တကၠသိုလ္ဝင္ခြင့္ရစာရင္းမ်ား ေအာက္တိုဘာလဆန္းပိုင္းတြင္ ေၾကညာေပးမည္

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တကၠသိုလ္ဝင္ခြင့္ရစာရင္းမ်ားကို ေအာက္တိုဘာလဆန္းပိုင္းတြင္ စတင္ေၾကညာသြားမည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ စက္တင္ဘာ ၁၀ ရက္တြင္ သိရသည္။

‘တကၠသိုလ္ဝင္ခြင့္ရစာရင္းေတြကို ေအာက္တိုဘာဆိုရင္ ေၾကညာမွာပါ။ ေဆးတကၠသိုလ္နဲ႔ ေဆးပညာႏွီးႏႊယ္တကၠသိုလ္ေတြ၊ သီးျခားဝင္ခြင့္နဲ႔ ေခၚတဲ့ တကၠသိုလ္ ၁၄ ေက်ာင္းကို အရင္ေၾကညာေပးမွာပါ’ဟု အဆင့္ျမင့္ပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္သူမ်ားကို တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ႏွင့္ တကၠသိုလ္ဝင္ခြင့္ေလၽွာက္ထားရမည့္ ပုံစံအိတ္ကို သက္ဆိုင္ရာ စာစစ္ဌာနအသီးသီးရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ဇြန္ ၂၄ ရက္မွ စတင္ထုတ္ယူကာ ဇူလိုင္ ၂၃ ရက္အထိ ဝင္ခြင့္မ်ား ေလၽွာက္ထားႏိုင္ရန္ ေခၚယူခဲ့ျခင္းျဖစ္သည္။

-Ads-
-Ads-

ယင္းကဲ့သို႔ ဝင္ခြင့္မ်ားေလၽွာက္ထားရာတြင္ သီးျခားဝင္ခြင့္ျဖင့္ လက္ခံမည့္ တကၠသိုလ္ ၁၄ ခုကို ေလၽွာက္ထားလိုပါက သက္ဆိုင္ရာတကၠသိုလ္အလိုက္ ပါေမာကၡခ်ဳပ္သို႔ လိပ္မူ၍ ေလၽွာက္ထားရန္ႏွင့္ ေဆးတကၠသိုလ္ႏွင့္ ေဆးပညာႏွီးႏႊယ္တကၠသိုလ္မ်ား၊ စစ္ကိုင္းပညာေရး တကၠသိုလ္၊ မုံ႐ြာ စီးပြားေရးတကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္၊ နည္းပညာတကၠသိုလ္မ်ား၊ ကြန္ပ်ဳတာတကၠသိုလ္မ်ား၊ ပညာေရးဒီဂရီေကာလိပ္မ်ား၊ ဝိဇၨာသိပၸံဘာသာရပ္သင္တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား၊ ေန႔သင္တန္း၊ အေဝးသင္တို႔အတြက္ တကၠသိုလ္ဝင္ခြင့္ စိစစ္ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ လိပ္မူကာ တကၠသိုလ္ ၂၃ ခုသို႔ ေပးပို႔ေလၽွာက္ထားရန္ ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီးျခားဝင္ခြင့္ျဖင့္ လက္ခံမည့္ တကၠသိုလ္ ၁၄ ခုမွာ ရန္ကုန္နည္းပညာတကၠသိုလ္၊ မႏၲေလးနည္းပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္(မႏၲေလး)၊ ရန္ကုန္ကြန္ပ်ဳတာ တကၠသိုလ္၊ သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၊ မႏၲေလးကြန္ပ်ဳတာတကၠသိုလ္၊ ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္ (႐ြာသာႀကီး/လႈိင္)၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ မႏၲေလး ႏိုင္ငံျခားဘာသာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (ရတနာပုံဆိုက္ဘာစီးတီး)၊ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသိုလ္တို႔ပင္ျဖစ္ေၾကာင္း သိရသည္။

တကၠသိုလ္ဝင္ခြင့္ ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ ေပးပို႔မည့္ တကၠသိုလ္ဝင္ခြင့္ ေလၽွာက္လႊာမ်ားကို တကၠသိုလ္ ၂၃ ခုျဖစ္ေသာ ျမစ္ႀကီးနားတကၠသိုလ္၊ လြိဳင္ေကာ္တကၠသိုလ္၊ ဘားအံတကၠသိုလ္၊ ဟားခါးတကၠသိုလ္၊ မုံ႐ြာတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ေတာင္ငူတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ပဲခူးတကၠသိုလ္၊ မေကြးတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မႏၲေလးအေဝးသင္တကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ စစ္ေတြတကၠသိုလ္၊ ေတာင္ကုတ္ဒီဂရီေကာလိပ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ ေတာင္ႀကီးတကၠသိုလ္၊ လား႐ႈိးတကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္၊ ပုသိမ္တကၠသိုလ္ႏွင့္ ဟသၤာတတကၠသိုလ္တို႔တြင္ ေပးပို႔ေလၽွာက္ထားႏိုင္ရန္ ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း – အိေဟမာ

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ အောက်တိုဘာလဆန်းပိုင်းတွင် ကြေညာပေးမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများကို အောက်တိုဘာလဆန်းပိုင်းတွင် စတင်ကြေညာသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ စက်တင်ဘာ ၁၀ ရက်တွင် သိရသည်။

‘တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွေကို အောက်တိုဘာဆိုရင် ကြေညာမှာပါ။ ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေ၊ သီးခြားဝင်ခွင့်နဲ့ ခေါ်တဲ့ တက္ကသိုလ် ၁၄ ကျောင်းကို အရင်ကြေညာပေးမှာပါ’ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံအိတ်ကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၂၄ ရက်မှ စတင်ထုတ်ယူကာ ဇူလိုင် ၂၃ ရက်အထိ ဝင်ခွင့်များ လျှောက်ထားနိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝင်ခွင့်များလျှောက်ထားရာတွင် သီးခြားဝင်ခွင့်ဖြင့် လက်ခံမည့် တက္ကသိုလ် ၁၄ ခုကို လျှောက်ထားလိုပါက သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပါမောက္ခချုပ်သို့ လိပ်မူ၍ လျှောက်ထားရန်နှင့် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျုတာတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ ဝိဇ္ဇာသိပ္ပံဘာသာရပ်သင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ နေ့သင်တန်း၊ အဝေးသင်တို့အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လိပ်မူကာ တက္ကသိုလ် ၂၃ ခုသို့ ပေးပို့လျှောက်ထားရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီးခြားဝင်ခွင့်ဖြင့် လက်ခံမည့် တက္ကသိုလ် ၁၄ ခုမှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျုတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး/လှိုင်)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ပင်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့သို့ ပေးပို့မည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၂၃ ခုဖြစ်သော မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင် ပေးပို့လျှောက်ထားနိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – အိဟေမာ

-Ads-
-Ads-