က်ဴးဘားရွိ အစိုးရသုံးေနေသာ အေကာင့္မ်ား တြစ္တာဆိုင္းငံ့

က်ဴးဘားကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္ ေရာလ္ကတ္စထ႐ို၏ သမီးျဖစ္သူအပါအဝင္ အရာရွိမ်ားႏွင့္ ႏိုင္ငံပိုင္မီဒီယာမ်ားပါဝင္သည့္ က်ဴးဘားအစိုးရအသုံးျပဳေနေသာ အေကာင့္ေပါင္းမ်ားစြာကို တြစ္တာလူမႈကြန္ရက္က ဆိုင္းငံ့လိုက္ၿပီျဖစ္သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ တြစ္တာလူမႈကြန္ရက္မီဒီယာက ၎တို႔၏ စည္းမ်ဥ္းစည္းကမ္းမ်ား ခ်ိဳးေဖာက္မႈကို ကိုးကားေျပာဆိုထားသည္။

သမၼတ မီဂယ္ဒီရာ့ဇ္ကနယ္က ေလာင္စာဆီျပတ္လပ္ႏိုင္မႈႏွင့္ ပတ္သက္သည့္ ႐ုပ္သံေၾကညာခ်က္တစ္ရပ္ ျပဳလုပ္ၿပီးခ်ိန္တြင္ ယင္းအေျပာင္းအလဲထြက္ေပၚလာျခင္းျဖစ္သည္။

-Ads-
-Ads-

ယင္းသို႔ ဆိုင္းငံ့မႈမ်ားသည္ လြန္စြာႀကီးမားေသာ ဆင္ဆာျပဳလုပ္ျခင္းျဖစ္သည္ဟု က်ဴးဘားအစိုးရလိုလားေသာ သတင္းစာဆရာမ်ားသမဂၢက ျပစ္တင္႐ႈတ္ခ်သည္။

ယင္းမွာ က်ဴးဘားႏိုင္ငံ၏ လြတ္လပ္စြာ ေဖာ္ျပေျပာဆိုျခင္းကို ကန္႔သတ္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္ဟုလည္း အဆိုပါ သတင္းစာဆရာမ်ားသမဂၢက ေၾကညာခ်က္တစ္ေစာင္တြင္ ေျပာၾကားသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ကျူးဘားရှိ အစိုးရသုံးနေသော အကောင့်များ တွစ်တာဆိုင်းငံ့

ကျူးဘားကွန်မြူနစ်ပါတီ ခေါင်းဆောင် ရောလ်ကတ်စထရို၏ သမီးဖြစ်သူအပါအဝင် အရာရှိများနှင့် နိုင်ငံပိုင်မီဒီယာများပါဝင်သည့် ကျူးဘားအစိုးရအသုံးပြုနေသော အကောင့်ပေါင်းများစွာကို တွစ်တာလူမှုကွန်ရက်က ဆိုင်းငံ့လိုက်ပြီဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တွစ်တာလူမှုကွန်ရက်မီဒီယာက ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကို ကိုးကားပြောဆိုထားသည်။

သမ္မတ မီဂယ်ဒီရာ့ဇ်ကနယ်က လောင်စာဆီပြတ်လပ်နိုင်မှုနှင့် ပတ်သက်သည့် ရုပ်သံကြေညာချက်တစ်ရပ် ပြုလုပ်ပြီးချိန်တွင် ယင်းအပြောင်းအလဲထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းသို့ ဆိုင်းငံ့မှုများသည် လွန်စွာကြီးမားသော ဆင်ဆာပြုလုပ်ခြင်းဖြစ်သည်ဟု ကျူးဘားအစိုးရလိုလားသော သတင်းစာဆရာများသမဂ္ဂက ပြစ်တင်ရှုတ်ချသည်။

ယင်းမှာ ကျူးဘားနိုင်ငံ၏ လွတ်လပ်စွာ ဖော်ပြပြောဆိုခြင်းကို ကန့်သတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း အဆိုပါ သတင်းစာဆရာများသမဂ္ဂက ကြေညာချက်တစ်စောင်တွင် ပြောကြားသည်။

-Ads-
-Ads-