ေ႐ႊပါရမီပညာေရးေဖာင္ေဒးရွင္း မၽွေဝျခင္းအစီအစဥ္ ပုဂံ၌က်င္းပ

ဆရာေတာ္ အရွင္ဆႏၵာဓိကဦးေဆာင္ေသာ ေ႐ႊပါရမီပညာေရးေဖာင္ေဒးရွင္း ပညာသင္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ မၽွေဝျခင္းအစီအစဥ္ကို ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ Royal House Resort ခန္းမ၌ စက္တင္ဘာ ၈ ရက္က ျပဳလုပ္ခဲ့သည္။

အဆိုပါ မၽွေဝျခင္းအစီအစဥ္လႈပ္ရွားမႈကို ပုဂံေရွးေဟာင္းေဒသ ေညာင္ဦးၿမိဳ႕နယ္ ေတာင္ဘီေလးေက်း႐ြာ အလယ္တန္းေက်ာင္းခြဲတြင္ ေ႐ႊပါရမီစာၾကည့္တိုက္တည္ေဆာက္ရန္အတြက္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ေ႐ႊပါရမီပညာေရးေဖာင္ေဒးရွင္း ပညာသင္ဆုရ ေက်ာင္းသူ၊ေက်ာင္းသားမ်ားက မိမိတို႔လစဥ္ရရွိေသာ ေထာက္ပံ့ေငြမွ တစ္လလၽွင္ က်ပ္ ၁၀၀၀ ႏွင့္ က်ပ္ ၃၀၀၀ ၾကား စုေပါင္းလႉဒါန္းၾကျခင္းျဖစ္ၿပီး မတည္အလႉေငြအျဖစ္ က်ပ္သိန္း ၇၀ လႉဒါန္းခဲ့သည္။

ထို႔ေနာက္ဆရာေတာ္ႏွင့္ တပည့္ဒါယကာ၊ ဒါယိကာမမ်ားက စာၾကည့္တိုက္ေဆာက္လုပ္ရန္အတြက္ လိုအပ္ေသာ အလႉေငြက်ပ္ ၁၅၅ သိန္းအား ထပ္မံလႉဒါန္းခဲ့ၿပီး စုစုေပါင္းလႉဒါန္းေငြက်ပ္ ၂၂၅ သိန္းအား လႉဒါန္းရာ ေတာင္ဘီေလးအလယ္တန္းေက်ာင္းခြဲ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသင္းသင္းေဆာင္းက လက္ခံရယူခဲ့သည္။

-Ads-
-Ads-

ဆက္လက္၍ ေ႐ႊပါရမီပညာေရးေဖာင္ေဒးရွင္းပညာသင္ဆုရ ေနာက္ဆုံးႏွစ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ဆရာေတာ္ႏွင့္ ေဖာင္ေဒးရွင္းလူႀကီးမ်ားအား စုေပါင္းကန္ေတာ့ၾကသည္။ ေ႐ႊပါရမီဆရာေတာ္ႏွင့္ အဖြဲ႕ဝင္လူႀကီးမ်ားက ဆုံးမဩဝါဒေပး၍ ပညာသင္ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားကို လက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္ကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။

ထို႔ေနာက္ ပညာသင္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ပုဂံေဒသေရွးေဟာင္း တန္ခိုးႀကီးဘုရားမ်ား လိုက္လံပို႔ေဆာင္ျခင္း၊ ဧရာ၀တီျမစ္အတြင္း သေဘၤာမ်ားျဖင့္ လိုက္လံျပသျခင္းႏွင့္ ညပိုင္းေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ျပဳလုပ္ေပးျခင္းအစီအစဥ္မ်ား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။

သတင္း၊ ဓာတ္ပုံ – ရဲေနာင္ဦး

(Unicode ဖြင့်ဖတ်ရန်)

ရွှေပါရမီပညာရေးဖောင်ဒေးရှင်း မျှဝေခြင်းအစီအစဉ် ပုဂံ၌ကျင်းပ

ဆရာတော် အရှင်ဆန္ဒာဓိကဦးဆောင်သော ရွှေပါရမီပညာရေးဖောင်ဒေးရှင်း ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ၏ မျှဝေခြင်းအစီအစဉ်ကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ Royal House Resort ခန်းမ၌ စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ မျှဝေခြင်းအစီအစဉ်လှုပ်ရှားမှုကို ပုဂံရှေးဟောင်းဒေသ ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ရွှေပါရမီစာကြည့်တိုက်တည်ဆောက်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း ပညာသင်ဆုရ ကျောင်းသူ၊ကျောင်းသားများက မိမိတို့လစဉ်ရရှိသော ထောက်ပံ့ငွေမှ တစ်လလျှင် ကျပ် ၁၀၀၀ နှင့် ကျပ် ၃၀၀၀ ကြား စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး မတည်အလှူငွေအဖြစ် ကျပ်သိန်း ၇၀ လှူဒါန်းခဲ့သည်။

ထို့နောက်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက စာကြည့်တိုက်ဆောက်လုပ်ရန်အတွက် လိုအပ်သော အလှူငွေကျပ် ၁၅၅ သိန်းအား ထပ်မံလှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေကျပ် ၂၂၅ သိန်းအား လှူဒါန်းရာ တောင်ဘီလေးအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဆောင်းက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းပညာသင်ဆုရ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများက ဆရာတော်နှင့် ဖောင်ဒေးရှင်းလူကြီးများအား စုပေါင်းကန်တော့ကြသည်။ ရွှေပါရမီဆရာတော်နှင့် အဖွဲ့ဝင်လူကြီးများက ဆုံးမဩဝါဒပေး၍ ပညာသင်ဆုရကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ပုဂံဒေသရှေးဟောင်း တန်ခိုးကြီးဘုရားများ လိုက်လံပို့ဆောင်ခြင်း၊ ဧရာ၀တီမြစ်အတွင်း သင်္ဘောများဖြင့် လိုက်လံပြသခြင်းနှင့် ညပိုင်းပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်းအစီအစဉ်များ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

သတင်း၊ ဓာတ်ပုံ – ရဲနောင်ဦး

-Ads-
-Ads-