အဆိုေတာ္ နီနီခင္ေဇာ္ႏွင့္ ေတြ႕ဆုံျခင္း

“ပရိသတ္အတြက္ ေပ်ာ္႐ႊင္မႈေတြကိုပဲ ေပးခ်င္တယ္”

အဆိုေတာ္ နီနီခင္ေဇာ္၏ စတုတၳေျမာက္ အေခြျဖစ္သည့္ ‘ပါတီခင္ေဇာ္’ကို Bo Bo Music Production က ျဖန္႔ခ်ိေနၿပီျဖစ္သည္။ သို႔ျဖစ္ရာ ၎ႏွင့္ေတြ႕ဆုံခိုက္ ပါတီခင္ေဇာ္ သီခ်င္းေခြႏွင့္ပတ္သက္၍ သိရွိလိုသမၽွ ေမးျမန္း ေဖာ္ျပေပးလိုက္ပါသည္-

ေမး – ပါတီခင္ေဇာ္ဆိုတဲ့အတိုင္း အျမဴးသီခ်င္းေလးေတြပဲ ေတြ႕ရမွာလား။

ေျဖ – ဒီအေခြေလးထဲမွာ သီခ်င္းေလးေတြကစုံပါတယ္။ အျမဴးသီခ်င္းေလးေတြေရာ၊ အလြမ္းသီခ်င္းေတြပါ ပါတယ္။ အေဆြးသီခ်င္းေတြလည္း ပါပါတယ္။ ပါတီခင္ေဇာ္ကေတာ့ Title တစ္ခုအေနနဲ႔ပဲ နာမည္ေပးထားတာပါ။

ေမး – Featuring အေနနဲ႔ ပိုင္တံခြန္သီဆိုထားတဲ့သီခ်င္းေလးအေၾကာင္း ေျပာျပေပးပါဦး။

ေျဖ – နီနီကေတာ့ သူသ႐ုပ္ေဆာင္တာအျပင္ သီခ်င္းပါ ဆိုႏိုင္မယ္လို႔ထင္တဲ့အတြက္ ပါတီခင္ေဇာ္အေခြေလးထဲမွာ သူနဲ႔တြဲၿပီး သီဆိုျဖစ္တယ္။ အစတုန္းကေတာ့ သူနဲ႔ MTV ႐ိုက္မယ္ဆိုၿပီး စဥ္းစားထားၿပီးေတာ့မွ သူသီခ်င္းဆိုတတ္တာကိုသိရေတာ့ နီနီသူနဲ႔သီဆိုျဖစ္သြားတာပါ။ သီခ်င္းေလးကေတာ့ ေပ်ာ္စရာေကာင္းတဲ့သီခ်င္းေလးမ်ိဳးပါပဲ။ သူနဲ႔လည္းလိုက္ဖက္ပါတယ္။

ေမး – ဘယ္လိုေၾကာင့္ အတူတူတြဲဆိုျဖစ္ခဲ့တာလဲ။

ေျဖ – သူနဲ႔ဒီသီခ်င္းထဲမွာပါတဲ့ ကာ႐ိုက္တာက အရမ္းလိုက္တယ္။ ႐ုပ္ပိုင္းဆိုင္ရာလိုက္ဖက္မႈရွိတယ္။ အဲဒါကို နီနီကတျခားတစ္ေယာက္ရဲ႕အသံကို ထပ္ျဖည့္တယ္ဆိုရင္ သူ႕ေလာက္လိုက္မွာမဟုတ္ဘူး။ ဒီသီခ်င္းကို အသံခ်ည္းပဲ နားေထာင္တဲ့သူေတြကေတာ့ သူ႕႐ုပ္နဲ႔ မကိုက္မိေသးဘူးဆိုရင္ေတာ့ တစ္မ်ိဳးခ်ည္းျဖစ္ရင္ ျဖစ္ေနလိမ့္မယ္။ ဒါေပမဲ့ သူ႕ပုံစံနဲ႔သီခ်င္းနဲ႔က ကြက္တိ၊ တစ္သားတည္းက်တယ္။ ေတာ္ေတာ့္ကိုတစ္သားတည္းက်တယ္ဆိုေတာ့ ဒီသီခ်င္း MTV က လာမယ့္ တစ္ပတ္ေလာက္ဆိုရင္ထြက္ၿပီ။ FGနဲ႔ JOOX ကေနၿပီးေတာ့ တင္မယ္။ အဲဒီအခါက်ရင္ေတာ့ သူ႕ကိုျမင္ရပါလိမ့္မယ္။

ေမး – နီနီဘက္ကေကာ ပိုင္တံခြန္ကို သီခ်င္းဆိုတဲ့အပိုင္းေတြမွာ ေျပာျပေပးရတာေတြရွိလား။

ေျဖ – သူက ဟိုးအရင္ကတည္းကသီခ်င္းေတြ ဘာေတြ ထြက္ဖူးတယ္ေလ။ ထြက္ဖူးေတာ့ သိပ္အမ်ားႀကီးေတာ့ ေျပာစရာမလိုဘူး။ ဒါေပမဲ့ အတြဲဆိုတာကေတာ့ နီနီနဲ႔ ပထမဆုံး သီခ်င္းစဆိုဖူးတာဆိုေတာ့ ပိုင္တံခြန္ကေတာ့ ရင္ခုန္ေနတယ္။ ဆိုတဲ့ေန႔တုန္းကလည္း သူေတာ္ေတာ္ႀကိဳးစားၿပီးေတာ့ သီဆိုေပးတယ္။ ေခၽြးေတြလည္း ျပန္ေနတယ္။

ေမး – ပါတီခင္ေဇာ္အေခြထဲမွာနီနီကိုယ္တိုင္ေရးၿပီးေတာ့ ခံစားရတဲ့ သီခ်င္းေလးတစ္ပုဒ္ပါတယ္လို႔ ၾကားတယ္။ အဲဒီသီခ်င္းေလးအေၾကာင္း ေျပာျပေပးပါဦး။

ေျဖ – အဲဒီသီခ်င္းကေတာ့ ထူးဆန္းတဲ့အေနနဲ႔ နီနီ ဒီအထဲမွာ ထည့္ထားတာပါ။ အဲဒီသီခ်င္းကရတဲ့ အႏွစ္သာရကိုလည္း မလုပ္ေစခ်င္ဘူး။ နီနီအေနနဲ႔ပရိသတ္အတြက္ ေပ်ာ္႐ႊင္မႈေတြကိုပဲ ေပးခ်င္တယ္။ ေနာက္ၿပီးေတာ့ စိတ္ဓာတ္တက္ႂကြမႈေတြကိုပဲေပးခ်င္တဲ့သူ တစ္ေယာက္ပါ။ ဒါေပမဲ့ ဒီသီခ်င္းက နီနီကအႏုပညာရွင္ဘက္ကေနပဲ ေရးထားတာျဖစ္တယ္။ သီခ်င္းထဲကအေၾကာင္းအရာလိုမ်ိဳး လုံး၀မျဖစ္ေစခ်င္ပါဘူး။ ဒီသီခ်င္းကို ေရးၿပီးသြားတဲ့အခ်ိန္ ရတဲ့အေတြးက နီနီေရးသလိုမဟုတ္ဘဲနဲ႔ တျခားစိတ္ဝိညာဥ္တစ္ခုေၾကာင့္ ေရးသလိုမ်ိဳးခံစားရတယ္။ ေရးဖို႔အစီအစဥ္မရွိဘဲ ေရးျဖစ္သြားတယ္။ ၿပီးသြားတဲ့ အဲဒီညမွာပဲ အြန္လိုင္းေပၚမွာတက္လာတဲ့အေၾကာင္းအရင္းတစ္ခုကလည္း ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတယ္ဆိုတဲ့ အေၾကာင္းေလးတက္လာတယ္။ ဒါကိုျမင္ရတဲ့အခ်ိန္မွာအရမ္းစိတ္မေကာင္းျဖစ္သြားတယ္။ ၾကက္သီးေတြလည္း တျဖန္းျဖန္းထ၊အရမ္းေၾကာက္လန္႔ၿပီးေတာ့ အိမ္ကသူေတြကိုလည္း ေျပာျပျဖစ္တယ္။ ေတးထုတ္လုပ္ေပးမယ့္သူကိုလည္း ဖုန္းဆက္ၿပီးေတာ့ ေျပာျပျဖစ္တယ္။ ေၾကာက္ၿပီးအရမ္းလန္႔သြားတဲ့အတြက္ ဒီသီခ်င္းကို အစတုန္းကေတာ့ Public ထုတ္ေပးဖို႔ အစီအစဥ္မရွိခဲ့ဘူး။ ဒါေပမဲ့ ဒီလိုျဖစ္တာေတြက အျပင္မွာ တကယ္ရွိတယ္။ ကိုယ့္ရဲ႕ ျဖစ္တည္မႈတစ္ခုကို ပတ္ဝန္းက်င္က ဖိႏွိပ္မႈေတြေၾကာင့္ ဒါမ်ိဳးျဖစ္သြားတဲ့အခါမွာ သူ႕လိပ္ျပာက ထာ၀ရႏႈတ္ဆိတ္ခဲ့တယ္ေပါ့။ ဒီသီခ်င္းကိုလည္း ပညာေပးအေနနဲ႔ပဲနီနီထည့္ထားတာပါ။ ျဖစ္ႏိုင္ရင္ လုံး၀နားမေထာင္ေစခ်င္ပါဘူး။

ေမး – ေနာက္လထဲမွာ႐ႈိးပြဲလုပ္မယ္လို႔သိရတယ္။

ေျဖ – ဟုတ္ပါတယ္။ ႐ႈိးပြဲက ႏိုဝင္ဘာ ၂ ရက္ မဂၤလာ မႏၲေလးမွာ ျပဳလုပ္ပါမယ္။ ပါတီပြဲပုံစံမ်ိဳးေလးလုပ္မွာပါ။ ပါတီခင္ေဇာ္ကိုယ္တိုင္ သီဆိုမယ့္ပြဲပါ။

ေမး – အားေပးမယ့္ ပရိသတ္ေတြကိုလည္း စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ – မအားမလပ္တဲ့ ၾကားထဲကေန အားေပးၾကတဲ့ ပရိသတ္ေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီအေခြကို တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ဘိုဘိုကေန ျဖန္႔ခ်ိေပးေနၿပီး FGကေန ထုတ္လုပ္ေပးထားတာ ျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ နီနီကို အစစအရာရာ ကူညီေပးၾကတဲ့သူေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ရင္းနဲ႔ ေလးေခြေျမာက္မွတ္တိုင္ကို စိုက္ထူလိုက္ပါၿပီ။

ဓာတ္ပုံ – နီနီခင္ေဇာ္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………

(Unicode ဖြင့်ဖတ်ရန်)

အဆိုတော် နီနီခင်ဇော်နှင့် တွေ့ဆုံခြင်း

“ပရိသတ်အတွက် ပျော်ရွှင်မှုတွေကိုပဲ ပေးချင်တယ်”

အဆိုတော် နီနီခင်ဇော်၏ စတုတ္ထမြောက် အခွေဖြစ်သည့် ‘ပါတီခင်ဇော်’ကို Bo Bo Music Production က ဖြန့်ချိနေပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းနှင့်တွေ့ဆုံခိုက် ပါတီခင်ဇော် သီချင်းခွေနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်း ဖော်ပြပေးလိုက်ပါသည်-

မေး – ပါတီခင်ဇော်ဆိုတဲ့အတိုင်း အမြူးသီချင်းလေးတွေပဲ တွေ့ရမှာလား။

ဖြေ – ဒီအခွေလေးထဲမှာ သီချင်းလေးတွေကစုံပါတယ်။ အမြူးသီချင်းလေးတွေရော၊ အလွမ်းသီချင်းတွေပါ ပါတယ်။ အဆွေးသီချင်းတွေလည်း ပါပါတယ်။ ပါတီခင်ဇော်ကတော့ Title တစ်ခုအနေနဲ့ပဲ နာမည်ပေးထားတာပါ။

မေး – Featuring အနေနဲ့ ပိုင်တံခွန်သီဆိုထားတဲ့သီချင်းလေးအကြောင်း ပြောပြပေးပါဦး။

ဖြေ – နီနီကတော့ သူသရုပ်ဆောင်တာအပြင် သီချင်းပါ ဆိုနိုင်မယ်လို့ထင်တဲ့အတွက် ပါတီခင်ဇော်အခွေလေးထဲမှာ သူနဲ့တွဲပြီး သီဆိုဖြစ်တယ်။ အစတုန်းကတော့ သူနဲ့ MTV ရိုက်မယ်ဆိုပြီး စဉ်းစားထားပြီးတော့မှ သူသီချင်းဆိုတတ်တာကိုသိရတော့ နီနီသူနဲ့သီဆိုဖြစ်သွားတာပါ။ သီချင်းလေးကတော့ ပျော်စရာကောင်းတဲ့သီချင်းလေးမျိုးပါပဲ။ သူနဲ့လည်းလိုက်ဖက်ပါတယ်။

မေး – ဘယ်လိုကြောင့် အတူတူတွဲဆိုဖြစ်ခဲ့တာလဲ။

ဖြေ – သူနဲ့ဒီသီချင်းထဲမှာပါတဲ့ ကာရိုက်တာက အရမ်းလိုက်တယ်။ ရုပ်ပိုင်းဆိုင်ရာလိုက်ဖက်မှုရှိတယ်။ အဲဒါကို နီနီကတခြားတစ်ယောက်ရဲ့အသံကို ထပ်ဖြည့်တယ်ဆိုရင် သူ့လောက်လိုက်မှာမဟုတ်ဘူး။ ဒီသီချင်းကို အသံချည်းပဲ နားထောင်တဲ့သူတွေကတော့ သူ့ရုပ်နဲ့ မကိုက်မိသေးဘူးဆိုရင်တော့ တစ်မျိုးချည်းဖြစ်ရင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ သူ့ပုံစံနဲ့သီချင်းနဲ့က ကွက်တိ၊ တစ်သားတည်းကျတယ်။ တော်တော့်ကိုတစ်သားတည်းကျတယ်ဆိုတော့ ဒီသီချင်း MTV က လာမယ့် တစ်ပတ်လောက်ဆိုရင်ထွက်ပြီ။ FGနဲ့ JOOX ကနေပြီးတော့ တင်မယ်။ အဲဒီအခါကျရင်တော့ သူ့ကိုမြင်ရပါလိမ့်မယ်။

မေး – နီနီဘက်ကကော ပိုင်တံခွန်ကို သီချင်းဆိုတဲ့အပိုင်းတွေမှာ ပြောပြပေးရတာတွေရှိလား။

ဖြေ – သူက ဟိုးအရင်ကတည်းကသီချင်းတွေ ဘာတွေ ထွက်ဖူးတယ်လေ။ ထွက်ဖူးတော့ သိပ်အများကြီးတော့ ပြောစရာမလိုဘူး။ ဒါပေမဲ့ အတွဲဆိုတာကတော့ နီနီနဲ့ ပထမဆုံး သီချင်းစဆိုဖူးတာဆိုတော့ ပိုင်တံခွန်ကတော့ ရင်ခုန်နေတယ်။ ဆိုတဲ့နေ့တုန်းကလည်း သူတော်တော်ကြိုးစားပြီးတော့ သီဆိုပေးတယ်။ ချွေးတွေလည်း ပြန်နေတယ်။

မေး – ပါတီခင်ဇော်အခွေထဲမှာနီနီကိုယ်တိုင်ရေးပြီးတော့ ခံစားရတဲ့ သီချင်းလေးတစ်ပုဒ်ပါတယ်လို့ ကြားတယ်။ အဲဒီသီချင်းလေးအကြောင်း ပြောပြပေးပါဦး။

ဖြေ – အဲဒီသီချင်းကတော့ ထူးဆန်းတဲ့အနေနဲ့ နီနီ ဒီအထဲမှာ ထည့်ထားတာပါ။ အဲဒီသီချင်းကရတဲ့ အနှစ်သာရကိုလည်း မလုပ်စေချင်ဘူး။ နီနီအနေနဲ့ပရိသတ်အတွက် ပျော်ရွှင်မှုတွေကိုပဲ ပေးချင်တယ်။ နောက်ပြီးတော့ စိတ်ဓာတ်တက်ကြွမှုတွေကိုပဲပေးချင်တဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ ဒီသီချင်းက နီနီကအနုပညာရှင်ဘက်ကနေပဲ ရေးထားတာဖြစ်တယ်။ သီချင်းထဲကအကြောင်းအရာလိုမျိုး လုံး၀မဖြစ်စေချင်ပါဘူး။ ဒီသီချင်းကို ရေးပြီးသွားတဲ့အချိန် ရတဲ့အတွေးက နီနီရေးသလိုမဟုတ်ဘဲနဲ့ တခြားစိတ်ဝိညာဉ်တစ်ခုကြောင့် ရေးသလိုမျိုးခံစားရတယ်။ ရေးဖို့အစီအစဉ်မရှိဘဲ ရေးဖြစ်သွားတယ်။ ပြီးသွားတဲ့ အဲဒီညမှာပဲ အွန်လိုင်းပေါ်မှာတက်လာတဲ့အကြောင်းအရင်းတစ်ခုကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ဆိုတဲ့ အကြောင်းလေးတက်လာတယ်။ ဒါကိုမြင်ရတဲ့အချိန်မှာအရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ကြက်သီးတွေလည်း တဖြန်းဖြန်းထ၊အရမ်းကြောက်လန့်ပြီးတော့ အိမ်ကသူတွေကိုလည်း ပြောပြဖြစ်တယ်။ တေးထုတ်လုပ်ပေးမယ့်သူကိုလည်း ဖုန်းဆက်ပြီးတော့ ပြောပြဖြစ်တယ်။ ကြောက်ပြီးအရမ်းလန့်သွားတဲ့အတွက် ဒီသီချင်းကို အစတုန်းကတော့ Public ထုတ်ပေးဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်တာတွေက အပြင်မှာ တကယ်ရှိတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုတစ်ခုကို ပတ်ဝန်းကျင်က ဖိနှိပ်မှုတွေကြောင့် ဒါမျိုးဖြစ်သွားတဲ့အခါမှာ သူ့လိပ်ပြာက ထာ၀ရနှုတ်ဆိတ်ခဲ့တယ်ပေါ့။ ဒီသီချင်းကိုလည်း ပညာပေးအနေနဲ့ပဲနီနီထည့်ထားတာပါ။ ဖြစ်နိုင်ရင် လုံး၀နားမထောင်စေချင်ပါဘူး။

မေး – နောက်လထဲမှာရှိုးပွဲလုပ်မယ်လို့သိရတယ်။

ဖြေ – ဟုတ်ပါတယ်။ ရှိုးပွဲက နိုဝင်ဘာ ၂ ရက် မင်္ဂလာ မန္တလေးမှာ ပြုလုပ်ပါမယ်။ ပါတီပွဲပုံစံမျိုးလေးလုပ်မှာပါ။ ပါတီခင်ဇော်ကိုယ်တိုင် သီဆိုမယ့်ပွဲပါ။

မေး – အားပေးမယ့် ပရိသတ်တွေကိုလည်း စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ – မအားမလပ်တဲ့ ကြားထဲကနေ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအခွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဘိုဘိုကနေ ဖြန့်ချိပေးနေပြီး FGကနေ ထုတ်လုပ်ပေးထားတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် နီနီကို အစစအရာရာ ကူညီပေးကြတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ရင်းနဲ့ လေးခွေမြောက်မှတ်တိုင်ကို စိုက်ထူလိုက်ပါပြီ။

ဓာတ်ပုံ – နီနီခင်ဇော်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်