အေမရိကန္ႏွင့္ ႏ်ဴကလီးယားေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ ေျမာက္ကိုရီးယား ဆႏၵရွိဟုထုတ္ျပန္

ေျမာက္ကိုရီးယားႏိုင္ငံသည္ ယခုလကုန္ပိုင္းတြင္ အေမရိကန္ႏွင့္ ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ ဆႏၵရွိေနေၾကာင္း ေျမာက္ကိုရီးယား၏ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားသည္။

ႏွစ္ဖက္စလုံးက သေဘာတူထားသည့္ အေနအထားတစ္ခုတြင္ ျပည့္စုံေသာေဆြးေႏြးမႈမ်ားကို ျပန္လည္စတင္ရန္ ၎တို႔ဘက္မွ ဆႏၵရွိေၾကာင္း လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးခ်ိဳဆန္ေဟြက ေျပာၾကားသည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယိုက ေဆြးေႏြးပြဲမ်ားျပန္စရန္ ေမၽွာ္မွန္းထားသည္ဟု သတင္းလႊင့္ၿပီးေနာက္တြင္ သူမ၏ ေၾကညာခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။

-Ads-
-Ads-

မီးစ္ခ်ိဳက ယင္းသို႔ေျပာၾကားၿပီးေနာက္ နာရီပိုင္းအတြင္း တာတိုပစ္ ဒုံးပ်ံႏွစ္စင္းကို ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္လိုက္သည္ဟုလည္း သတင္းထုတ္ျပန္သည္။

ယင္းမွာ မၾကာေသးမီလမ်ားအတြင္း ဒုံးပ်ံမ်ားဆက္တိုက္ပစ္လႊတ္စမ္းသပ္မႈတြင္ ေနာက္ဆုံးအႀကိမ္ျပဳလုပ္ေသာ စမ္းသပ္မႈလည္းျဖစ္သည္။

စက္တင္ဘာ လကုန္ပိုင္းေလာက္တြင္ သေဘာတူညီထားေသာ အခ်ိန္ႏွင့္ေနရာ၌ မ်က္ႏွာခ်င္းဆိုင္ ထပ္မံေတြ႕ဆုံေဆြးေႏြးရန္ ေျမာက္ကိုရီးယားက ဆႏၵရွိေၾကာင္း မီးစ္ခ်ိဳက စက္တင္ဘာ ၉ ရက္တြင္ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မြောက်ကိုရီးယား ဆန္ဒရှိဟုထုတ်ပြန်

မြောက်ကိုရီးယားနိုင်ငံသည် ယခုလကုန်ပိုင်းတွင် အမေရိကန်နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆန္ဒရှိနေကြောင်း မြောက်ကိုရီးယား၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

နှစ်ဖက်စလုံးက သဘောတူထားသည့် အနေအထားတစ်ခုတွင် ပြည့်စုံသောဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ၎င်းတို့ဘက်မှ ဆန္ဒရှိကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးချိုဆန်ဟွေက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဆွေးနွေးပွဲများပြန်စရန် မျှော်မှန်းထားသည်ဟု သတင်းလွှင့်ပြီးနောက်တွင် သူမ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မီးစ်ချိုက ယင်းသို့ပြောကြားပြီးနောက် နာရီပိုင်းအတွင်း တာတိုပစ် ဒုံးပျံနှစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်သည်ဟုလည်း သတင်းထုတ်ပြန်သည်။

ယင်းမှာ မကြာသေးမီလများအတွင်း ဒုံးပျံများဆက်တိုက်ပစ်လွှတ်စမ်းသပ်မှုတွင် နောက်ဆုံးအကြိမ်ပြုလုပ်သော စမ်းသပ်မှုလည်းဖြစ်သည်။

စက်တင်ဘာ လကုန်ပိုင်းလောက်တွင် သဘောတူညီထားသော အချိန်နှင့်နေရာ၌ မျက်နှာချင်းဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် မြောက်ကိုရီးယားက ဆန္ဒရှိကြောင်း မီးစ်ချိုက စက်တင်ဘာ ၉ ရက်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

-Ads-
-Ads-