အိမ္ျဖဴေတာ္ကို အစၥေရးလၽွိဳ႕ဝွက္ေထာက္လွမ္းမႈသတင္း ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု ျငင္းဆို

အစၥေရးႏိုင္ငံသည္ အေမရိကန္အား လၽွိဳ႕ဝွက္ေထာက္လွမ္းမႈျပဳေနသည္ဟူေသာ သတင္းထုတ္ျပန္ခ်က္ တစ္ရပ္ကို အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက ျပတ္ျပတ္သားသား ျငင္းဆိုလိုက္သည္။

အိမ္ျဖဴေတာ္အနီး ရွာေဖြေတြ႕ရွိေသာ ေထာက္လွမ္းေရးကိရိယာမ်ား၏ ေနာက္ကြယ္မွ တရားခံသည္ အစၥေရးျဖစ္ဖြယ္ရွိေၾကာင္း အေမရိကန္ အရာရွိေဟာင္းသုံးဦး၏ ေျပာၾကားခ်က္ကို ကိုးကားထားသည့္ သတင္းေဆာင္းပါးတစ္ပုဒ္ကို အေမရိကန္သတင္းစာ Politico က ေဖာ္ျပခဲ့သည္။

သို႔ေသာ္ ယင္းထုတ္ျပန္ခ်က္သည္ ၀႐ုန္းသုံးကားႏိုင္ေသာ လိမ္လည္မႈ တစ္ရပ္ျဖစ္သည္ဟု မစၥတာေနတန္ယာဟု၏ ႐ုံးခန္းမွ ေၾကညာခ်က္တစ္ေစာင္တြင္ ျငင္းဆိုေဖာ္ျပထားသည္။

-Ads-
-Ads-

ယင္းမွာ ေရရွည္တည္တံ့ေနေသာ ကတိကဝတ္ျဖစ္ၿပီး အစၥေရးအစိုးရထံမွ ၫႊန္ၾကားခ်က္တစ္ရပ္သည္ အေမရိကန္ ႏိုင္ငံအတြင္း ေထာက္လွမ္းေရးလုပ္ငန္းမ်ားႏွင့္ မည္သို႔မၽွ စပ္ဟပ္မႈမရွိေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ေဖာ္ျပပါ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ စက္တင္ဘာ ၁၀ ရက္က သမၼတထရန္႔အား သတင္းေထာက္မ်ားက ေမးျမန္းစဥ္တြင္ အစၥေရးသည္ အေမရိကန္အား လၽွိဳ႕ဝွက္ေထာက္လွမ္းေနသည္ဆိုျခင္းကို ၎အေနျဖင့္ မယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

အိမ်ဖြူတော်ကို အစ္စရေး လျှို့ဝှက်ထောက်လှမ်းမှုသတင်း ဝန်ကြီးချုပ် နေတန်ယာဟု ငြင်းဆို

အစ္စရေးနိုင်ငံသည် အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းမှုပြုနေသည်ဟူသော သတင်းထုတ်ပြန်ချက် တစ်ရပ်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

အိမ်ဖြူတော်အနီး ရှာဖွေတွေ့ရှိသော ထောက်လှမ်းရေးကိရိယာများ၏ နောက်ကွယ်မှ တရားခံသည် အစ္စရေးဖြစ်ဖွယ်ရှိကြောင်း အမေရိကန် အရာရှိဟောင်းသုံးဦး၏ ပြောကြားချက်ကို ကိုးကားထားသည့် သတင်းဆောင်းပါးတစ်ပုဒ်ကို အမေရိကန်သတင်းစာ Politico က ဖော်ပြခဲ့သည်။

သို့သော် ယင်းထုတ်ပြန်ချက်သည် ၀ရုန်းသုံးကားနိုင်သော လိမ်လည်မှု တစ်ရပ်ဖြစ်သည်ဟု မစ္စတာနေတန်ယာဟု၏ ရုံးခန်းမှ ကြေညာချက်တစ်စောင်တွင် ငြင်းဆိုဖော်ပြထားသည်။

ယင်းမှာ ရေရှည်တည်တံ့နေသော ကတိကဝတ်ဖြစ်ပြီး အစ္စရေးအစိုးရထံမှ ညွှန်ကြားချက်တစ်ရပ်သည် အမေရိကန်နိုင်ငံအတွင်း ထောက်လှမ်းရေးလုပ်ငန်းများနှင့် မည်သို့မျှ စပ်ဟပ်မှုမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖော်ပြပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၀ ရက်က သမ္မတထရန့်အား သတင်းထောက်များက မေးမြန်းစဉ်တွင် အစ္စရေးသည် အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းနေသည်ဆိုခြင်းကို ၎င်းအနေဖြင့် မယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

-Ads-
-Ads-