တရားဥပေဒစိုးမိုးေရးအတြက္ ရန္ကုန္ၿမိဳ႕၌ လမ္းမီးတိုင္မ်ား တပ္ဆင္မည္

ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ႀကီးျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း တရားဥပေဒစိုးမိုေရးအတြက္ လမ္းမီးတိုင္မ်ားကို အင္တိုက္အားတိုက္ တပ္ဆင္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC) ဥကၠ႒ ဦးေမာင္ေမာင္လတ္က ေျပာဆိုသည္။

စက္တင္ဘာ ၉ ရက္က YESC ႐ုံးခ်ဳပ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎က ယင္းသို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

‘စီးပြားေရးၿမိဳ႕ေတာ္ႀကီးက အေပၚကၾကည့္လိုက္ရင္ မီးေရာင္ေလး မလင္းတစ္လွည့္ လင္းတစ္လွည့္နဲ႔ ျဖစ္ေနတာမ်ိဳး မျဖစ္ေစရပါဘူး။ ဒီဟာကိုစီးပြားေရးၿမိဳ႕ေတာ္ဆိုတဲ့အတိုင္း ပိုၿပီးအျမင္ရွင္းေအာင္နဲ႔ တရားဥပေဒစိုးမိုးေရးအတြက္လည္း ဒါကိုေသေသခ်ာခ်ာ ေဆာင္႐ြက္ႏိုင္ေအာင္ ကၽြန္ေတာ္တို႔ လမ္းမီးကိုတာဝန္ယူတဲ့ အခ်ိန္ကစၿပီးေတာ့ တြန္းတြန္းတိုက္တိုက္နဲ႔ ေဆာင္႐ြက္ေနပါတယ္။ ဒီလမ္းမီးဟာ တရားဥပေဒစိုးမိုးေရးကို အမ်ားႀကီး အေထာက္အကူျပဳပါတယ္။ ေမွာင္ရိပ္ရွိေနရင္ မေကာင္းႀကံတဲ့သူေတြက ဒီအေမွာင္ကိုအကာအကြယ္ျပဳၿပီးေတာ့ မေကာင္းမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ လမ္းမီးကိစၥကိုလည္း အေရးႀကီးကိစၥအေနနဲ႔ ေဆာင္႐ြက္ေနပါတယ္’ဟု ၎က ေျပာဆိုသည္။

-Ads-
-Ads-

လမ္းမီးတိုင္တပ္ဆင္ေရးႏွင့္ပတ္သက္၍ယခင္ကရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက တာဝန္ယူခဲ့ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္မွ စတင္၍ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက ျပန္လည္လႊဲယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ တာဝန္ေပးအပ္ခဲ့သည့္အတြက္ ယခုႏွစ္ ေဖေဖာ္ဝါရီ ၂ ရက္က က်င္းပသည့္ ရန္ကုန္တိုင္းေဒသႀကီး ဌာနေပါင္းစုံ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးတြင္ လမ္းမီးတပ္ဆင္ေရးအတြက္ ၁ ဒသမ ၀၈ ဘီလီယံ လႊဲအပ္ခဲ့သည္ဟု ဆိုသည္။

‘အရင္ကလမ္းမီးေတြနဲ႔ပတ္သက္ရင္ ၿမိဳ႕ေတာ္စည္ပင္ကပဲ တာဝန္ယူပါတယ္။ ကၽြန္ေတာ္တို႔က တိုင္ရယ္၊ လမ္းမီးႀကိဳးရယ္ လုပ္ေပးရတယ္။ က်န္တဲ့ လမ္းမီးခတို႔၊ ဘာတို႔က ၿမိဳ႕ေတာ္စည္ပင္က တာဝန္ယူေဆာင္႐ြက္ရပါတယ္။ အဲဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ လမ္းမီးကၽြမ္းတဲ့အခါ သက္ဆိုင္ရာစည္ပင္ကို တင္ျပအေၾကာင္းၾကားၿပီးေတာ့မွ လာလဲေပးပါဆိုေတာ့ အဲဒီေတာ့ ၿမိဳ႕နယ္ကေန အထက္တက္၊ အထက္ကေန ျပန္လာတဲ့အခါ ဒီလမ္းမီးဟာ ေတာ္ေတာ္နဲ႔ မလင္းေတာ့ဘူး။ အဲဒါေတြ ေတာ္ေတာ္မ်ားမ်ားဟာ ၿမိဳ႕နယ္အတြင္းမွာ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုဝန္ႀကီးနဲ႔ တိုင္းအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္က လမ္းမီးနဲ႔ပတ္သက္ၿပီး ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းကပဲ တာဝန္ယူပါဆိုၿပီး ကၽြန္ေတာ္တို႔ကို တာဝန္ေပးခဲ့ပါတယ္’ဟု ၎က ေျပာဆိုသည္။

ထိုလမ္းမီးတိုင္တပ္ဆင္မႈႏွင့္ ပတ္သက္၍ YESC မွ တာဝန္ယူၿပီး ေနာက္ပိုင္း၌ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္ရွိ လမ္းေပါင္း ၅၁လမ္းတြင္ တပ္ဆင္သည့္ လမ္းမီးလုံးအေရအတြက္ LED ၁၅၀ ဝပ္၁၈၅၇ လုံး၊ LED ၁၁၀၊ ဝပ္ ၂၂၀၇ လုံး၊ LED ၆၀ ဝပ္ ၁၂၀ စသည္ျဖင့္ စုစုေပါင္း ၄၃၃၄ လုံး တပ္ဆင္ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တပ္ဆင္ၿပီး မီးလုံးမ်ားကိုလည္း ၉၀ ရာခိုင္ႏႈန္းခန္႔အထိ ဒဂုံေလးၿမိဳ႕နယ္၊ လႈိင္သာယာ၊ အဓိကလမ္းမႀကီးမ်ားျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ အေနာ္ရထာလမ္း၊ မဟာဗႏၶဳလလမ္းႏွင့္ ပုဇြန္ေတာင္ဘက္တို႔တြင္ ယခင္ထက္ပို၍ မီးလင္းလာသည္ကို ေတြ႕ရွိရေၾကာင္း ၎က ေျပာဆိုသည္။

‘ကၽြန္ေတာ္တို႔အေနနဲ႔ လမ္းမီးတိုင္တပ္ဆင္မႈနဲ႔ ပတ္သက္ၿပီး အင္တိုက္အားတိုက္လုပ္တဲ့အတြက္ လႈိင္သာယာဆိုလည္း အခု ၉၀ ရာခိုင္ႏႈန္းေလာက္လင္းေနပါၿပီ။ ဒဂုံၿမိဳ႕နယ္ေတြမွာဆိုလည္း အရင္က မလင္းေသးတဲ့ ဗိုလ္ဗထူးလမ္း၊ ဒဂုံေျမာက္၊ ဒဂုံေတာင္တို႔မွာလည္း လင္းေနပါၿပီ။ အနည္းအက်ဥ္းပဲ က်န္ေတာ့ပါတယ္’ဟု ၎က ေျပာဆိုသည္။

လက္ရွိတြင္ လမ္းမီးတပ္ဆင္ေရးကို ရန္ကုန္ၿမိဳ႕တြင္း downtown ဧရိယာမ်ား၌ ဦးစားေပးေဆာင္႐ြက္လ်က္ရွိရာ အဓိကလမ္းမႀကီးမ်ားျဖစ္ေသာ ေထာက္ၾကန္႔မွ ရန္ကန္လာသည့္လမ္းမႀကီး အမွတ္ (၃) လမ္းမ၊ အေနာက္ပိုင္းတကၠသိုလ္မွ ထန္းတပင္သြားသည့္ လမ္းမ၊ တာေမြမွ စီးပြားေရး တကၠသိုလ္ကိုျဖတ္သည့္ လမ္းတို႔တြင္ လမ္းမီးမ်ားကို အျပည့္အဝတိုးခ်ဲ႕ေနၿပီး ဒဂုံၿမိဳ႕သစ္မ်ားႏွင့္ လႈိင္သာယာတို႔ကိုလည္း ဦးစားေပးေဆာင္႐ြက္ရန္ တိုင္းအစိုးရက မူဝါဒခ်ေပးထားသည္ဟု ေျပာဆိုသည္။

ထို႔ျပင္ ခ႐ိုင္ေလးခ႐ိုင္စလုံး၌ လမ္းမီးမ်ား ထပ္မံတပ္ဆင္ရန္ တင္ဒါေခၚယူထားရာ ယင္းအတြက္ ၂ ဘီလီယံဖိုး ရွိမည္ျဖစ္ၿပီး လမ္းမီးေပါင္း LED ၁၅၀ ဝပ္ ၂၀၀၀၊ ၁၂၀ ဝပ္၂၀၀၀ ႏွင့္ ၆၀ ဝပ္ ၂၀၀၀ စုစုေပါင္းအလုံး ၆၀၀၀ ကို တင္ဒါေခၚထားကာ လမ္းမီး ဓာတ္အားလိုင္းမိုင္ေပါင္းမွာ ၇၁ မိုင္ခန္႔ လႊဲရမည္ျဖစ္ၿပီး ထပ္မံတပ္ဆင္ရမည့္ ထရန္စေဖာ္မာမ်ားမွာ ငါးလုံးခန္႔ရွိေၾကာင္း သိရသည္။

လာမည့္ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္အတြင္း ရန္ကုန္တိုင္းတစ္တိုင္းလုံးတြင္ လမ္းမီးမလင္းသည့္ ေနရာမရွိေစရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေသာေၾကာင့္ လမ္းမီးတိုင္မ်ား တပ္ဆင္ရန္ ထပ္မံလိုအပ္ပါကလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း – စိုးစိုးစံ

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့၌ လမ်းမီးတိုင်များ တပ်ဆင်မည်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုရေးအတွက် လမ်းမီးတိုင်များကို အင်တိုက်အားတိုက် တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောဆိုသည်။

စက်တင်ဘာ ၉ ရက်က YESC ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

‘စီးပွားရေးမြို့တော်ကြီးက အပေါ်ကကြည့်လိုက်ရင် မီးရောင်လေး မလင်းတစ်လှည့် လင်းတစ်လှည့်နဲ့ ဖြစ်နေတာမျိုး မဖြစ်စေရပါဘူး။ ဒီဟာကိုစီးပွားရေးမြို့တော်ဆိုတဲ့အတိုင်း ပိုပြီးအမြင်ရှင်းအောင်နဲ့ တရားဥပဒေစိုးမိုးရေးအတွက်လည်း ဒါကိုသေသေချာချာ ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ လမ်းမီးကိုတာဝန်ယူတဲ့ အချိန်ကစပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလမ်းမီးဟာ တရားဥပဒေစိုးမိုးရေးကို အများကြီး အထောက်အကူပြုပါတယ်။ မှောင်ရိပ်ရှိနေရင် မကောင်းကြံတဲ့သူတွေက ဒီအမှောင်ကိုအကာအကွယ်ပြုပြီးတော့ မကောင်းမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် လမ်းမီးကိစ္စကိုလည်း အရေးကြီးကိစ္စအနေနဲ့ ဆောင်ရွက်နေပါတယ်’ဟု ၎င်းက ပြောဆိုသည်။

လမ်းမီးတိုင်တပ်ဆင်ရေးနှင့်ပတ်သက်၍ယခင်ကရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြန်လည်လွှဲယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တာဝန်ပေးအပ်ခဲ့သည့်အတွက် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဌာနပေါင်းစုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းမီးတပ်ဆင်ရေးအတွက် ၁ ဒသမ ၀၈ ဘီလီယံ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။

‘အရင်ကလမ်းမီးတွေနဲ့ပတ်သက်ရင် မြို့တော်စည်ပင်ကပဲ တာဝန်ယူပါတယ်။ ကျွန်တော်တို့က တိုင်ရယ်၊ လမ်းမီးကြိုးရယ် လုပ်ပေးရတယ်။ ကျန်တဲ့ လမ်းမီးခတို့၊ ဘာတို့က မြို့တော်စည်ပင်က တာဝန်ယူဆောင်ရွက်ရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ လမ်းမီးကျွမ်းတဲ့အခါ သက်ဆိုင်ရာစည်ပင်ကို တင်ပြအကြောင်းကြားပြီးတော့မှ လာလဲပေးပါဆိုတော့ အဲဒီတော့ မြို့နယ်ကနေ အထက်တက်၊ အထက်ကနေ ပြန်လာတဲ့အခါ ဒီလမ်းမီးဟာ တော်တော်နဲ့ မလင်းတော့ဘူး။ အဲဒါတွေ တော်တော်များများဟာ မြို့နယ်အတွင်းမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က လမ်းမီးနဲ့ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကပဲ တာဝန်ယူပါဆိုပြီး ကျွန်တော်တို့ကို တာဝန်ပေးခဲ့ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

ထိုလမ်းမီးတိုင်တပ်ဆင်မှုနှင့် ပတ်သက်၍ YESC မှ တာဝန်ယူပြီး နောက်ပိုင်း၌ မြို့နယ် ၁၇ မြို့နယ်ရှိ လမ်းပေါင်း ၅၁လမ်းတွင် တပ်ဆင်သည့် လမ်းမီးလုံးအရေအတွက် LED ၁၅၀ ဝပ်၁၈၅၇ လုံး၊ LED ၁၁၀၊ ဝပ် ၂၂၀၇ လုံး၊ LED ၆၀ ဝပ် ၁၂၀ စသည်ဖြင့် စုစုပေါင်း ၄၃၃၄ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ဆင်ပြီး မီးလုံးများကိုလည်း ၉၀ ရာခိုင်နှုန်းခန့်အထိ ဒဂုံလေးမြို့နယ်၊ လှိုင်သာယာ၊ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ပုဇွန်တောင်ဘက်တို့တွင် ယခင်ထက်ပို၍ မီးလင်းလာသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောဆိုသည်။

‘ကျွန်တော်တို့အနေနဲ့ လမ်းမီးတိုင်တပ်ဆင်မှုနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက်လုပ်တဲ့အတွက် လှိုင်သာယာဆိုလည်း အခု ၉၀ ရာခိုင်နှုန်းလောက်လင်းနေပါပြီ။ ဒဂုံမြို့နယ်တွေမှာဆိုလည်း အရင်က မလင်းသေးတဲ့ ဗိုလ်ဗထူးလမ်း၊ ဒဂုံမြောက်၊ ဒဂုံတောင်တို့မှာလည်း လင်းနေပါပြီ။ အနည်းအကျဉ်းပဲ ကျန်တော့ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် လမ်းမီးတပ်ဆင်ရေးကို ရန်ကုန်မြို့တွင်း downtown ဧရိယာများ၌ ဦးစားပေးဆောင်ရွက်လျက်ရှိရာ အဓိကလမ်းမကြီးများဖြစ်သော ထောက်ကြန့်မှ ရန်ကန်လာသည့်လမ်းမကြီး အမှတ် (၃) လမ်းမ၊ အနောက်ပိုင်းတက္ကသိုလ်မှ ထန်းတပင်သွားသည့် လမ်းမ၊ တာမွေမှ စီးပွားရေး တက္ကသိုလ်ကိုဖြတ်သည့် လမ်းတို့တွင် လမ်းမီးများကို အပြည့်အဝတိုးချဲ့နေပြီး ဒဂုံမြို့သစ်များနှင့် လှိုင်သာယာတို့ကိုလည်း ဦးစားပေးဆောင်ရွက်ရန် တိုင်းအစိုးရက မူဝါဒချပေးထားသည်ဟု ပြောဆိုသည်။

ထို့ပြင် ခရိုင်လေးခရိုင်စလုံး၌ လမ်းမီးများ ထပ်မံတပ်ဆင်ရန် တင်ဒါခေါ်ယူထားရာ ယင်းအတွက် ၂ ဘီလီယံဖိုး ရှိမည်ဖြစ်ပြီး လမ်းမီးပေါင်း LED ၁၅၀ ဝပ် ၂၀၀၀၊ ၁၂၀ ဝပ်၂၀၀၀ နှင့် ၆၀ ဝပ် ၂၀၀၀ စုစုပေါင်းအလုံး ၆၀၀၀ ကို တင်ဒါခေါ်ထားကာ လမ်းမီး ဓာတ်အားလိုင်းမိုင်ပေါင်းမှာ ၇၁ မိုင်ခန့် လွှဲရမည်ဖြစ်ပြီး ထပ်မံတပ်ဆင်ရမည့် ထရန်စဖော်မာများမှာ ငါးလုံးခန့်ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် လမ်းမီးမလင်းသည့် နေရာမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လမ်းမီးတိုင်များ တပ်ဆင်ရန် ထပ်မံလိုအပ်ပါကလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – စိုးစိုးစံ

-Ads-
-Ads-