ေျမာက္ဦးယဥ္ေက်းမႈေဒသအား ကမၻာ့အေမြအႏွစ္ အဆိုျပဳမူၾကမ္း ယခုလအတြင္းတင္သြင္းမည္

ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသအား ကမၻာ့အေမြအႏွစ္ အဆိုျပဳ မူၾကမ္းတင္သြင္းျခင္းကို ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ရွိ ကမၻာ့အေမြအႏွစ္စင္တာသို႔ ယခုလအတြင္း တင္သြင္းမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္း အေခ်ာတင္မည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေျမာက္ဦးဌာနခြဲ)မွ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က စက္တင္ဘာ ၉ ရက္တြင္ စံေတာ္ခ်ိန္သို႔ေျပာၾကားသည္။

‘၂၀၁၇ အေစာပိုင္းကာလကတည္းက ေျမျပင္ကြင္းဆင္းတာေတြ၊ တိုင္းတာတာေတြ၊ အခ်က္အလက္ေကာက္ယူတာေတြလုပ္ခဲ့ပါတယ္။ ကမၻာ့အေမြအႏွစ္ ဝင္သြားၿပီးတဲ့တိုင္ေအာင္ ဆက္ၿပီးလုပ္ရမွာေတြရွိပါတယ္’ ဟု ၎က ေျပာဆိုသည္။

ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ကမၻာ့အေမြအႏွစ္တင္သြင္းေရးေဆာင္႐ြက္ခ်က္မ်ားတြင္ အီတလီ၊ တ႐ုတ္၊အိႏၵိယ၊ နယူးဇီလန္၊ အေမရိကန္၊ ေတာင္ကိုရီးယားစသည့္ႏိုင္ငံမ်ားမွ ပညာရွင္မ်ားပါဝင္ေၾကာင္း သိရသည္။

-Ads-
-Ads-

အဆိုပါေဒသကို ယခင္က ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္မႈမ်ားရွိခဲ့ၿပီး လက္ရွိတြင္ ပဋိပကၡအေျခအေနမ်ားေၾကာင့္ လာေရာက္လည္ပတ္မႈ အလြန္နည္းသြားသည္ဟု ေဒါက္တာသန္းထိုက္က ေျပာဆိုသည္။

‘အဓိက အေႏွာင့္အယွက္ျဖစ္တာကေတာ့ ပဋိပကၡျဖစ္ေစတဲ့ အခ်က္ေပါ့။ အေမြအႏွစ္ဇုန္ထဲမွာ မၿငိမ္းခ်မ္းမႈေတြ၊ ထိေတြ႕မႈေတြ ျဖစ္ၾကတယ္ဆိုရင္ ကမၻာ့အေမြအႏွစ္တင္ဖို႔ အခက္အခဲရွိတယ္။ အကယ္၍ သက္ဆိုင္ရာႏိုင္ငံက ကမၻာ့အေမြအႏွစ္တင္ျပၿပီး ကာကြယ္ထိန္းသိမ္းမႈ မလုပ္ႏိုင္ဘူးဆိုရင္ ကမၻာ့အေမြအႏွစ္ေကာ္မတီက တင္သြင္းျခင္းလုပ္ငန္းကို စဥ္းစားေပးမွာမဟုတ္ဘူး။ ဒါကေတာ့ ေျမာက္ဦးေဒသအတြက္ အဓိက စိန္ေခၚမႈျဖစ္ေနတယ္’ ဟု ၎က ေျပာဆိုသည္။

ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသတြင္ ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈျဖစ္စဥ္မ်ားအတြင္း ပ်က္စီးသြားခဲ့သည့္ ဘုရားမ်ားကို တစ္ဆူခ်င္းအလိုက္ အေသးစိတ္စာရင္းေကာက္ယူရန္ရွိၿပီး 3D နည္းပညာျဖင့္ အသုံးျပဳရန္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ ပ်ဴၿမိဳ႕ေဟာင္း သုံးၿမိဳ႕ျဖစ္ေသာ ဟန္လင္း၊ ဗိႆႏိုးႏွင့္ သေရေခတၱရာၿမိဳ႕ေဟာင္းမ်ားအား ၂၀၁၄ ခုႏွစ္က ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လက ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသသည္ ကမၻာ့အေမြအႏွစ္စာရင္းဝင္ခဲ့ၿပီးျဖစ္သည္။

သတင္း – ေအးျမတ္မြန္(ယုဇန)
ဓာတ္ပုံ – ေျမာက္ဦးေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ FB

(Unicode ဖြင့်ဖတ်ရန်)

မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် အဆိုပြုမူကြမ်း ယခုလအတွင်းတင်သွင်းမည်

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် အဆိုပြု မူကြမ်းတင်သွင်းခြင်းကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်စင်တာသို့ ယခုလအတွင်း တင်သွင်းမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း အချောတင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က စက်တင်ဘာ ၉ ရက်တွင် စံတော်ချိန်သို့ပြောကြားသည်။

‘၂၀၁၇ အစောပိုင်းကာလကတည်းက မြေပြင်ကွင်းဆင်းတာတွေ၊ တိုင်းတာတာတွေ၊ အချက်အလက်ကောက်ယူတာတွေလုပ်ခဲ့ပါတယ်။ ကမ္ဘာ့အမွေအနှစ် ဝင်သွားပြီးတဲ့တိုင်အောင် ဆက်ပြီးလုပ်ရမှာတွေရှိပါတယ်’ ဟု ၎င်းက ပြောဆိုသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးဆောင်ရွက်ချက်များတွင် အီတလီ၊ တရုတ်၊အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန်၊ တောင်ကိုရီးယားစသည့်နိုင်ငံများမှ ပညာရှင်များပါဝင်ကြောင်း သိရသည်။

အဆိုပါဒေသကို ယခင်က ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများရှိခဲ့ပြီး လက်ရှိတွင် ပဋိပက္ခအခြေအနေများကြောင့် လာရောက်လည်ပတ်မှု အလွန်နည်းသွားသည်ဟု ဒေါက်တာသန်းထိုက်က ပြောဆိုသည်။

‘အဓိက အနှောင့်အယှက်ဖြစ်တာကတော့ ပဋိပက္ခဖြစ်စေတဲ့ အချက်ပေါ့။ အမွေအနှစ်ဇုန်ထဲမှာ မငြိမ်းချမ်းမှုတွေ၊ ထိတွေ့မှုတွေ ဖြစ်ကြတယ်ဆိုရင် ကမ္ဘာ့အမွေအနှစ်တင်ဖို့ အခက်အခဲရှိတယ်။ အကယ်၍ သက်ဆိုင်ရာနိုင်ငံက ကမ္ဘာ့အမွေအနှစ်တင်ပြပြီး ကာကွယ်ထိန်းသိမ်းမှု မလုပ်နိုင်ဘူးဆိုရင် ကမ္ဘာ့အမွေအနှစ်ကော်မတီက တင်သွင်းခြင်းလုပ်ငန်းကို စဉ်းစားပေးမှာမဟုတ်ဘူး။ ဒါကတော့ မြောက်ဦးဒေသအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်’ ဟု ၎င်းက ပြောဆိုသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များအတွင်း ပျက်စီးသွားခဲ့သည့် ဘုရားများကို တစ်ဆူချင်းအလိုက် အသေးစိတ်စာရင်းကောက်ယူရန်ရှိပြီး 3D နည်းပညာဖြင့် အသုံးပြုရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးဖြစ်သည်။

သတင်း – အေးမြတ်မွန်(ယုဇန)
ဓာတ်ပုံ – မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ FB

-Ads-
-Ads-