မန္စီးတီးအသင္းကစားသမားတန္ေၾကး ယူ႐ိုတစ္ဘီလီယံေက်ာ္အထိရွိေန ေဘာလုံးသမိုင္းတြင္ ပထမဆုံး ယူ႐ိုတစ္ဘီလီယံေက်ာ္တန္အသင္းျဖစ္လာ

ယမန္ႏွစ္ကရာသီတြင္ စံခ်ိန္မ်ားစြာျဖင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ႏွစ္ႏွစ္ဆက္ ဆြတ္ခူးႏိုင္ခဲ့ေသာ မန္စီးတီးအသင္းသည္ ေဘာလုံးသမိုင္းတြင္ ကစားသမားအင္အား တန္ေၾကး ယူ႐ိုတစ္ဘီလီယံေက်ာ္ရွိေသာ ပထမဆုံးအသင္းအျဖစ္လည္း စံခ်ိန္သစ္ တင္ခဲ့ျပန္သည္။ ေဘာလုံးေဈးကြက္ စာရင္းဇယားမ်ား ျပဳစုေသာ CIES Football Observatory က ထုတ္ျပန္လိုက္ေသာ ေဘာလုံးအသင္းမ်ားအနက္ ကစားသမားအင္အားတန္ေၾကးအျမင့္ဆုံးအသင္းမ်ားစာရင္းတြင္ နည္းျပဂြါဒီယိုလာ၏ မန္စီးတီးအသင္းသည္ အမ္ဘပ္ပီ၊ ေနမာတို႔ကို ပိုင္ဆိုင္ထားသည့္ ျပင္သစ္ထိပ္တန္းကလပ္ ပီအက္စ္ဂ်ီကို ေက်ာ္ျဖတ္ၿပီး ကစားသမား အင္အားတန္ေၾကးအႀကီးဆုံး အသင္းအျဖစ္ ရပ္တည္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေႏြေဈးကြက္တြင္ မန္စီးတီးအသင္းသည္ အက္သလက္တီကိုမွ ႐ိုဒရီႏွင့္ဂ်ဴဗင္တပ္မွ ကန္ဆယ္လိုတို႔ကို ေခၚယူမႈအတြက္ ယူ႐ို ၁၆၈ သန္းအထိ အသုံးျပဳခဲ့သည့္အတြက္ လက္ရွိမန္စီးတီးအသင္းကစားသမားမ်ားတန္ေၾကးသည္ ယူ႐ို ၁ ဒသမ ၀၁၄ ဘီလီယံအထိရွိသြားခဲ့သည္။မန္စီးတီးေနာက္တြင္ ၿပီးခဲ့သည့္ေႏြေဈးကြက္က အီဒရစ္ဆာဂြီယီႏွင့္ အဘဒူဒီရယ္လိုတို႔ကို ေခၚယူခဲ့သည့္ ပီအက္စ္ဂ်ီအသင္းက ယူ႐ို ၉၁၃ သန္းျဖင့္ ဒုတိယတန္ေၾကးအႀကီးဆုံးအသင္းအျဖစ္ ရပ္တည္ေနသည္။ ပီအက္စ္ဂ်ီေနာက္တြင္ ၿပီးခဲ့သည့္ ေႏြေဈးကြက္က ဟာဇက္၊ လူကာဂ်ိဳဗစ္၊ ဖာလန္မန္ဒီ၊ မီလီတာအိုႏွင့္ ႐ိုဒရီဂိုဂိုးစ္တို႔ကိုအား ျဖည့္ေခၚယူခဲ့ေသာ ရီးရဲလ္အသင္းက တန္ေၾကး ယူ႐ို ၉၀၂ သန္းျဖင့္ရပ္တည္ခဲ့သည္။

ပရီးမီးယားလိဂ္တြင္ မန္စီးတီးၿပီးေနာက္ တန္ေၾကးအႀကီးဆုံးအသင္းမွာ မန္ယူအသင္းျဖစ္ၿပီး ယူ႐ို ၇၅၁ သန္းျဖင့္ အဆင့္(၄)ေနရာတြင္ ရပ္တည္ ခဲ့သည္။ တန္ေၾကးအႀကီးဆုံးအသင္း ၂၀ စာရင္းတြင္ ပရီးမီးယားလိဂ္မွ လီဗာပူး၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္၊အဲဗာတန္၊ စပါးႏွင့္ လက္စတာအသင္းမ်ားလည္း ပါဝင္ခဲ့သည္။ စပိန္လာလီဂါတြင္ ရီးရဲလ္အသင္းကစားသမားမ်ားတန္ေၾကးသည္ တန္းတက္မာေယာ့ကာအသင္း ကစားသမားမ်ား တန္ေၾကးထက္ ၁၄၈ ဆပိုမ်ားေနကာ ျပင္သစ္လီဂူးဝမ္းတြင္လည္း ပီအက္စ္ဂ်ီကစားသမားမ်ားတန္ေၾကးသည္ နီမက္စ္အသင္း ကစားသမားမ်ား တန္ေၾကးထက္ ၁၁၄ ဆပိုမ်ားေနသည္။ ဂ်ာမန္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းသားမ်ားတန္ေၾကးသည္လည္း တန္းတက္ ပါဒါဘြန္းအသင္းကစားသမားမ်ား တန္ေၾကးထက္ ၈၅ ဆပိုမ်ားေနေၾကာင္း သိရသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

မန်စီးတီးအသင်းကစားသမားတန်ကြေး ယူရိုတစ်ဘီလီယံကျော်အထိရှိနေ
ဘောလုံးသမိုင်းတွင် ပထမဆုံး ယူရိုတစ်ဘီလီယံကျော်တန်အသင်းဖြစ်လာ

ယမန်နှစ်ကရာသီတွင် စံချိန်များစွာဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သော မန်စီးတီးအသင်းသည် ဘောလုံးသမိုင်းတွင် ကစားသမားအင်အား တန်ကြေး ယူရိုတစ်ဘီလီယံကျော်ရှိသော ပထမဆုံးအသင်းအဖြစ်လည်း စံချိန်သစ် တင်ခဲ့ပြန်သည်။ ဘောလုံးဈေးကွက် စာရင်းဇယားများ ပြုစုသော CIES Football Observatory က ထုတ်ပြန်လိုက်သော ဘောလုံးအသင်းများအနက် ကစားသမားအင်အားတန်ကြေးအမြင့်ဆုံးအသင်းများစာရင်းတွင် နည်းပြဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် အမ်ဘပ်ပီ၊ နေမာတို့ကို ပိုင်ဆိုင်ထားသည့် ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ကစားသမား အင်အားတန်ကြေးအကြီးဆုံး အသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နွေဈေးကွက်တွင် မန်စီးတီးအသင်းသည် အက်သလက်တီကိုမှ ရိုဒရီနှင့်ဂျူဗင်တပ်မှ ကန်ဆယ်လိုတို့ကို ခေါ်ယူမှုအတွက် ယူရို ၁၆၈ သန်းအထိ အသုံးပြုခဲ့သည့်အတွက် လက်ရှိမန်စီးတီးအသင်းကစားသမားများတန်ကြေးသည် ယူရို ၁ ဒသမ ၀၁၄ ဘီလီယံအထိရှိသွားခဲ့သည်။မန်စီးတီးနောက်တွင် ပြီးခဲ့သည့်နွေဈေးကွက်က အီဒရစ်ဆာဂွီယီနှင့် အဘဒူဒီရယ်လိုတို့ကို ခေါ်ယူခဲ့သည့် ပီအက်စ်ဂျီအသင်းက ယူရို ၉၁၃ သန်းဖြင့် ဒုတိယတန်ကြေးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ပီအက်စ်ဂျီနောက်တွင် ပြီးခဲ့သည့် နွေဈေးကွက်က ဟာဇက်၊ လူကာဂျိုဗစ်၊ ဖာလန်မန်ဒီ၊ မီလီတာအိုနှင့် ရိုဒရီဂိုဂိုးစ်တို့ကိုအား ဖြည့်ခေါ်ယူခဲ့သော ရီးရဲလ်အသင်းက တန်ကြေး ယူရို ၉၀၂ သန်းဖြင့်ရပ်တည်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် မန်စီးတီးပြီးနောက် တန်ကြေးအကြီးဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ပြီး ယူရို ၇၅၁ သန်းဖြင့် အဆင့်(၄)နေရာတွင် ရပ်တည် ခဲ့သည်။ တန်ကြေးအကြီးဆုံးအသင်း ၂၀ စာရင်းတွင် ပရီးမီးယားလိဂ်မှ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊အဲဗာတန်၊ စပါးနှင့် လက်စတာအသင်းများလည်း ပါဝင်ခဲ့သည်။ စပိန်လာလီဂါတွင် ရီးရဲလ်အသင်းကစားသမားများတန်ကြေးသည် တန်းတက်မာယော့ကာအသင်း ကစားသမားများ တန်ကြေးထက် ၁၄၈ ဆပိုများနေကာ ပြင်သစ်လီဂူးဝမ်းတွင်လည်း ပီအက်စ်ဂျီကစားသမားများတန်ကြေးသည် နီမက်စ်အသင်း ကစားသမားများ တန်ကြေးထက် ၁၁၄ ဆပိုများနေသည်။ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသားများတန်ကြေးသည်လည်း တန်းတက် ပါဒါဘွန်းအသင်းကစားသမားများ တန်ကြေးထက် ၈၅ ဆပိုများနေကြောင်း သိရသည်။