စတာလင္း အဂၤလန္ဂႏၴဝင္ကစားသမားျဖစ္လာႏိုင္ဟု အက္ရွ္ေလကိုး ခ်ီးက်ဴးစကားဆို

အဂၤလန္ေနာက္ခံလူေဟာင္းျဖစ္သူ အက္ရွ္ေလကိုးက မန္စီးတီးအသင္း၏ တိုက္စစ္မႉး စတာလင္းကို အဂၤလန္၏ ဂႏၴဝင္ကစားသမားျဖစ္လာႏိုင္သည္ဟု သုံးသပ္ေျပာၾကားသြားခဲ့သည္။

စတာလင္းသည္ ၿပီးခဲ့သည့္ ၁၂ လအတြင္း မန္စီးတီးႏွင့္ အဂၤလန္အသင္းတို႔အတြက္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ေသာ္လည္း အက္ရွ္ေလကိုးကမူ လက္ရွိ စတာလင္း၏ပုံစံမွာ အစပိုင္းသာရွိေသးၿပီး အနာဂတ္၌ ပိုမိုေကာင္းမြန္သည့္ပုံစံကို ျမင္ေတြ႕ရႏိုင္သည္ဟု ေျပာၾကားသြားခဲ့သည္။ ၂၀၁၂ ခုႏွစ္က အဂၤလန္အသင္းအတြက္ စတာလင္းပြဲထြက္ကစားခ်ိန္တြင္ အက္ရွ္ေလကိုးႏွင့္ တြဲဖက္ကစားခဲ့ဖူးသည္။ အက္ရွ္ေလကိုးက ‘စတာလင္းဟာ ကမၻာ့အေကာင္းဆုံးျဖစ္လာႏိုင္ပါတယ္။ သူဟာ အခုလိုမ်ိဳး ဖန္တီးမႈေကာင္းေတြကို ဆက္လက္ျပဳလုပ္ၿပီး သြင္းဂိုးေတြ ထပ္မံသြင္းယူလို႔ ဆုဖလားေတြ ထပ္မံရရွိမယ္ဆိုရင္ အဂၤလန္ရဲ႕ အႀကီးက်ယ္ဆုံး ကစားသမားျဖစ္လာႏိုင္တယ္။ ရင့္က်က္မႈအျပည့္ရွိၿပီး နည္းျပလိုခ်င္တဲ့ နည္းစနစ္ကို ခ်က္ခ်င္းနားလည္ သူပါ’ ဟု ေျပာၾကားခဲ့သည္။

(Unicode ဖြင့်ဖတ်ရန်)

-Ads-
-Ads-

စတာလင်း အင်္ဂလန်ဂန္ထဝင်ကစားသမားဖြစ်လာနိုင်ဟု အက်ရှ်လေကိုး ချီးကျူးစကားဆို

အင်္ဂလန်နောက်ခံလူဟောင်းဖြစ်သူ အက်ရှ်လေကိုးက မန်စီးတီးအသင်း၏ တိုက်စစ်မှူး စတာလင်းကို အင်္ဂလန်၏ ဂန္ထဝင်ကစားသမားဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

စတာလင်းသည် ပြီးခဲ့သည့် ၁၂ လအတွင်း မန်စီးတီးနှင့် အင်္ဂလန်အသင်းတို့အတွက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အက်ရှ်လေကိုးကမူ လက်ရှိ စတာလင်း၏ပုံစံမှာ အစပိုင်းသာရှိသေးပြီး အနာဂတ်၌ ပိုမိုကောင်းမွန်သည့်ပုံစံကို မြင်တွေ့ရနိုင်သည်ဟု ပြောကြားသွားခဲ့သည်။ ၂၀၁၂ ခုနှစ်က အင်္ဂလန်အသင်းအတွက် စတာလင်းပွဲထွက်ကစားချိန်တွင် အက်ရှ်လေကိုးနှင့် တွဲဖက်ကစားခဲ့ဖူးသည်။ အက်ရှ်လေကိုးက ‘စတာလင်းဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ သူဟာ အခုလိုမျိုး ဖန်တီးမှုကောင်းတွေကို ဆက်လက်ပြုလုပ်ပြီး သွင်းဂိုးတွေ ထပ်မံသွင်းယူလို့ ဆုဖလားတွေ ထပ်မံရရှိမယ်ဆိုရင် အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး ကစားသမားဖြစ်လာနိုင်တယ်။ ရင့်ကျက်မှုအပြည့်ရှိပြီး နည်းပြလိုချင်တဲ့ နည်းစနစ်ကို ချက်ချင်းနားလည် သူပါ’ ဟု ပြောကြားခဲ့သည်။

-Ads-
-Ads-