သ႐ုပ္ေဆာင္ စဝ္ယြန္းဝတီဦးႏွင့္ေတြ႕ဆုံျခင္း

အလွမယ္တစ္ဦးအျဖစ္မွ သ႐ုပ္ေဆာင္ေလာကထဲသို႔ ေျခခ်လာၿပီျဖစ္သည့္ သ႐ုပ္ေဆာင္ စဝ္ယြန္း၀တီဦးသည္ onf Stellar Seven Entertainment ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္႐ိုက္ကူးေနၿပီျဖစ္သည္။ ဟစ္တိုင္႐ုပ္ရွင္ဇာတ္ကားႀကီးတြင္လည္း ပါဝင္သ႐ုပ္ေဆာင္ထားၿပီး အေဆာင္ဇာတ္လမ္းတြဲ အတြဲ(၁)တြင္လည္း ပါဝင္သ႐ုပ္ေဆာင္ထားသည္။ လက္ရွိတြင္ အေဆာင္(အိပ္မက္နိဒါန္း) အတြဲ(၂)ကို ဆက္လက္႐ိုက္ကူးေတာ့မည္ျဖစ္ၿပီး ယင္းဇာတ္လမ္းတြဲႏွင့္ပတ္သက္၍ သိရွိလိုသမၽွ ေမးျမန္းထားသည္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္-

ေမး – အေဆာင္(အိပ္မက္နိဒါန္း)အတြဲ (၂)မွာ ဘယ္လိုပုံစံမ်ိဳး ပါဝင္သြားမွာလဲ။

ေျဖ – အေဆာင္ဇာတ္လမ္းတြဲ အတြဲ(၂)မွာက်ေတာ့ ညီမက အခု ပဒုမၼာမျဖစ္ခင္ကာလကို ျပန္ၿပီးေတာ့ သြားမွာဆိုေတာ့ Photo Model တစ္ေယာက္အေနနဲ႔ ေတြ႕ရမွာပါ။ လက္ရွိ ကာ႐ိုက္တာနဲ႔မကြာတဲ့ ကာ႐ိုက္တာမ်ိဳးေလးပဲ ပါဝင္သ႐ုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ပဒုမၼာ ေဗဒင္ဆရာမ မျဖစ္ခင္ကာလမွာ သူကေအာင္ျမင္တဲ့ Photo Model တစ္ေယာက္ပါ။ အဲဒီကေနၿပီးေတာ့မွ သူက အၾကားအျမင္ဆရာမတစ္ေယာက္ျဖစ္လာတာပါ။ အဲဒီဟာေလးကိုျပန္ျပမွာပါ။

-Ads-
-Ads-

ေမး – အေဆာင္အတြဲ(၁)တုန္းက ပရိသတ္ဆီကေန ကိုယ့္ရဲ႕သ႐ုပ္ေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုျပန္ၾကားရလဲ။

ေျဖ – ပရိသတ္ရဲ႕ တုံ႔ျပန္မႈကေတာ့ မဆိုးဘူးေပါ့။ ဒါေပမဲ့ ညီမကေတာ့ အဲဒီမွာကိုယ့္ကိုယ္ကိုယ္ အရမ္း႐ုပ္ဆိုးေနတယ္လို႔ ခံစားရတယ္။ ပရိသတ္မႀကိဳက္မွာလည္း ေၾကာက္ခဲ့တယ္။ ဒါေပမဲ့ ဒီအေဆာင္အတြဲ (၂)မွာက်ေတာ့ ညီမ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ လွလွပပပုံစံေလး ျပန္လာခဲ့ပါမယ္။

ေမး – ကာ႐ိုက္တာပိုင္းအတြက္ ပီျပင္ေအာင္ ဘယ္လိုမ်ိဳး ႀကိဳးစားခဲ့ရလဲ။

ေျဖ – ညီမကေတာ့ ကာ႐ိုက္တာမိဖို႔ကိုပဲ အာ႐ုံစိုက္တယ္။ ဟစ္တိုင္မွာဆိုလည္း မိတ္ကပ္ကို ၫိုမည္းေနေအာင္လိမ္းတယ္။ အျပင္မွာၾကည့္ရင္ ဟာ…႐ုပ္ဆိုးလိုက္တာ၊ အိုလိုက္တာေပါ့။ ဒါေပမဲ့ ညီမစိတ္ထဲမွာေတြးထားတာက ကာ႐ိုက္တာမိဖို႔၊ အသက္ႀကီးတဲ့မိန္းမတစ္ေယာက္ပုံစံျဖစ္ဖို႔ပါပဲ။ အေဆာင္အတြဲ (၁)တုန္းကဆိုလည္း ဝိတ္ေတြလည္း ခ်ရတယ္။ မ်က္ႏွာဆိုလည္း ေဗဒင္ဆရာမ ႐ုပ္ဆိုးဆိုးပုံစံမ်ိဳးေပါ့ေနာ္။ ညီမက လွဖို႔၊ မလွဖို႔ထက္ ကာ႐ိုက္တာမိလို႔ရွိရင္ ပရိသတ္ေတြရင္ထဲ ေရာက္သြားမယ္လို႔ လက္ခံထားတယ္။

ေမး – အတြဲ (၂)ကေကာ ေရွ႕ကဇာတ္လမ္းတြဲနဲ႔ ဘယ္လိုကြာျခားမႈေတြရွိမလဲ။

ေျဖ – အေဆာင္ (၁)မွာက်ေတာ့ ေၾကာက္စရာေကာင္းတဲ့ဟာေလးေတြပါတယ္။ ဒီအတြဲ (၂)မွာက်ေတာ့ အေဆာင္သူအခ်င္းခ်င္း စိတ္ပုပ္တဲ့ဟာမ်ိဳးေလးေတြပါမွာေပါ့ ။

ေမး – သ႐ုပ္ေဆာင္ဘက္ကို လုံး၀ကူးေျပာင္းေတာ့မွာလား။

ေျဖ – ဟုတ္ကဲ့ပါ၊ ညီမ သ႐ုပ္ေဆာင္ဘက္ကိုပဲ ပိုၿပီးေတာ့ အားသန္တယ္။ ပိုၿပီးေတာ့လည္း ဝါသနာပါတယ္။ ကိုယ္လုပ္ႏိုင္တယ္လို႔လည္း ထင္တယ္။ ၿပီးေတာ့ သ႐ုပ္ေဆာင္လုပ္ေနရလို႔ရွိရင္ ရင္ခုန္စိတ္လႈပ္ရွားတယ္။ ညီမနဲ႔လည္း အဆင္ေျပတယ္လို႔ ခံစားရတယ္။

ေမး – ကိုယ္တိုင္ စိန္ေခၚမႈတစ္ခုအေနနဲ႔ လုပ္ျပခ်င္တဲ့ ကာ႐ိုက္တာတစ္ခုေကာရွိလား။

ေျဖ – ညီမကို ေတာ္ေတာ္မ်ားမ်ားက ေအးတယ္ဆိုၿပီးေတာ့ တခ်ိဳ႕က မလုပ္ႏိုင္ဘူးလို႔ထင္ထားတဲ့ ကာ႐ိုက္တာဆန္းဆန္းေလး၊ ဥပမာ-ညီမနဲ႔ လုံး၀ဆန္႔က်င္ဘက္ျဖစ္တဲ့ စပ္စလူးကာ႐ိုက္တာမ်ိဳးကို လုပ္ျပခ်င္တယ္။ တျခားသူေတြကက်ေတာ့ သူနဲ႔ဆို မရေလာက္ဘူးလို႔ အရမ္းေျပာတယ္။ အဲဒီလိုမ်ိဳးေလးေတြ ႐ိုက္ျပခ်င္တယ္။ ဒါ႐ိုက္တာေတြကေတာ့ အသံကေအးေအးေလးနဲ႔ အေနလည္းေအးတယ္ဆိုေတာ့ မျဖစ္ဘူးလို႔ထင္ၾကတယ္။ ညီမကေတာ့ အဲဒီကာ႐ိုက္တာကို လုပ္ျပခ်င္တယ္။

ေမး – ပရိသတ္အတြက္ စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ – အေဆာင္အတြဲ (၂)ေလးကလည္း ထပ္ၿပီးေတာ့ ထြက္လာေတာ့မယ္၊ အဲဒီမွာဆိုရင္ ကာ႐ိုက္တာအသစ္အဆန္းေလးေတြနဲ႔ ပရိသတ္ေတြရင္ထဲကို အေဆာင္သူေလးေတြအမ်ားႀကီး ေနာက္ထပ္အသစ္ေတြလည္း ပါဝင္ထားပါတယ္။ အဲဒီအတြက္ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္။

ဓာတ္ပုံ- စဝ္ယြန္း၀တီဦးေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

သရုပ်ဆောင် စဝ်ယွန်းဝတီဦးနှင့်တွေ့ဆုံခြင်း

အလှမယ်တစ်ဦးအဖြစ်မှ သရုပ်ဆောင်လောကထဲသို့ ခြေချလာပြီဖြစ်သည့် သရုပ်ဆောင် စဝ်ယွန်း၀တီဦးသည် onf Stellar Seven Entertainment နှင့် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးနေပြီဖြစ်သည်။ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး အဆောင်ဇာတ်လမ်းတွဲ အတွဲ(၁)တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ လက်ရှိတွင် အဆောင်(အိပ်မက်နိဒါန်း) အတွဲ(၂)ကို ဆက်လက်ရိုက်ကူးတော့မည်ဖြစ်ပြီး ယင်းဇာတ်လမ်းတွဲနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်-

မေး – အဆောင်(အိပ်မက်နိဒါန်း)အတွဲ (၂)မှာ ဘယ်လိုပုံစံမျိုး ပါဝင်သွားမှာလဲ။

ဖြေ – အဆောင်ဇာတ်လမ်းတွဲ အတွဲ(၂)မှာကျတော့ ညီမက အခု ပဒုမ္မာမဖြစ်ခင်ကာလကို ပြန်ပြီးတော့ သွားမှာဆိုတော့ Photo Model တစ်ယောက်အနေနဲ့ တွေ့ရမှာပါ။ လက်ရှိ ကာရိုက်တာနဲ့မကွာတဲ့ ကာရိုက်တာမျိုးလေးပဲ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပဒုမ္မာ ဗေဒင်ဆရာမ မဖြစ်ခင်ကာလမှာ သူကအောင်မြင်တဲ့ Photo Model တစ်ယောက်ပါ။ အဲဒီကနေပြီးတော့မှ သူက အကြားအမြင်ဆရာမတစ်ယောက်ဖြစ်လာတာပါ။ အဲဒီဟာလေးကိုပြန်ပြမှာပါ။

မေး – အဆောင်အတွဲ(၁)တုန်းက ပရိသတ်ဆီကနေ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြန်ကြားရလဲ။

ဖြေ – ပရိသတ်ရဲ့ တုံ့ပြန်မှုကတော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ ညီမကတော့ အဲဒီမှာကိုယ့်ကိုယ်ကိုယ် အရမ်းရုပ်ဆိုးနေတယ်လို့ ခံစားရတယ်။ ပရိသတ်မကြိုက်မှာလည်း ကြောက်ခဲ့တယ်။ ဒါပေမဲ့ ဒီအဆောင်အတွဲ (၂)မှာကျတော့ ညီမ မော်ဒယ်တစ်ယောက်အနေနဲ့ လှလှပပပုံစံလေး ပြန်လာခဲ့ပါမယ်။

မေး – ကာရိုက်တာပိုင်းအတွက် ပီပြင်အောင် ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။

ဖြေ – ညီမကတော့ ကာရိုက်တာမိဖို့ကိုပဲ အာရုံစိုက်တယ်။ ဟစ်တိုင်မှာဆိုလည်း မိတ်ကပ်ကို ညိုမည်းနေအောင်လိမ်းတယ်။ အပြင်မှာကြည့်ရင် ဟာ…ရုပ်ဆိုးလိုက်တာ၊ အိုလိုက်တာပေါ့။ ဒါပေမဲ့ ညီမစိတ်ထဲမှာတွေးထားတာက ကာရိုက်တာမိဖို့၊ အသက်ကြီးတဲ့မိန်းမတစ်ယောက်ပုံစံဖြစ်ဖို့ပါပဲ။ အဆောင်အတွဲ(၁) တုန်းကဆိုလည်း ဝိတ်တွေလည်း ချရတယ်။ မျက်နှာဆိုလည်း ဗေဒင်ဆရာမ ရုပ်ဆိုးဆိုးပုံစံမျိုးပေါ့နော်။ ညီမက လှဖို့၊ မလှဖို့ထက် ကာရိုက်တာမိလို့ရှိရင် ပရိသတ်တွေရင်ထဲ ရောက်သွားမယ်လို့ လက်ခံထားတယ်။

မေး – အတွဲ (၂)ကကော ရှေ့ကဇာတ်လမ်းတွဲနဲ့ ဘယ်လိုကွာခြားမှုတွေရှိမလဲ။

ဖြေ – အဆောင် (၁)မှာကျတော့ ကြောက်စရာကောင်းတဲ့ဟာလေးတွေပါတယ်။ ဒီအတွဲ (၂)မှာကျတော့ အဆောင်သူအချင်းချင်း စိတ်ပုပ်တဲ့ဟာမျိုးလေးတွေပါမှာပေါ့ ။

မေး – သရုပ်ဆောင်ဘက်ကို လုံး၀ကူးပြောင်းတော့မှာလား။

ဖြေ – ဟုတ်ကဲ့ပါ၊ ညီမ သရုပ်ဆောင်ဘက်ကိုပဲ ပိုပြီးတော့ အားသန်တယ်။ ပိုပြီးတော့လည်း ဝါသနာပါတယ်။ ကိုယ်လုပ်နိုင်တယ်လို့လည်း ထင်တယ်။ ပြီးတော့ သရုပ်ဆောင်လုပ်နေရလို့ရှိရင် ရင်ခုန်စိတ်လှုပ်ရှားတယ်။ ညီမနဲ့လည်း အဆင်ပြေတယ်လို့ ခံစားရတယ်။

မေး – ကိုယ်တိုင် စိန်ခေါ်မှုတစ်ခုအနေနဲ့ လုပ်ပြချင်တဲ့ ကာရိုက်တာတစ်ခုကောရှိလား။

ဖြေ – ညီမကို တော်တော်များများက အေးတယ်ဆိုပြီးတော့ တချို့က မလုပ်နိုင်ဘူးလို့ထင်ထားတဲ့ ကာရိုက်တာဆန်းဆန်းလေး၊ ဥပမာ-ညီမနဲ့ လုံး၀ဆန့်ကျင်ဘက်ဖြစ်တဲ့ စပ်စလူးကာရိုက်တာမျိုးကို လုပ်ပြချင်တယ်။ တခြားသူတွေကကျတော့ သူနဲ့ဆို မရလောက်ဘူးလို့ အရမ်းပြောတယ်။ အဲဒီလိုမျိုးလေးတွေ ရိုက်ပြချင်တယ်။ ဒါရိုက်တာတွေကတော့ အသံကအေးအေးလေးနဲ့ အနေလည်းအေးတယ်ဆိုတော့ မဖြစ်ဘူးလို့ထင်ကြတယ်။ ညီမကတော့ အဲဒီကာရိုက်တာကို လုပ်ပြချင်တယ်။

မေး – ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ – အဆောင်အတွဲ (၂)လေးကလည်း ထပ်ပြီးတော့ ထွက်လာတော့မယ်၊ အဲဒီမှာဆိုရင် ကာရိုက်တာအသစ်အဆန်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို အဆောင်သူလေးတွေအများကြီး နောက်ထပ်အသစ်တွေလည်း ပါဝင်ထားပါတယ်။ အဲဒီအတွက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ- စဝ်ယွန်း၀တီဦးဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-