ဗိုလ္တေထာင္ၿမိဳ႕နယ္ သိမ္းဆည္းခံေျမပိုင္ရွင္မ်ား သတင္းစာရွင္း

ရန္ကုန္တိုင္းေဒသႀကီး လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီက ၂၀၁၉ ခုႏွစ္ ဇြန္လအတြင္း ျပဳလုပ္ေသာ အစည္းအေဝးမ်ားတြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္း ေျမမ်ားမွာ ၁၉၉၁-၁၉၉၄ ခုႏွစ္က အမွန္တကယ္ သိမ္းဆည္းခံရျခင္းျဖစ္ေသာ္လည္း ၁၉၈၈ ခုႏွစ္ ေရွ႕ပိုင္းျဖစ္၍ အမႈပိတ္သိမ္းရန္ကိစၥအား မွားယြင္းေသာ ဆုံးျဖတ္ခ်က္ျဖစ္သည္ဟုဆိုကာ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ သိမ္းဆည္းခံေျမပိုင္ရွင္မ်ားက ရွင္းလင္းတင္ျပသည္။

စက္တင္ဘာ ၁၀ ရက္ မြန္းလြဲ ၁ နာရီက ရန္ကုန္ၿမိဳ႕ ဗိုလ္ေအာင္ေက်ာ္လမ္းႏွင့္ မဟာဗႏၶဳလလမ္းေထာင့္ရွိ အိုလံပစ္တာဝါတြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္း သိမ္းဆည္းခံရေသာ ႏွစ္ ၉၀ဂရန္ ဘိုးဘြားပိုင္ေျမမ်ား ေလ်ာ္ေၾကးေငြစာရင္းထဲတြင္ မပါဝင္သည့္ကိစၥႏွင့္ပတ္သက္သည့္ သတင္းစာရွင္းလင္းပြဲကိုက်င္းပသည္။

‘ေျမသိမ္းစိစစ္အဖြဲ႕အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ၁၉၈၈ ခုႏွစ္ ေရွ႕ပိုင္းျဖစ္လို႔ အမႈတြဲပိတ္သိမ္းရန္ဟူေသာ မွားယြင္းဆုံးျဖတ္ခ်က္ကို အေထာက္အထားမ်ားျပည့္စုံစြာနဲ႔ တင္ျပျငင္းဖို႔ပါတယ္။ ဒါကိုျပန္လည္စိစစ္ၿပီးေတာ့ နစ္နာေၾကးအတြက္ အျမန္ဆုံးစဥ္းစားဆုံးျဖတ္ေပးပါလို႔ ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႔မွာ အေထာက္အထားေတြရွိပါတယ္’ဟု ေျမသိမ္းခံရသူ ဦးျမင့္ေအာင္က ေျပာဆိုသည္။

-Ads-
-Ads-

‘ရန္ကုန္တိုင္းေဒသႀကီး ေျမသိမ္းဆည္းခံရမႈ စိစစ္ေရးေကာ္မတီ အစည္းအေဝးမွာ ၁၉၈၈ ခုႏွစ္ ေရွ႕ပိုင္းကာလဟူေသာ ဆုံးျဖတ္ခ်က္ဟာ ကၽြန္ေတာ့္မိသားစုႏွင့္တကြ ေျမပိုင္ရွင္ေတြအားလုံးအတြက္ ဘ၀ပ်က္လုမတတ္။ ေမၽွာ္လင့္ခ်က္ေပ်ာက္ဆုံးေတာ့မယ့္ အေျခအေနကိုက်ေရာက္ေတာ့မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ အမွန္တရားအတိုင္း ျပန္လည္ၿပီးေတာ့ အျမန္ဆုံးစိစစ္ဆုံးျဖတ္ေပးပါရန္ ကူညီေဆာင္႐ြက္ေပးပါလို႔ ေျပာၾကားလိုပါတယ္’ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္မွ ေျမအသိမ္းခံရသူဦးသိန္းစိုးက ေျပာဆိုသည္။

သတင္း၊ ဓာတ္ပုံ – တိုးေအာင္(ျမန္မာ့ေျမ)

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဗိုလ်တထောင်မြို့နယ် သိမ်းဆည်းခံမြေပိုင်ရှင်များ သတင်းစာရှင်း

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ပြုလုပ်သော အစည်းအဝေးများတွင် ဗိုလ်တထောင်မြို့နယ်အတွင်း မြေများမှာ ၁၉၉၁-၁၉၉၄ ခုနှစ်က အမှန်တကယ် သိမ်းဆည်းခံရခြင်းဖြစ်သော်လည်း ၁၉၈၈ ခုနှစ် ရှေ့ပိုင်းဖြစ်၍ အမှုပိတ်သိမ်းရန်ကိစ္စအား မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်သည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်ရှိ သိမ်းဆည်းခံမြေပိုင်ရှင်များက ရှင်းလင်းတင်ပြသည်။

စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိုလံပစ်တာဝါတွင် ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်းဆည်းခံရသော နှစ် ၉၀ဂရန် ဘိုးဘွားပိုင်မြေများ လျော်ကြေးငွေစာရင်းထဲတွင် မပါဝင်သည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုကျင်းပသည်။

‘မြေသိမ်းစိစစ်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁၉၈၈ ခုနှစ် ရှေ့ပိုင်းဖြစ်လို့ အမှုတွဲပိတ်သိမ်းရန်ဟူသော မှားယွင်းဆုံးဖြတ်ချက်ကို အထောက်အထားများပြည့်စုံစွာနဲ့ တင်ပြငြင်းဖို့ပါတယ်။ ဒါကိုပြန်လည်စိစစ်ပြီးတော့ နစ်နာကြေးအတွက် အမြန်ဆုံးစဉ်းစားဆုံးဖြတ်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့မှာ အထောက်အထားတွေရှိပါတယ်’ဟု မြေသိမ်းခံရသူ ဦးမြင့်အောင်က ပြောဆိုသည်။

‘ရန်ကုန်တိုင်းဒေသကြီး မြေသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ၁၉၈၈ ခုနှစ် ရှေ့ပိုင်းကာလဟူသော ဆုံးဖြတ်ချက်ဟာ ကျွန်တော့်မိသားစုနှင့်တကွ မြေပိုင်ရှင်တွေအားလုံးအတွက် ဘ၀ပျက်လုမတတ်။ မျှော်လင့်ချက်ပျောက်ဆုံးတော့မယ့် အခြေအနေကိုကျရောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အမှန်တရားအတိုင်း ပြန်လည်ပြီးတော့ အမြန်ဆုံးစိစစ်ဆုံးဖြတ်ပေးပါရန် ကူညီဆောင်ရွက်ပေးပါလို့ ပြောကြားလိုပါတယ်’ဟု ဗိုလ်တထောင်မြို့နယ်မှ မြေအသိမ်းခံရသူဦးသိန်းစိုးက ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ – တိုးအောင်(မြန်မာ့မြေ)

-Ads-
-Ads-