အင္းေလးကန္ေဒသတြင္ ရဟတ္ယာဥ္ျဖင့္ သစ္မ်ိဳးေစ့မ်ားကို ႀကဲ၍ စတင္စိုက္ပ်ိဳးမည္

ရွမ္းျပည္နယ္(ေတာင္ပိုင္း) အင္းေလးကန္ေဒသတြင္ ရဟတ္ယာဥ္ျဖင့္ သစ္မ်ိဳးေစ့မ်ားကို ႀကဲ၍ စတင္စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ရွိ Yangon United Sports Complex အစည္းအေဝးခန္းမ၌ စက္တင္ဘာ ၁၃ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွ သိရသည္။

‘ျမန္မာျပည္မွာ အရင္တုန္းက သစ္ပင္၊ သစ္ေတာေတြ ခုတ္ထြင္ရွင္းလင္းခဲ့ၾကတဲ့အတြက္ အခုသစ္ပင္ျပန္လည္ စိမ္းလန္းစိုျပည္ဖို႔ သစ္ေတာႀကိဳးဝိုင္း ဧကေပါင္း ၂၂၅၀ မွာ သစ္ပင္ မ်ိဳးေစ့ေပါင္း တစ္သိန္းေက်ာ္ ႀကဲၿပီးစိုက္ပ်ိဳးသြားမွာပါ’ ဟု ရန္ကုန္တိုင္းေဒသႀကီး
သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသိန္းတိုးက ေျပာဆိုသည္။

အဆိုပါသစ္မ်ိဳးေစ့မ်ားကို ရဟတ္ယာဥ္ျဖင့္ ႀကဲခ်စိုက္ပ်ိဳးျခင္းသည္ ပထမအႀကိမ္ စတင္စိုက္ပ်ိဳးျခင္းျဖစ္ၿပီး ယင္းစိုက္ပ်ိဳးျခင္း၏ ရလဒ္အေျခအေနကို ေစာင့္ၾကည့္ကာ ေအာင္ျမင္မႈရရွိရန္ ေမၽွာ္မွန္းထားေၾကာင္း ၎ကေျပာဆိုသည္။

-Ads-
-Ads-

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေ႐ႊၿမိဳ႕နယ္အတြင္းရွိ အင္းေလးအေရွ႕ႀကိဳးဝိုင္းႏွင့္ အင္းေလးအေနာက္ ႀကိဳးျပင္ကာကြယ္ေတာမ်ားတြင္ သစ္ပင္ေပါက္ေရာက္မႈမရွိဘဲ ေတာင္ကတုံးမ်ားျဖစ္ေနေသာေနရာမ်ားတြင္ သစ္ေတာဦးစီးဌာနက လူအင္အားျဖင့္စိုက္ပ်ိဳးမည္ျဖစ္ၿပီး အျမင့္ေပ ၆၀၀၀ ေက်ာ္သည့္ သြားလာရခက္ခဲေသာေနရာမ်ားတြင္ ရဟတ္ယာဥ္ျဖင့္ သစ္ေစ့ႏွင့္ Seed Ball မ်ားႀကဲခ် စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း၊ ဓာတ္ပုံ – ဇူလိုင္ေမ

(Unicode ဖြင့်ဖတ်ရန်)

အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် သစ်မျိုးစေ့များကို ကြဲ၍ စတင်စိုက်ပျိုးမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် သစ်မျိုးစေ့များကို ကြဲ၍ စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Yangon United Sports Complex အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

‘မြန်မာပြည်မှာ အရင်တုန်းက သစ်ပင်၊ သစ်တောတွေ ခုတ်ထွင်ရှင်းလင်းခဲ့ကြတဲ့အတွက် အခုသစ်ပင်ပြန်လည် စိမ်းလန်းစိုပြည်ဖို့ သစ်တောကြိုးဝိုင်း ဧကပေါင်း ၂၂၅၀ မှာ သစ်ပင် မျိုးစေ့ပေါင်း တစ်သိန်းကျော် ကြဲပြီးစိုက်ပျိုးသွားမှာပါ’ ဟု ရန်ကုန်တိုင်းဒေသကြီး
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောဆိုသည်။

အဆိုပါသစ်မျိုးစေ့များကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခြင်းသည် ပထမအကြိမ် စတင်စိုက်ပျိုးခြင်းဖြစ်ပြီး ယင်းစိုက်ပျိုးခြင်း၏ ရလဒ်အခြေအနေကို စောင့်ကြည့်ကာ အောင်မြင်မှုရရှိရန် မျှော်မှန်းထားကြောင်း ၎င်းကပြောဆိုသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောများတွင် သစ်ပင်ပေါက်ရောက်မှုမရှိဘဲ တောင်ကတုံးများဖြစ်နေသောနေရာများတွင် သစ်တောဦးစီးဌာနက လူအင်အားဖြင့်စိုက်ပျိုးမည်ဖြစ်ပြီး အမြင့်ပေ ၆၀၀၀ ကျော်သည့် သွားလာရခက်ခဲသောနေရာများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့နှင့် Seed Ball များကြဲချ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း၊ ဓာတ်ပုံ – ဇူလိုင်မေ

-Ads-
-Ads-