ဘရီဇစ္ဆိုင္းငံ့ရန္ ကမ္းလွမ္းမႈမွန္သမၽွ ၿဗိတိန္ပယ္ခ်မည္ဟု ဝန္ႀကီးခ်ဳပ္ဆို

ၿဗိတိန္သည္ ဘရီဇစ္အား ေအာက္တိုဘာ ၃၁ရက္ထက္ ေက်ာ္လြန္ဆိုင္းငံ့ရန္ ျပင္ဆင္ထားျခင္းမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂၽြန္ဆင္က စက္တင္ဘာ ၁၆ ရက္ ေဆြးေႏြးပြဲ၌ ဥေရာပေကာ္မရွင္ဥကၠ႒ ဂ်င္ကေလာက္ဂ်န္ကာအား ေျပာမည္ဟု ဆိုသည္။

လူဇင္ဘတ္တြင္ ေန႔လယ္ပိုင္းေတြ႕ဆုံမႈသည္ ဇူလိုင္လတြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရာထူး ရယူၿပီးေနာက္ပိုင္း ၎တို႔ႏွစ္ဦး၏ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈလည္း ျဖစ္ေပမည္။

မစၥတာဂၽြန္ဆင္သည္ အဓိကက်ေသာ အီးယူထိပ္သီးေဆြးေႏြးပြဲတစ္ခုအၿပီး ေအာက္တိုဘာ ၁၈ရက္အေရာက္တြင္ သေဘာတူညီမႈတစ္ရပ္ရရွိေရး ဖိအားေပးမည္ဟုလည္း ဝန္ႀကီးခ်ဳပ္႐ုံးသတင္းရင္းျမစ္က ေျပာသည္။

-Ads-
-Ads-

သို႔ေသာ္ ယင္းသို႔ျဖစ္မလာလၽွင္ ၎အေနျဖင့္ ဘရီဇစ္ဆိုင္းငံ့ရန္ ကမ္းလွမ္းမႈမွန္သမၽွကိုျငင္းပယ္ၿပီး ၿဗိတိန္သည္ သေဘာတူညီမႈမရဘဲ အီးယူမွ ႏုတ္ထြက္ရမည္ျဖစ္သည္ဆို၏။

မစၥတာဂၽြန္ဆင္သည္ ထပ္မံဆိုင္းငံ့ရန္ ကမ္းလွမ္းမႈမွန္သမၽွကို ေထာက္ခံမည္ မဟုတ္ေၾကာင္းကို ရွင္းေအာင္ျပဳလုပ္မည္ျဖစ္ေၾကာင္း အဆိုပါ သတင္းရင္းျမစ္က ေျပာၾကားထားသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဘရီဇစ်ဆိုင်းငံ့ရန် ကမ်းလှမ်းမှုမှန်သမျှ ဗြိတိန်ပယ်ချမည်ဟု ဝန်ကြီးချုပ်ဆို

ဗြိတိန်သည် ဘရီဇစ်အား အောက်တိုဘာ ၃၁ရက်ထက် ကျော်လွန်ဆိုင်းငံ့ရန် ပြင်ဆင်ထားခြင်းမရှိကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၆ ရက် ဆွေးနွေးပွဲ၌ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျင်ကလောက်ဂျန်ကာအား ပြောမည်ဟု ဆိုသည်။

လူဇင်ဘတ်တွင် နေ့လယ်ပိုင်းတွေ့ဆုံမှုသည် ဇူလိုင်လတွင် ဗြိတိန်ဝန်ကြီးချုပ်ရာထူး ရယူပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပေမည်။

မစ္စတာဂျွန်ဆင်သည် အဓိကကျသော အီးယူထိပ်သီးဆွေးနွေးပွဲတစ်ခုအပြီး အောက်တိုဘာ ၁၈ရက်အရောက်တွင် သဘောတူညီမှုတစ်ရပ်ရရှိရေး ဖိအားပေးမည်ဟုလည်း ဝန်ကြီးချုပ်ရုံးသတင်းရင်းမြစ်က ပြောသည်။

သို့သော် ယင်းသို့ဖြစ်မလာလျှင် ၎င်းအနေဖြင့် ဘရီဇစ်ဆိုင်းငံ့ရန် ကမ်းလှမ်းမှုမှန်သမျှကိုငြင်းပယ်ပြီး ဗြိတိန်သည် သဘောတူညီမှုမရဘဲ အီးယူမှ နုတ်ထွက်ရမည်ဖြစ်သည်ဆို၏။

မစ္စတာဂျွန်ဆင်သည် ထပ်မံဆိုင်းငံ့ရန် ကမ်းလှမ်းမှုမှန်သမျှကို ထောက်ခံမည် မဟုတ်ကြောင်းကို ရှင်းအောင်ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားထားသည်။

-Ads-
-Ads-