ေကာ္တြိဳက္စ္ႏွင့္ ဟာဇက္တို႔က ေပါ့ဂ္ဘာထက္ ကန္တီကို ရီးရဲလ္အသင္းသို႔ ေခၚယူရန္ဆႏၵရွိ

ခ်ယ္လ္ဆီးအသင္းမွ ရီးရဲလ္အသင္းသို႔ ေျပာင္းေ႐ႊ႕သြားၾကေသာ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမားမ်ားျဖစ္သည့္ ဟာဇက္ႏွင့္ ဂိုးသမား ေကာ္တြိဳက္စ္တို႔သည္ ရီးရဲလ္အသင္းျပန္လည္တည္ေဆာက္ေနမႈတြင္ ကြင္းလယ္၌ မန္ယူအသင္းမွ ျပင္သစ္ကြင္းလယ္လူ ေပါ့ဂ္ဘာထက္ အသင္းေဟာင္း ခ်ယ္လ္ဆီးမွ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ခံစစ္ကစားသမား အန္ဂိုလိုကန္တီက ပိုမိုသင့္ေတာ္သျဖင့္ နည္းျပဇီဒန္းကို ကန္တီအား လာမည့္ေႏြေဈးကြက္၌ ေခၚယူသြားရန္ တိုက္တြန္းေနၾကေၾကာင္း သိရသည္။

ရီးရဲလ္နည္းျပ ဇီဒန္းသည္ ၿပီးခဲ့သည့္ေႏြေဈးကြက္တြင္ ေပါ့ဂ္ဘာကို ေခၚယူရန္အဓိကပစ္မွတ္အျဖစ္ ထားရွိခဲ့ေသာ္လည္း ေခၚယူႏိုင္ခဲ့ျခင္းမရွိသည့္အတြက္ စိတ္ပ်က္ေနၿပီး သတင္းမ်ားတြင္ ပီအက္စ္ဂ်ီအသင္းသည္ ေပါ့ဂ္ဘာကို ေခၚယူရန္ လက္ဦးမႈရယူထားႏိုင္သည္ဟု ေဖာ္ျပေနၾကသည္။

ၿပီးခဲ့သည့္ ေႏြေဈးကြက္တြင္ ကန္တီက မိမိကို ဥေရာပထိပ္တန္းအသင္းမ်ားစြာကေခၚယူရန္ စိတ္ဝင္တစားကမ္းလွမ္းေနၾကေသာ္လည္း ခ်ယ္လ္ဆီးနည္းျပက အနာဂတ္စီမံကိန္းအတြက္ အလိုရွိသည္ဆို၍ အသင္းတြင္ ဆက္ေနခဲ့သည္ဟု ဆိုသည္။

-Ads-
-Ads-

(Unicode ဖြင့်ဖတ်ရန်)

ကော်တွိုက်စ်နှင့် ဟာဇက်တို့က ပေါ့ဂ်ဘာထက် ကန်တီကို ရီးရဲလ်အသင်းသို့ ခေါ်ယူရန်ဆန္ဒရှိ

ချယ်လ်ဆီးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့သွားကြသော ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားများဖြစ်သည့် ဟာဇက်နှင့် ဂိုးသမား ကော်တွိုက်စ်တို့သည် ရီးရဲလ်အသင်းပြန်လည်တည်ဆောက်နေမှုတွင် ကွင်းလယ်၌ မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာထက် အသင်းဟောင်း ချယ်လ်ဆီးမှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား အန်ဂိုလိုကန်တီက ပိုမိုသင့်တော်သဖြင့် နည်းပြဇီဒန်းကို ကန်တီအား လာမည့်နွေဈေးကွက်၌ ခေါ်ယူသွားရန် တိုက်တွန်းနေကြကြောင်း သိရသည်။

ရီးရဲလ်နည်းပြ ဇီဒန်းသည် ပြီးခဲ့သည့်နွေဈေးကွက်တွင် ပေါ့ဂ်ဘာကို ခေါ်ယူရန်အဓိကပစ်မှတ်အဖြစ် ထားရှိခဲ့သော်လည်း ခေါ်ယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် စိတ်ပျက်နေပြီး သတင်းများတွင် ပီအက်စ်ဂျီအသင်းသည် ပေါ့ဂ်ဘာကို ခေါ်ယူရန် လက်ဦးမှုရယူထားနိုင်သည်ဟု ဖော်ပြနေကြသည်။

ပြီးခဲ့သည့် နွေဈေးကွက်တွင် ကန်တီက မိမိကို ဥရောပထိပ်တန်းအသင်းများစွာကခေါ်ယူရန် စိတ်ဝင်တစားကမ်းလှမ်းနေကြသော်လည်း ချယ်လ်ဆီးနည်းပြက အနာဂတ်စီမံကိန်းအတွက် အလိုရှိသည်ဆို၍ အသင်းတွင် ဆက်နေခဲ့သည်ဟု ဆိုသည်။

-Ads-
-Ads-