သ႐ုပ္ေဆာင္ သက္မြန္ျမင့္ႏွင့္ေတြ႕ဆုံျခင္း

“အားခ်စ္ကို အရမ္းခ်စ္ၾကတဲ့အခါက်ေတာ့ ကိုယ့္ကိုခ်စ္တာေတြ ေလ်ာ့မွာစိုးတယ္”

မၾကာမီ႐ုံတင္ျပသမည့္ ဘာလာလာ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ႏွင့္ ေတြ႕ဆုံခိုက္ ဇာတ္ကား႐ိုက္ကူးစဥ္အခ်ိန္က အမွတ္တရမ်ား၊ ဇာတ္ကားလက္ခံ႐ိုက္ကူးျဖစ္ပုံ၊ ဇာတ္ကားႏွင့္ပတ္သက္၍ သိရွိလိုသမၽွ ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး- ဘာလာလာဇာတ္ကား လက္ခံ႐ိုက္ကူးျဖစ္ပုံေလးကို ေျပာျပေပးပါဦး။

ေျဖ – ဒီဇာတ္ကားေလးက ဇာတ္လမ္းအရ လုပ္ႏိုင္တဲ့ အေနအထားမို႔လို႔ လက္ခံျဖစ္တာပါ။ ကိုယ္က အရယ္သန္တဲ့သူဆိုေတာ့ ဒီဇာတ္ကား႐ိုက္တုန္းကေတာ့ ေတာ္ေတာ္ ဒုကၡေရာက္ပါတယ္။ ဇာတ္လိုက္ကလည္း ႐ုပ္တည္နဲ႔ ဇာတ္ၫႊန္းထဲက ပုံစံမဟုတ္တဲ့ဟာေတြလည္း သူကလုပ္တတ္တယ္။ ကိုယ္လည္း အမီလိုက္ရတယ္။ ကိုရဲေလးကလည္း ဟာသဉာဏ္႐ႊင္တယ္။ ကိုႀကံ႕ကေတာ့ ေျပာမေနနဲ႔ေတာ့၊ အဲဒီလိုမ်ိဳးဆိုေတာ့ သူတို႔သုံးေယာက္ၾကားမွာ သက္မြန္ကေတာ့ ေတာ္ေတာ္ေလး ဇာတ္ေကာင္ ပီျပင္ဖို႔အေရး လုပ္ရတယ္။ ဇာတ္ေကာင္ကရယ္လို႔မရေတာ့ ေတာ္ေတာ္စိတ္ကို ထိန္းၿပီးေတာ့ ႐ိုက္ခဲ့ရတယ္။

ေမး – ဇာတ္ကား႐ိုက္ကူးတုန္းကေကာ ဘယ္လိုမ်ိဳး အေပးအယူမၽွမၽွနဲ႔ သ႐ုပ္ေဆာင္ခဲ့ၾကတာလဲ။

ေျဖ – အကုန္လုံးပါပဲ။ အကုန္လက္တြဲညီညီနဲ႔ သ႐ုပ္ေဆာင္ႏိုင္မွ ဇာတ္ကေပၚတာေလ။ တစ္ေယာက္က ခၽြန္ေနလို႔ မရဘူး။ အကုန္လုံးညီၾကပါတယ္။ သူေနရာနဲ႔ သူ အကုန္လုံးအဆင္ေျပေအာင္ ကိုရဲေလးဆိုလည္း သူ႕ ေနရာသူေပါ့။ သူလည္းေတာ္ေတာ္ႀကိဳးစားတယ္။

ေမး – ဇာတ္လိုက္ကိုေက်ာပိုးတဲ့ အခန္းေလးလည္း ေတြ႕တယ္ေနာ္။ အမွတ္တရဘာေတြရွိခဲ့လဲ။

ေျဖ – အဲဒီတုန္းကဆိုရင္ သက္မြန္က တကယ္အျမင့္ဆုံး အဝဆုံးအခ်ိန္၊ ကေလးေျခာက္လဆိုေတာ့ ႏို႔တိုက္တဲ့အခ်ိန္ နဂိုကတည္းက သက္မြန္ကလည္း မိခင္ႏို႔နည္းတဲ့သူထဲမွာပါတယ္။ အသားကုန္စားတဲ့ အခ်ိန္မွာပါတယ္။ သက္မြန္မ႐ိုက္ခ်င္ေသးဘူးလို႔ ေျပာတယ္။ ဒါေပမဲ့ ဇာတ္လမ္းအရ အေဒၚလည္း ျဖစ္တယ္။ ဇာတ္ေကာင္ကို ထိခိုက္မယ့္ ပုံစံမဟုတ္ဘူး။ အဲဒီလိုမ်ိဳးဆိုေတာ့ ႐ိုက္လို႔ရတယ္ဆိုၿပီး ႐ိုက္ျဖစ္သြားတာပါ။ ေျပာမယ္ဆိုရင္ ကိုျမင့္ျမတ္က ပိန္ပိန္ေလးေလ၊ အ႐ိုးေတြပဲရွိတာဆိုေတာ့ ေအးေဆးေက်ာပိုးႏိုင္တာေပါ့။

ေမး- ဇာတ္ကား႐ုံ မတင္တာၾကာၿပီ။ ပရိသတ္အမ်ားႀကီး လာေရာက္ဝန္းရံၾကတဲ့အေပၚ စိတ္ခံစားခ်က္ေလးကေကာ။

ေျဖ – ပရိသတ္ေတြက သက္မြန္ဇာတ္ကားေတြ ႐ုံမတင္တာၾကာေတာ့ သတိရေနၾကတာေပါ့။ ႐ုပ္ရွင္႐ုံအေပၚမွာ သက္မြန္ရဲ႕ ဇာတ္ကားေလးကို သူတို႔ ျမင္ခ်င္တဲ့အခ်ိန္မွာ ဒီဇာတ္ကားေလးထြက္လာေတာ့ အားရပါးရ ဝန္းရံၾကတယ္။ အဲဒီအတြက္လည္း ေက်းဇူးတင္ပါတယ္။ သူတို႔ဘယ္ေလာက္လြမ္းလဲဆိုတာၾကည့္လိုက္ရင္ သိသာပါတယ္။ သူတို႔လာၿပီးေတာ့ ဝန္းရံၾကတယ္။ အားေပးၾကတာ ေတြ႕ရတယ္။

ေမး – အားခ်စ္ကေရာသ႐ုပ္ေဆာင္တာေတြ ဝါသနာပါေနၿပီလား။

ေျဖ – နည္းနည္းေတာ့ ဗီဇပါတယ္။ အခုေတာ့ ပိုဆိုးလာတယ္။သူဘာ စိတ္ကူးရလဲမသိဘူး၊။ ႐ုပ္ရွင္မင္းသား လုပ္မယ္လို႔ေတာ့ေျပာေနတယ္။ နည္းနည္းေလးျပင္ျပင္ဆင္ဆင္ေလးဝတ္ၿပီဆိုရင္ သားကမင္းသားလုပ္မွာ မင္းသားလိုဝတ္မယ္။ အဲဒီလိုမ်ိဳးေတြျဖစ္ေနတယ္။ သူက အရင္တုန္းကေတာ့ လူေၾကာက္တယ္။ အခုကေတာ့ နည္းနည္းအ႐ြယ္ေရာက္လာတာလည္းပါမယ္။ ေက်ာင္းတက္တာေတြလည္း ပါမယ္။ နည္းနည္း႐ိုက္လာတာမ်ားေတာ့ နည္းနည္းေတာ့ လုပ္ႏိုင္လာတယ္။ သိပ္ၿပီးေတာ့ေၾကာက္တတ္ေတာ့ဘူး။ ႐ုပ္ရွင္မင္းသားျဖစ္ခ်င္တယ္ဆိုတာမ်ိဳးေလး ျဖစ္ေနတယ္။ ႀကီးလာရင္ သားႀကိဳးစားမွာေပါ့ေတြလုပ္ေနတယ္။ သူတို႔ ဝါသနာပါတယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ သူတို႔ ဝါသနာပါတယ္။တကယ္လည္း ႀကိဳးစားတယ္ဆိုရင္ေတာ့ ကိုယ္ကေတာ့ ပံ့ပိုးေပးမွာပါ။အခုဆိုရင္ ကိုယ္ေတာင္ စိုးရိမ္ေရမွတ္ေရာက္ေနတယ္။ အခုက ကိုယ့္ထက္ကို ကေလးႏွစ္ေယာက္ကို ပိုခ်စ္ၾကတယ္။ အားခ်စ္ကို အရမ္းခ်စ္ၾကတဲ့အခါက်ေတာ့ ကိုယ့္ကိုခ်စ္တာေတြ ေလ်ာ့မွာစိုးတယ္။ စိုးရိမ္ေရမွတ္ေတာ့ ေရာက္ေနတယ္။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီလိုမ်ိဳးသက္မြန္ရဲ႕ ဇာတ္ကားေလးကို လာေရာက္ဝန္းရံေပးတာ ေရွ႕ဆက္ဖို႔ အားအင္ေတြလည္း အမ်ားႀကီးရပါတယ္။ အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။

ဓာတ္ပုံ – သက္မြန္ျမင့္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

သရုပ်ဆောင် သက်မွန်မြင့်နှင့်တွေ့ဆုံခြင်း

“အားချစ်ကို အရမ်းချစ်ကြတဲ့အခါကျတော့ ကိုယ့်ကိုချစ်တာတွေ လျော့မှာစိုးတယ်”

မကြာမီရုံတင်ပြသမည့် ဘာလာလာရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် သက်မွန်မြင့်နှင့် တွေ့ဆုံခိုက် ဇာတ်ကားရိုက်ကူးစဉ်အချိန်က အမှတ်တရများ၊ ဇာတ်ကားလက်ခံရိုက်ကူးဖြစ်ပုံ၊ ဇာတ်ကားနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်းဖော်ပြလိုက်ပါသည်-

မေး- ဘာလာလာဇာတ်ကား လက်ခံရိုက်ကူးဖြစ်ပုံလေးကို ပြောပြပေးပါဦး။

ဖြေ – ဒီဇာတ်ကားလေးက ဇာတ်လမ်းအရ လုပ်နိုင်တဲ့ အနေအထားမို့လို့ လက်ခံဖြစ်တာပါ။ ကိုယ်က အရယ်သန်တဲ့သူဆိုတော့ ဒီဇာတ်ကားရိုက်တုန်းကတော့ တော်တော် ဒုက္ခရောက်ပါတယ်။ ဇာတ်လိုက်ကလည်း ရုပ်တည်နဲ့ ဇာတ်ညွှန်းထဲက ပုံစံမဟုတ်တဲ့ဟာတွေလည်း သူကလုပ်တတ်တယ်။ ကိုယ်လည်း အမီလိုက်ရတယ်။ ကိုရဲလေးကလည်း ဟာသဉာဏ်ရွှင်တယ်။ ကိုကြံ့ကတော့ ပြောမနေနဲ့တော့၊ အဲဒီလိုမျိုးဆိုတော့ သူတို့သုံးယောက်ကြားမှာ သက်မွန်ကတော့ တော်တော်လေး ဇာတ်ကောင် ပီပြင်ဖို့အရေး လုပ်ရတယ်။ ဇာတ်ကောင်ကရယ်လို့မရတော့ တော်တော်စိတ်ကို ထိန်းပြီးတော့ ရိုက်ခဲ့ရတယ်။

မေး – ဇာတ်ကားရိုက်ကူးတုန်းကကော ဘယ်လိုမျိုး အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ခဲ့ကြတာလဲ။

ဖြေ – အကုန်လုံးပါပဲ။ အကုန်လက်တွဲညီညီနဲ့ သရုပ်ဆောင်နိုင်မှ ဇာတ်ကပေါ်တာလေ။ တစ်ယောက်က ချွန်နေလို့ မရဘူး။ အကုန်လုံးညီကြပါတယ်။ သူနေရာနဲ့ သူ အကုန်လုံးအဆင်ပြေအောင် ကိုရဲလေးဆိုလည်း သူ့ နေရာသူပေါ့။ သူလည်းတော်တော်ကြိုးစားတယ်။

မေး – ဇာတ်လိုက်ကိုကျောပိုးတဲ့ အခန်းလေးလည်း တွေ့တယ်နော်။ အမှတ်တရဘာတွေရှိခဲ့လဲ။

ဖြေ – အဲဒီတုန်းကဆိုရင် သက်မွန်က တကယ်အမြင့်ဆုံး အဝဆုံးအချိန်၊ ကလေးခြောက်လဆိုတော့ နို့တိုက်တဲ့အချိန် နဂိုကတည်းက သက်မွန်ကလည်း မိခင်နို့နည်းတဲ့သူထဲမှာပါတယ်။ အသားကုန်စားတဲ့ အချိန်မှာပါတယ်။ သက်မွန်မရိုက်ချင်သေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဇာတ်လမ်းအရ အဒေါ်လည်း ဖြစ်တယ်။ ဇာတ်ကောင်ကို ထိခိုက်မယ့် ပုံစံမဟုတ်ဘူး။ အဲဒီလိုမျိုးဆိုတော့ ရိုက်လို့ရတယ်ဆိုပြီး ရိုက်ဖြစ်သွားတာပါ။ ပြောမယ်ဆိုရင် ကိုမြင့်မြတ်က ပိန်ပိန်လေးလေ၊ အရိုးတွေပဲရှိတာဆိုတော့ အေးဆေးကျောပိုးနိုင်တာပေါ့။

မေး- ဇာတ်ကားရုံ မတင်တာကြာပြီ။ ပရိသတ်အများကြီး လာရောက်ဝန်းရံကြတဲ့အပေါ် စိတ်ခံစားချက်လေးကကော။

ဖြေ – ပရိသတ်တွေက သက်မွန်ဇာတ်ကားတွေ ရုံမတင်တာကြာတော့ သတိရနေကြတာပေါ့။ ရုပ်ရှင်ရုံအပေါ်မှာ သက်မွန်ရဲ့ ဇာတ်ကားလေးကို သူတို့ မြင်ချင်တဲ့အချိန်မှာ ဒီဇာတ်ကားလေးထွက်လာတော့ အားရပါးရ ဝန်းရံကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဘယ်လောက်လွမ်းလဲဆိုတာကြည့်လိုက်ရင် သိသာပါတယ်။ သူတို့လာပြီးတော့ ဝန်းရံကြတယ်။ အားပေးကြတာ တွေ့ရတယ်။

မေး – အားချစ်ကရောသရုပ်ဆောင်တာတွေ ဝါသနာပါနေပြီလား။

ဖြေ – နည်းနည်းတော့ ဗီဇပါတယ်။ အခုတော့ ပိုဆိုးလာတယ်။သူဘာ စိတ်ကူးရလဲမသိဘူး၊။ ရုပ်ရှင်မင်းသား လုပ်မယ်လို့တော့ပြောနေတယ်။ နည်းနည်းလေးပြင်ပြင်ဆင်ဆင်လေးဝတ်ပြီဆိုရင် သားကမင်းသားလုပ်မှာ မင်းသားလိုဝတ်မယ်။ အဲဒီလိုမျိုးတွေဖြစ်နေတယ်။ သူက အရင်တုန်းကတော့ လူကြောက်တယ်။ အခုကတော့ နည်းနည်းအရွယ်ရောက်လာတာလည်းပါမယ်။ ကျောင်းတက်တာတွေလည်း ပါမယ်။ နည်းနည်းရိုက်လာတာများတော့ နည်းနည်းတော့ လုပ်နိုင်လာတယ်။ သိပ်ပြီးတော့ကြောက်တတ်တော့ဘူး။ ရုပ်ရှင်မင်းသားဖြစ်ချင်တယ်ဆိုတာမျိုးလေး ဖြစ်နေတယ်။ ကြီးလာရင် သားကြိုးစားမှာပေါ့တွေလုပ်နေတယ်။ သူတို့ ဝါသနာပါတယ်ဆိုရင်တော့ ကောင်းပါတယ်။ သူတို့ ဝါသနာပါတယ်။တကယ်လည်း ကြိုးစားတယ်ဆိုရင်တော့ ကိုယ်ကတော့ ပံ့ပိုးပေးမှာပါ။အခုဆိုရင် ကိုယ်တောင် စိုးရိမ်ရေမှတ်ရောက်နေတယ်။ အခုက ကိုယ့်ထက်ကို ကလေးနှစ်ယောက်ကို ပိုချစ်ကြတယ်။ အားချစ်ကို အရမ်းချစ်ကြတဲ့အခါကျတော့ ကိုယ့်ကိုချစ်တာတွေ လျော့မှာစိုးတယ်။ စိုးရိမ်ရေမှတ်တော့ ရောက်နေတယ်။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုမျိုးသက်မွန်ရဲ့ ဇာတ်ကားလေးကို လာရောက်ဝန်းရံပေးတာ ရှေ့ဆက်ဖို့ အားအင်တွေလည်း အများကြီးရပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ – သက်မွန်မြင့်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်