ေမာ္ရင္ဟိုထက္ ဆိုးရွားက ကစားသမားမ်ားအေၾကာင္း ပိုနားလည္ဟု ရက္ရွ္ဖို႔ဒ္ဆို လက္စတာႏွင့္ပြဲတြင္ မန္ယူ၏ အဓိက ကစားသမား ခုနစ္ဦးအထိ လြဲေခ်ာ္ရန္ရွိေန

မန္ယူအသင္းတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က ယခင္မန္ယူ နည္းျပ ေမာ္ရင္ဟိုႏွင့္ လက္ရွိနည္းျပ ဆိုးရွားတို႔၏ကစားသမားမ်ားအေပၚ စီစဥ္ဆက္ဆံခိုင္းေစပုံတြင္ ကစားသမားဘ၀မွလာသည့္ ဆိုးရွားက ေမာ္ရင္ဟိုထက္ ပိုမိုထူးခၽြန္သည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ယခု ရာသီတြင္ မန္ယူအသင္းသည္ ရာသီအစ ေလးပြဲကစားအၿပီး တစ္ပြဲသာ အႏိုင္ရေသးကာ ငါးမွတ္သာ ရထားသည့္အတြက္ ၂၇ ႏွစ္အတြင္း အဆိုး႐ြားဆုံး ရာသီအစရလဒ္ျဖင့္ ႀကဳံေတြ႕ေနရသည္။

ဘီဘီစီသတင္းဌာနမွ အားကစားသုေတသီ ဂယ္ရီလိုင္နီကာႏွင့္ အင္တာဗ်ဴးအစီအစဥ္တြင္ ရက္ရွ္ဖို႔ဒ္က ေမာ္ရင္ဟိုႏွင့္ ဆိုးရွားအၾကား ျခားနားမႈကို သုံးသပ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ရက္ရွ္ဖို႔ဒ္က ‘ဆိုးရွားဟာ ေမာ္ရင္ဟိုနဲ႔ အလြန္ျခားနားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ကစားသမားဘ၀က လာတာေၾကာင့္ ျဖစ္မယ္။ ကြင္းျပင္ပမွာ သူဟာ ကစားသမားေတြကို ပိုၿပီးနားလည္ေပးႏိုင္တယ္။ ေမာ္ရင္ဟိုနဲ႔ကလည္း ျပႆနာတစ္ခုလို႔ေတာ့ ေျပာလို႔မရဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူဟာလည္း ထိပ္တန္းမန္ေနဂ်ာတစ္ဦး ျဖစ္ေနတယ္။သူက လူေတြ စိတ္ကိုဖတ္ရာမွာ သူ႕ နည္းလမ္းနဲ႔ သူဖတ္႐ႈတာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္အတြက္ မန္ေနဂ်ာေတြဟာ ကစားသမားဘ၀ကလာရင္ ကစားသမားေတြရဲ႕ ဘ၀ေနထိုင္မႈပုံစံ စတာေတြကို ပိုမိုနားလည္ႏိုင္တယ္လို႔ထင္ပါတယ္’ ဟု ေျပာၾကားခဲ့သည္။

လက္ရွိမန္ယူအသင္းသည္ ဆိုးရွားလက္ထက္ ရာသီအစရလဒ္မ်ား ဆိုး႐ြားေနေသာ္လည္း ရက္ရွ္ဖို႔ဒ္က နည္းျပ၏ မေဝးေတာ့ေသာ အနာဂတ္ စီမံကိန္းမ်ားအတြက္ ေက်နပ္ေၾကာင္း ေထာက္ခံေျပာဆိုခဲ့သည္။

-Ads-
-Ads-

ရက္ရွ္ဖို႔ဒ္က ‘အားလုံးဟာ နည္းျပကို ယုံၾကည္ၾကတယ္။ ကၽြန္ေတာ္အပါအဝင္ အသင္းသားေတြဟာ လက္ရွိမွာ သူခိုင္းေစတဲ့အတိုင္း အေကာင္းဆုံးပုံစံကို လိုက္မလုပ္ႏိုင္ၾကေသးဘူး။ သူ႕ရဲ႕ နည္းဗ်ဴဟာပိုင္းကို အတိအက်မလိုက္ႏိုင္ေသးတာပါ။ သူ႕ေလ့က်င့္ပုံစနစ္ေတြက အလြန္ကို ေကာင္းမြန္ပါတယ္။ ကၽြန္ေတာ့္အတြက္နည္းျပရဲ႕ စီမံကိန္းဟာ ဒီတစ္ႏွစ္တည္းအတြက္၊ ေနာက္လာမယ့္ တစ္ပြဲတည္းအတြက္ မဟုတ္ဘဲ ေနာက္လာမယ့္ႏွစ္ေတြအတြက္ပါ အေကာင္းဆုံး စီမံေနတာလို႔ သိပါတယ္။ လက္ရွိ အသင္းရပ္ တည္ေနမႈပုံစံမေကာင္းေပမယ့္ ကၽြန္ေတာ္တို႔အားလုံး နည္းျပေနာက္က ရပ္တည္ရမွာျဖစ္ၿပီး နည္းျပေတြကို အလွည့္က်လဲေနတာမ်ိဳးက ဘယ္ေတာ့မွ အထိုင္က်ႏိုင္မွာ မဟုတ္ဘူးလို႔ ျမင္ပါတယ္’ ဟု ေျပာသြားသည္။

ႏိုင္ငံတကာပြဲမ်ားေၾကာင့္ လိဂ္ပြဲမ်ားႏွစ္ပတ္ၾကာ နားထားရၿပီးေနာက္ မန္ယူအသင္းသည္ စက္တင္ဘာ ၁၄ ရက္တြင္ ပရီးမီးယားလိဂ္ပြဲအျဖစ္ အဆင့္(၃) ေနရာေရာက္ေနေသာ လက္စတာအသင္းကို အိမ္ကြင္းတြင္ ဧည့္ခံကစားရမည္ျဖစ္သည္။ ထိုသို႔ အေျခအေန ဆိုး႐ြားေနခ်ိန္တြင္ လက္စတာႏွင့္ပြဲပါဝင္ရန္မေသခ်ာသည့္ ကစားသမား ခုနစ္ဦးအထိရွိေနသျဖင့္ နည္းျပ ဆိုးရွားအတြက္ ေခါင္းခဲစရာျဖစ္ေနသည္။ ထိုခုနစ္ဦးထဲတြင္ ဒါေလာ့၊ ဘိုင္ေလႏွင့္လုခ္ေရွာတို႔မွာ အေစာပိုင္းကတည္းက ဒဏ္ရာမ်ားရထားၿပီး ေသခ်ာေပါက္ျပန္ကစားႏိုင္ဦးမည္မဟုတ္သလို ဒဏ္ရာေၾကာင့္ ႏိုင္ငံလက္ေ႐ြးစင္အသင္းသို႔ မသြားႏိုင္ခဲ့သည့္ ေပါ့ဂ္ဘာသည္လည္း မာရွယ္ႏွင့္အတူ လက္စတာႏွင့္ပြဲ လြဲမည္ျဖစ္ကာ လင္ဂတ္ႏွင့္ ဘစ္ဆာကာတို႔မွာ ပါဝင္ရန္ မေသခ်ာေၾကာင္း သိရသည္။

(Unicode ဖြင့်ဖတ်ရန်)

မော်ရင်ဟိုထက် ဆိုးရှားက ကစားသမားများအကြောင်း ပိုနားလည်ဟု ရက်ရှ်ဖို့ဒ်ဆို လက်စတာနှင့်ပွဲတွင် မန်ယူ၏ အဓိက ကစားသမား ခုနစ်ဦးအထိ လွဲချော်ရန်ရှိနေ

မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ယခင်မန်ယူ နည်းပြ မော်ရင်ဟိုနှင့် လက်ရှိနည်းပြ ဆိုးရှားတို့၏ကစားသမားများအပေါ် စီစဉ်ဆက်ဆံခိုင်းစေပုံတွင် ကစားသမားဘ၀မှလာသည့် ဆိုးရှားက မော်ရင်ဟိုထက် ပိုမိုထူးချွန်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ရာသီတွင် မန်ယူအသင်းသည် ရာသီအစ လေးပွဲကစားအပြီး တစ်ပွဲသာ အနိုင်ရသေးကာ ငါးမှတ်သာ ရထားသည့်အတွက် ၂၇ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ဖြင့် ကြုံတွေ့နေရသည်။

ဘီဘီစီသတင်းဌာနမှ အားကစားသုတေသီ ဂယ်ရီလိုင်နီကာနှင့် အင်တာဗျူးအစီအစဉ်တွင် ရက်ရှ်ဖို့ဒ်က မော်ရင်ဟိုနှင့် ဆိုးရှားအကြား ခြားနားမှုကို သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရက်ရှ်ဖို့ဒ်က ‘ဆိုးရှားဟာ မော်ရင်ဟိုနဲ့ အလွန်ခြားနားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကစားသမားဘ၀က လာတာကြောင့် ဖြစ်မယ်။ ကွင်းပြင်ပမှာ သူဟာ ကစားသမားတွေကို ပိုပြီးနားလည်ပေးနိုင်တယ်။ မော်ရင်ဟိုနဲ့ကလည်း ပြဿနာတစ်ခုလို့တော့ ပြောလို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာလည်း ထိပ်တန်းမန်နေဂျာတစ်ဦး ဖြစ်နေတယ်။သူက လူတွေ စိတ်ကိုဖတ်ရာမှာ သူ့ နည်းလမ်းနဲ့ သူဖတ်ရှုတာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် မန်နေဂျာတွေဟာ ကစားသမားဘ၀ကလာရင် ကစားသမားတွေရဲ့ ဘ၀နေထိုင်မှုပုံစံ စတာတွေကို ပိုမိုနားလည်နိုင်တယ်လို့ထင်ပါတယ်’ ဟု ပြောကြားခဲ့သည်။

လက်ရှိမန်ယူအသင်းသည် ဆိုးရှားလက်ထက် ရာသီအစရလဒ်များ ဆိုးရွားနေသော်လည်း ရက်ရှ်ဖို့ဒ်က နည်းပြ၏ မဝေးတော့သော အနာဂတ် စီမံကိန်းများအတွက် ကျေနပ်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။

ရက်ရှ်ဖို့ဒ်က ‘အားလုံးဟာ နည်းပြကို ယုံကြည်ကြတယ်။ ကျွန်တော်အပါအဝင် အသင်းသားတွေဟာ လက်ရှိမှာ သူခိုင်းစေတဲ့အတိုင်း အကောင်းဆုံးပုံစံကို လိုက်မလုပ်နိုင်ကြသေးဘူး။ သူ့ရဲ့ နည်းဗျူဟာပိုင်းကို အတိအကျမလိုက်နိုင်သေးတာပါ။ သူ့လေ့ကျင့်ပုံစနစ်တွေက အလွန်ကို ကောင်းမွန်ပါတယ်။ ကျွန်တော့်အတွက်နည်းပြရဲ့ စီမံကိန်းဟာ ဒီတစ်နှစ်တည်းအတွက်၊ နောက်လာမယ့် တစ်ပွဲတည်းအတွက် မဟုတ်ဘဲ နောက်လာမယ့်နှစ်တွေအတွက်ပါ အကောင်းဆုံး စီမံနေတာလို့ သိပါတယ်။ လက်ရှိ အသင်းရပ် တည်နေမှုပုံစံမကောင်းပေမယ့် ကျွန်တော်တို့အားလုံး နည်းပြနောက်က ရပ်တည်ရမှာဖြစ်ပြီး နည်းပြတွေကို အလှည့်ကျလဲနေတာမျိုးက ဘယ်တော့မှ အထိုင်ကျနိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်’ ဟု ပြောသွားသည်။

နိုင်ငံတကာပွဲများကြောင့် လိဂ်ပွဲများနှစ်ပတ်ကြာ နားထားရပြီးနောက် မန်ယူအသင်းသည် စက်တင်ဘာ ၁၄ ရက်တွင် ပရီးမီးယားလိဂ်ပွဲအဖြစ် အဆင့်(၃) နေရာရောက်နေသော လက်စတာအသင်းကို အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။ ထိုသို့ အခြေအနေ ဆိုးရွားနေချိန်တွင် လက်စတာနှင့်ပွဲပါဝင်ရန်မသေချာသည့် ကစားသမား ခုနစ်ဦးအထိရှိနေသဖြင့် နည်းပြ ဆိုးရှားအတွက် ခေါင်းခဲစရာဖြစ်နေသည်။ ထိုခုနစ်ဦးထဲတွင် ဒါလော့၊ ဘိုင်လေနှင့်လုခ်ရှောတို့မှာ အစောပိုင်းကတည်းက ဒဏ်ရာများရထားပြီး သေချာပေါက်ပြန်ကစားနိုင်ဦးမည်မဟုတ်သလို ဒဏ်ရာကြောင့် နိုင်ငံလက်ရွေးစင်အသင်းသို့ မသွားနိုင်ခဲ့သည့် ပေါ့ဂ်ဘာသည်လည်း မာရှယ်နှင့်အတူ လက်စတာနှင့်ပွဲ လွဲမည်ဖြစ်ကာ လင်ဂတ်နှင့် ဘစ်ဆာကာတို့မှာ ပါဝင်ရန် မသေချာကြောင်း သိရသည်။

-Ads-
-Ads-