မလင္းလင္းခိုင္ကို ေသဒဏ္အထိခ်မွတ္ႏိုင္သည့္ပုဒ္မျဖင့္ စြဲခ်က္တင္ တရားမၽွတမႈလိုအပ္သည့္အတြက္ ျပင္ဆင္မႈတက္မည္ဟု ေရွ႕ေနဆို

ကာမလိမ္လည္ရယူခံရသျဖင့္ တရား႐ုံးတိုင္တန္းစဥ္ ပယ္ခ်ခံခဲ့ရျခင္းႏွင့္ နာၾကည္းစိတ္တို႔ေၾကာင့္ အမ်ိဳးသားတစ္ဦးကို မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ေတာင္လုံးျပန္ရပ္ကြက္ အထက္ပုဇြန္ေတာင္လမ္းႏွင့္ ေရေက်ာ္မီးပြိဳင့္အနီးရွိ ႐ြိဳင္ရယ္တည္းခိုခန္း၌ ခ်ိန္းဆိုကာ လူသတ္မႈက်ဴးလြန္ရျခင္းျဖစ္ေၾကာင္း ရဲထံထြက္ဆိုထားသူ မလင္းလင္းခိုင္အား ျပစ္မႈဥပေဒပုဒ္မ- ၃၀၂(၁)(ခ) ျဖင့္ စြဲခ်က္တင္အမိန္႔ကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးကစက္တင္ဘာ ၁၂ ရက္႐ုံးခ်ိန္းတြင္ ခ်မွတ္ခဲ့ေၾကာင္း ၎၏ေရွ႕ေနထံမွ သိရသည္။

‘မလင္းလင္းခိုင္ကို တရားခြင္မွာ တရားသူႀကီးက စြဲခ်က္တင္မယ္လို႔ေျပာတယ္။ မလင္းလင္းခိုင္က ဟုတ္ကဲ့ေပါ့။ တရားသူႀကီး ၃၀၂ (၁)(ခ) အရစြဲခ်က္တင္တယ္လို႔ေျပာေတာ့ သူက ၃၀၂ (၁) (ခ)ကို နားမလည္ဘူးေပါ့။ တရားသူႀကီးက ထပ္ေျပာတယ္။ ေသဆုံးသြားတဲ့သူအေပၚမွာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ဓားယူသြားၿပီး သတ္တာေၾကာင့္ တင္ကူးႀကံ႐ြယ္ခ်က္ရွိတဲ့အတြက္ေၾကာင့္မို႔လို႔ တစ္ဖက္က ေသဆုံးသြားရတာနဲ႔ပတ္သက္ၿပီး ၃၀၂ (၁)(ခ) အရ စြဲခ်က္တင္တယ္ဆိုၿပီးေတာ့ ရွင္းျပတယ္’ ဟု မလင္းလင္းခိုင္၏ ေရွ႕ေန ဦးမိုးဟိန္းက ေျပာဆိုသည္။

ဆက္လက္၍ ‘သူ႕မိသားစုနဲ႔ မလင္းလင္းခိုင္ကေတာ့ နဂိုတည္းက နစ္နာေနတယ္။ ေသဆုံးသူေၾကာင့္။ နဂိုတည္းကလည္း ေသေစလိုတဲ့ ရည္႐ြယ္ခ်က္မရွိဘူးေပါ့ေနာ္။ အခုဟာက ျပစ္ဒဏ္အေနနဲ႔ခ်မွတ္မယ္ဆိုရင္ ၃၀၂ (၁) (ခ) က တစ္ကၽြန္း၊ ေသဒဏ္ထိုက္တဲ့ပုဒ္မေပါ့။ဒါနဲ႔ခ်မယ္လို႔ေတာ့ မဆိုလိုဘူးေပါ့ဗ်ာ။ ဒီပုဒ္မနဲ႔ မထိုက္ဘူးဆိုတာကို သူ႕အေနနဲ႔ ျပန္လည္ေျဖရွင္းရမယ့္အပိုင္းေတာ့ က်ေရာက္ေနၿပီ။ ဒါေပမဲ့ မလင္းလင္းခိုင္အေနနဲ႔က်ေတာ့ ဒီပုဒ္မနဲ႔ေျဖရွင္းရတာ အင္မတန္မွ ပင္ပန္းပါတယ္’ ဟု ဦးမိုးဟိန္းက ေျပာဆိုသည္။

-Ads-
-Ads-

ထို႔ေၾကာင့္ သာမန္လူသတ္မႈ၊ လူေသမႈျဖင့္သာ စြဲခ်က္တင္ေျဖရွင္းေစရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္သို႔ ျပင္ဆင္မႈ တက္ေရာက္မည္ျဖစ္ေၾကာင္း၊ မလင္းလင္းခိုင္ႏွင့္ မိသားစုတို႔ကလည္း တရားမၽွတမႈလိုအပ္သည့္အတြက္ ျပင္ဆင္မႈတက္ေပးရန္ ေျပာဆိုသည့္အတြက္ တစ္ပတ္အတြင္း ျပင္ဆင္မႈတက္ေရာက္ရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ စက္တင္ဘာ ၂၆ ရက္႐ုံးခ်ိန္းတြင္ တရားလိုရဲအုပ္ရန္ပိုင္ဦးကို ျပန္ေခၚသက္ေသအျဖစ္ စစ္ေမးရန္ ႐ုံးေတာ္ကခြင့္ျပဳခဲ့ေၾကာင္း ဦးမိုးဟိန္းက ရွင္းျပခဲ့သည္။

ယင္းအမႈျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၁၆ ရက္ နံနက္ ၈ နာရီ ၄၁ မိနစ္ခန္႔က အဆိုပါတည္းခိုခန္း၌ အမ်ိဳးသားတစ္ဦး အသတ္ခံရမႈတြင္ ၎အမ်ိဳးသားႏွင့္အတူတည္းခိုခဲ့သူ မလင္းလင္းခိုင္(၃၉) ႏွစ္သည္ စက္တင္ဘာ ၂၁ ရက္တြင္ ရဲတပ္ဖြဲ႕ထံဖမ္းဆီးခံခဲ့၍ စစ္ေဆးခ်က္မ်ားအရ အသတ္ခံရသူထြန္းလင္းေအာင္(ခ)ဖိုးေထာင္(၃၂) ႏွစ္သည္ ဇနီး၊ သားသမီးရွိသူျဖစ္လ်က္ႏွင့္ အစ္မျဖစ္သူ၏သားသုံးေယာက္ကို ၾကည့္႐ႈေစာင့္ေရွာက္ေနရသူ လူပ်ိဳလူလြတ္ျဖစ္ေၾကာင္း လိမ္လည္ေျပာဆိုကာ ၎ႏွင့္အတူေနထိုင္ခဲ့မႈ၊ ၎ ကိုထြန္းလင္းေအာင္က ၂၀၁၈ ခုႏွစ္ ဇူလိုင္ ၁၇ ရက္တြင္ ျမ၀တီၿမိဳ႕သို႔ အလုပ္လုပ္ရန္ေခၚေဆာင္သြားၿပီး တစ္ဦးတည္း ထားရစ္ခဲ့မႈေၾကာင့္ က်န္ေနခဲ့စဥ္ အမည္မသိ အမ်ိဳးသမီးက ထိုင္းႏိုင္ငံပို႔မည္ေျပာသျဖင့္ ေၾကာက္လန္႔ၿပီး ထြက္ေျပးလာခဲ့ရမႈတို႔ေၾကာင့္ ရန္ကုန္သို႔ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ထြန္းလင္းေအာင္ကို နာၾကည္းစိတ္ေၾကာင့္ စက္တင္ဘာ ၁၆ ရက္တြင္ ထီေပါက္သည္ဟုေျပာဆိုၿပီး ဖုန္းျဖင့္ ဆက္သြယ္ခ်ိန္းဆိုကာ ပုဇြန္ေတာင္ေဈးေရွ႕ရွိ စားေသာက္ဆိုင္တြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္အခင္းျဖစ္တည္းခိုခန္းတြင္ အတူေနထိုင္ခဲ့ၿပီး ထြန္းလင္းေအာင္အတြက္ ေ႐ႊဆြဲႀကိဳးအတုကို ဆြဲေပးခဲ့ေၾကာင္း သိရသည္။

ထြန္းလင္းေအာင္ လွဲအိပ္ေနစဥ္ အသင့္ယူေဆာင္လာေသာဓားျဖင့္ ႏွစ္ခ်က္ထိုးၿပီး တည္းခိုခန္းမွ ထြက္ေျပးခဲ့ေၾကာင္း၊ ထိုသို႔ကာမလိမ္လည္ရယူခံရမႈႏွင့္ ပတ္သက္ၿပီး ျမ၀တီၿမိဳ႕ဘက္၌ တိုင္တန္းခဲ့ျခင္း မရွိေသာ္လည္း ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ တရား႐ုံး၌ ဦးတိုက္ေလၽွာက္ထား တိုင္တန္းခဲ့ေသာ္လည္း ပယ္ခ်ခံခဲ့ရေၾကာင္းတို႔စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ရန္ကုန္ရဲတပ္ဖြဲ႕၏ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၂၁ ရက္ သတင္းထုတ္ျပန္ခ်က္ႏွင့္ရဲအရာရွိတစ္ဦးတို႔၏ ရွင္းျပခ်က္မ်ားအရ သိရသည္။

သတင္း – တင့္ေဇာ္ထြန္း

(Unicode ဖြင့်ဖတ်ရန်)

မလင်းလင်းခိုင်ကို သေဒဏ်အထိချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင် တရားမျှတမှုလိုအပ်သည့်အတွက် ပြင်ဆင်မှုတက်မည်ဟု ရှေ့နေဆို

ကာမလိမ်လည်ရယူခံရသဖြင့် တရားရုံးတိုင်တန်းစဉ် ပယ်ချခံခဲ့ရခြင်းနှင့် နာကြည်းစိတ်တို့ကြောင့် အမျိုးသားတစ်ဦးကို မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက် အထက်ပုဇွန်တောင်လမ်းနှင့် ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ်တည်းခိုခန်း၌ ချိန်းဆိုကာ လူသတ်မှုကျူးလွန်ရခြင်းဖြစ်ကြောင်း ရဲထံထွက်ဆိုထားသူ မလင်းလင်းခိုင်အား ပြစ်မှုဥပဒေပုဒ်မ- ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်အမိန့်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကစက်တင်ဘာ ၁၂ ရက်ရုံးချိန်းတွင် ချမှတ်ခဲ့ကြောင်း ၎င်း၏ရှေ့နေထံမှ သိရသည်။

‘မလင်းလင်းခိုင်ကို တရားခွင်မှာ တရားသူကြီးက စွဲချက်တင်မယ်လို့ပြောတယ်။ မလင်းလင်းခိုင်က ဟုတ်ကဲ့ပေါ့။ တရားသူကြီး ၃၀၂ (၁)(ခ) အရစွဲချက်တင်တယ်လို့ပြောတော့ သူက ၃၀၂ (၁) (ခ)ကို နားမလည်ဘူးပေါ့။ တရားသူကြီးက ထပ်ပြောတယ်။ သေဆုံးသွားတဲ့သူအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဓားယူသွားပြီး သတ်တာကြောင့် တင်ကူးကြံရွယ်ချက်ရှိတဲ့အတွက်ကြောင့်မို့လို့ တစ်ဖက်က သေဆုံးသွားရတာနဲ့ပတ်သက်ပြီး ၃၀၂ (၁)(ခ) အရ စွဲချက်တင်တယ်ဆိုပြီးတော့ ရှင်းပြတယ်’ ဟု မလင်းလင်းခိုင်၏ ရှေ့နေ ဦးမိုးဟိန်းက ပြောဆိုသည်။

ဆက်လက်၍ ‘သူ့မိသားစုနဲ့ မလင်းလင်းခိုင်ကတော့ နဂိုတည်းက နစ်နာနေတယ်။ သေဆုံးသူကြောင့်။ နဂိုတည်းကလည်း သေစေလိုတဲ့ ရည်ရွယ်ချက်မရှိဘူးပေါ့နော်။ အခုဟာက ပြစ်ဒဏ်အနေနဲ့ချမှတ်မယ်ဆိုရင် ၃၀၂ (၁) (ခ) က တစ်ကျွန်း၊ သေဒဏ်ထိုက်တဲ့ပုဒ်မပေါ့။ဒါနဲ့ချမယ်လို့တော့ မဆိုလိုဘူးပေါ့ဗျာ။ ဒီပုဒ်မနဲ့ မထိုက်ဘူးဆိုတာကို သူ့အနေနဲ့ ပြန်လည်ဖြေရှင်းရမယ့်အပိုင်းတော့ ကျရောက်နေပြီ။ ဒါပေမဲ့ မလင်းလင်းခိုင်အနေနဲ့ကျတော့ ဒီပုဒ်မနဲ့ဖြေရှင်းရတာ အင်မတန်မှ ပင်ပန်းပါတယ်’ ဟု ဦးမိုးဟိန်းက ပြောဆိုသည်။

ထို့ကြောင့် သာမန်လူသတ်မှု၊ လူသေမှုဖြင့်သာ စွဲချက်တင်ဖြေရှင်းစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်မည်ဖြစ်ကြောင်း၊ မလင်းလင်းခိုင်နှင့် မိသားစုတို့ကလည်း တရားမျှတမှုလိုအပ်သည့်အတွက် ပြင်ဆင်မှုတက်ပေးရန် ပြောဆိုသည့်အတွက် တစ်ပတ်အတွင်း ပြင်ဆင်မှုတက်ရောက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၆ ရက်ရုံးချိန်းတွင် တရားလိုရဲအုပ်ရန်ပိုင်ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်မေးရန် ရုံးတော်ကခွင့်ပြုခဲ့ကြောင်း ဦးမိုးဟိန်းက ရှင်းပြခဲ့သည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၄၁ မိနစ်ခန့်က အဆိုပါတည်းခိုခန်း၌ အမျိုးသားတစ်ဦး အသတ်ခံရမှုတွင် ၎င်းအမျိုးသားနှင့်အတူတည်းခိုခဲ့သူ မလင်းလင်းခိုင်(၃၉) နှစ်သည် စက်တင်ဘာ ၂၁ ရက်တွင် ရဲတပ်ဖွဲ့ထံဖမ်းဆီးခံခဲ့၍ စစ်ဆေးချက်များအရ အသတ်ခံရသူထွန်းလင်းအောင်(ခ)ဖိုးထောင်(၃၂) နှစ်သည် ဇနီး၊ သားသမီးရှိသူဖြစ်လျက်နှင့် အစ်မဖြစ်သူ၏သားသုံးယောက်ကို ကြည့်ရှုစောင့်ရှောက်နေရသူ လူပျိုလူလွတ်ဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ ၎င်းနှင့်အတူနေထိုင်ခဲ့မှု၊ ၎င်း ကိုထွန်းလင်းအောင်က ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် မြ၀တီမြို့သို့ အလုပ်လုပ်ရန်ခေါ်ဆောင်သွားပြီး တစ်ဦးတည်း ထားရစ်ခဲ့မှုကြောင့် ကျန်နေခဲ့စဉ် အမည်မသိ အမျိုးသမီးက ထိုင်းနိုင်ငံပို့မည်ပြောသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ရမှုတို့ကြောင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ထွန်းလင်းအောင်ကို နာကြည်းစိတ်ကြောင့် စက်တင်ဘာ ၁၆ ရက်တွင် ထီပေါက်သည်ဟုပြောဆိုပြီး ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုကာ ပုဇွန်တောင်ဈေးရှေ့ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ပြီးနောက်အခင်းဖြစ်တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး ထွန်းလင်းအောင်အတွက် ရွှေဆွဲကြိုးအတုကို ဆွဲပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းအောင် လှဲအိပ်နေစဉ် အသင့်ယူဆောင်လာသောဓားဖြင့် နှစ်ချက်ထိုးပြီး တည်းခိုခန်းမှ ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ကာမလိမ်လည်ရယူခံရမှုနှင့် ပတ်သက်ပြီး မြ၀တီမြို့ဘက်၌ တိုင်တန်းခဲ့ခြင်း မရှိသော်လည်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထား တိုင်တန်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်းတို့စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့၏ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက် သတင်းထုတ်ပြန်ချက်နှင့်ရဲအရာရှိတစ်ဦးတို့၏ ရှင်းပြချက်များအရ သိရသည်။

သတင်း – တင့်ဇော်ထွန်း

-Ads-
-Ads-