ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္အျဖစ္ မီးစ္ကယ္လီခရက္ တာဝန္ယူ

ကုလသမဂၢအဖြဲ႕ႀကီးတြင္ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ နစ္ကီဟာေလး ႏုတ္ထြက္ခဲ့ၿပီးေနာက္ ကိုးလအၾကာတြင္ အေမရိကန္သံအမတ္ႀကီး ကယ္လီခရက္သည္ နစ္ကီဟာေလး၏ ရာထူးကို စက္တင္ဘာ ၁၂ ရက္က ရယူခဲ့ၿပီး အေမရိကန္၏ဂုဏ္သိကၡာႏွင့္ အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္သြားမည္ဟု သႏၷိ႒ာန္ျပဳ ေျပာၾကားလိုက္သည္။

မီးစ္ကယ္လီခရက္ (၅၇) ႏွစ္သည္ ကေနဒါဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ လြန္ခဲ့သည့္ႏွစ္မ်ားက တာဝန္ထမ္းေဆာင္ခဲ့ၿပီး အေမရိကန္-မကၠဆီကို-ကေနဒါ လြတ္လပ္သည့္ ကုန္သြယ္ေရး သေဘာတူညီခ်က္ ေစ့စပ္ေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္သည္။

မီးစ္ကယ္လီခရက္သည္ ကုလသမဂၢဌာနခ်ဳပ္သို႔ သူမ ေရာက္ရွိစဥ္ သတင္းေထာက္မ်ားကို စကားေျပာဆိုရန္ ျငင္းဆန္ခဲ့ၿပီး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္ရွိရာ ၃၈ ထပ္ရွိ ႐ုံးခန္းမ်ားဆီသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

-Ads-
-Ads-

မီးစ္ကယ္လီခရက္သည္ လစ္ဗ်ား၊ ဗဟို အာဖရိကသမၼတႏိုင္ငံ၊ ကိုလံဘီယာဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ဆႏၵမဲေပးၿပီးေနာက္ ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် မီးစ်ကယ်လီခရက် တာဝန်ယူ

ကုလသမဂ္ဂအဖွဲ့ကြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နစ်ကီဟာလေး နုတ်ထွက်ခဲ့ပြီးနောက် ကိုးလအကြာတွင် အမေရိကန်သံအမတ်ကြီး ကယ်လီခရက်သည် နစ်ကီဟာလေး၏ ရာထူးကို စက်တင်ဘာ ၁၂ ရက်က ရယူခဲ့ပြီး အမေရိကန်၏ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဟု သန္နိဋ္ဌာန်ပြု ပြောကြားလိုက်သည်။

မီးစ်ကယ်လီခရက် (၅၇) နှစ်သည် ကနေဒါဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လွန်ခဲ့သည့်နှစ်များက တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူညီချက် စေ့စပ်ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

မီးစ်ကယ်လီခရက်သည် ကုလသမဂ္ဂဌာနချုပ်သို့ သူမ ရောက်ရှိစဉ် သတင်းထောက်များကို စကားပြောဆိုရန် ငြင်းဆန်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရှိရာ ၃၈ ထပ်ရှိ ရုံးခန်းများဆီသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

မီးစ်ကယ်လီခရက်သည် လစ်ဗျား၊ ဗဟို အာဖရိကသမ္မတနိုင်ငံ၊ ကိုလံဘီယာဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆန္ဒမဲပေးပြီးနောက် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

-Ads-
-Ads-