျခာက္ဦး ဒဏ္ရာရ

မိတၳီလာ- ေတာင္သာကားလမ္းတြင္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၉ ရက္ နံနက္ ၆ နာရီခြဲခန္႔က ယာဥ္တစ္စီး တိမ္းေမွာက္၍ ေလးဦးေသ၊ ေျခာက္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ႐ုံးစည္ႀကီးရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ႕နယ္ ႐ုံးစည္ႀကီးေက်း႐ြာေအာင္မဂၤလာေရကန္အနီး ေတာင္သာ-မိတၱီလာကားလမ္း မိုင္တိုင္အမွတ္ ၃၀/၂ႏွင့္ ၃ အၾကားတြင္ မိတၳီလာၿမိဳ႕ဘက္မွ ေတာင္သာၿမိဳ႕ဘက္သို႔ သာယာ၀တီၿမိဳ႕နယ္ ငျဖဴကေလးေက်း႐ြာေန ယာဥ္ေမာင္း ရန္ႏိုင္ေအာင္သူ(၂၉)ႏွစ္ ေမာင္းႏွင္ၿပီး ခရီးသည္ က်ား ခုနစ္ဦး၊ မ ငါးဦးလိုက္ပါလာေသာ ယာဥ္အမွတ္ YGN/—-CRD PROTER-2 အမ်ိဳးအစားအျဖဴေရာင္ယာဥ္မွာ ဝဲဘက္ေရွ႕ဘီးေပါက္၍ ကားလမ္း၏ ဝဲဘက္ခ်ိဳင့္အတြင္း ထိုးက်တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယာဥ္ေပၚပါ ေမာင္ေက်ာ္မင္းထက္၊ ေဒၚကရင္မ (ခ)ေဒၚသန္းျမင့္၊ေဒၚျမင့္ေသာင္းႏွင့္ ဦးစိန္ေသာ့တို႔ေလးဦးမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး က်န္ခရီးသည္မ်ားအနက္ ယာဥ္ေမာင္းအပါအဝင္ ခရီးသည္ေျခာက္ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ႐ုံးစည္ႀကီးရဲစခန္းမွ သိရသည္။

ယာဥ္ေမာင္းႏွင္သူ ရန္ႏိုင္ေအာင္သူကို ႐ုံးစည္ႀကီး နယ္ေျမရဲစခန္းကယာဥ္( ပ)၇/၂၀၁၉၊ ျပစ္မႈဥပေဒပုဒ္မ၃၀၄-က/၃၃၈/၃၃၇ ျဖင့္ အမႈဖြင့္ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

-Ads-
-Ads-

သတင္း – ဘိုဘို(မလႈိင္)

(Unicode ဖြင့်ဖတ်ရန်)

မိတ္ထီလာ-တောင်သာကားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်၊ လေးဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

မိတ္ထီလာ- တောင်သာကားလမ်းတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲခန့်က ယာဉ်တစ်စီး တိမ်းမှောက်၍ လေးဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုံးစည်ကြီးရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာအောင်မင်္ဂလာရေကန်အနီး တောင်သာ-မိတ္တီလာကားလမ်း မိုင်တိုင်အမှတ် ၃၀/၂နှင့် ၃ အကြားတွင် မိတ္ထီလာမြို့ဘက်မှ တောင်သာမြို့ဘက်သို့ သာယာ၀တီမြို့နယ် ငဖြူကလေးကျေးရွာနေ ယာဉ်မောင်း ရန်နိုင်အောင်သူ(၂၉)နှစ် မောင်းနှင်ပြီး ခရီးသည် ကျား ခုနစ်ဦး၊ မ ငါးဦးလိုက်ပါလာသော ယာဉ်အမှတ် YGN/—-CRD PROTER-2 အမျိုးအစားအဖြူရောင်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်၍ ကားလမ်း၏ ဝဲဘက်ချိုင့်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်ပါ မောင်ကျော်မင်းထက်၊ ဒေါ်ကရင်မ (ခ)ဒေါ်သန်းမြင့်၊ဒေါ်မြင့်သောင်းနှင့် ဦးစိန်သော့တို့လေးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များအနက် ယာဉ်မောင်းအပါအဝင် ခရီးသည်ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရုံးစည်ကြီးရဲစခန်းမှ သိရသည်။

ယာဉ်မောင်းနှင်သူ ရန်နိုင်အောင်သူကို ရုံးစည်ကြီး နယ်မြေရဲစခန်းကယာဉ်( ပ)၇/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း – ဘိုဘို(မလှိုင်)

-Ads-
-Ads-