႐ုရွားဂရင္းပရီတြင္ ဟာမီလ္တန္ ဗိုလ္စြဲၿပီး ေျခာက္ႀကိမ္ေျမာက္ကမၻာ့ခ်န္ပီယံျဖစ္ရန္နီးစပ္

စက္တင္ဘာ ၂၉ ရက္တြင္ ယွဥ္ၿပိဳင္သည့္ ႐ုရွားဂရင္းပရီ ေဖာ္ျမဴလာဝမ္းကားၿပိဳင္ပြဲတြင္ နာမည္ႀကီး ၿဗိတိန္ၿပိဳင္ကားသမား လူးဝစ္ဟာမီလ္တန္သည္ အႏိုင္ရဗိုလ္စြဲခဲ့သျဖင့္ ေျခာက္ႀကိမ္ေျမာက္ ကမၻာ့ခ်န္ပီယံဆုရရွိရန္ နီးစပ္သြားခဲ့ၿပီျဖစ္သည္။ မာစီဒီးအသင္းမွ ဟာမီလ္တန္သည္ အသင္းေဖာ္ ဗယ္လ္တာရီေဘာ့တက္စ္ကို ေက်ာ္တက္ၿပီး စံခ်ိန္ တစ္နာရီ ၃၃ မိနစ္၊ ၃၈ ဒသမ ၉၉၂ စကၠန္႔ျဖင့္ ေရွ႕ဆုံးမွ ပန္းဝင္ခဲ့ျခင္းျဖစ္သည္။

ယခုႏိုင္ပြဲေၾကာင့္ ဟာမီလ္တန္သည္ ၿပိဳင္ကားသမား အဆင့္ ရပ္တည္မႈတြင္ ထိပ္ဆုံးမွ ဆက္လက္ဦးေဆာင္ကာ ရာသီၿပီးဆုံးရန္ ေနာက္ထပ္အမွတ္ ၁၃၀ သာလိုေတာ့သည့္အခ်ိန္တြင္ ဒုတိယေနရာမွ အသင္းေဖာ္ ၿပိဳင္ကားသမား ဗယ္တာရီေဘာ့တက္စ္ကို ၇၂ မွတ္ျဖတ္ထားႏိုင္ျခင္းျဖစ္သည္။ ယခုရာသီတြင္ ေဖာ္ျမဴလာဝမ္း ၿပိဳင္ပြဲမ်ားသည္ ၁၆ ပြဲကစားခဲ့ၿပီးျဖစ္ကာ ရာသီမသိမ္းမီ ဂ်ပန္၊ မကၠဆီကို၊ ယူအက္စ္၊ ဘရာဇီးႏွင့္ အဘူဒါဘီဂရင္းပရီၿပိဳင္ပြဲမ်ားသာ ဆက္လက္ယွဥ္ၿပိဳင္ကစားရန္ က်န္ရွိေနသည္။ ဟာမီလ္တန္သည္ ၂၀၀၈၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ ႏွင့္ ၂၀၁၈ ခုႏွစ္မ်ားတြင္ ကမၻာ့ခ်န္ပီယံဆုငါးႀကိမ္ရယူထားၿပီးျဖစ္သည္။

(Unicode ဖြင့်ဖတ်ရန်)

-Ads-
-Ads-

ရုရှားဂရင်းပရီတွင် ဟာမီလ်တန် ဗိုလ်စွဲပြီး ခြောက်ကြိမ်မြောက်ကမ္ဘာ့ချန်ပီယံဖြစ်ရန်နီးစပ်

စက်တင်ဘာ ၂၉ ရက်တွင် ယှဉ်ပြိုင်သည့် ရုရှားဂရင်းပရီ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွင် နာမည်ကြီး ဗြိတိန်ပြိုင်ကားသမား လူးဝစ်ဟာမီလ်တန်သည် အနိုင်ရဗိုလ်စွဲခဲ့သဖြင့် ခြောက်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုရရှိရန် နီးစပ်သွားခဲ့ပြီဖြစ်သည်။ မာစီဒီးအသင်းမှ ဟာမီလ်တန်သည် အသင်းဖော် ဗယ်လ်တာရီဘော့တက်စ်ကို ကျော်တက်ပြီး စံချိန် တစ်နာရီ ၃၃ မိနစ်၊ ၃၈ ဒသမ ၉၉၂ စက္ကန့်ဖြင့် ရှေ့ဆုံးမှ ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် ဟာမီလ်တန်သည် ပြိုင်ကားသမား အဆင့် ရပ်တည်မှုတွင် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်ကာ ရာသီပြီးဆုံးရန် နောက်ထပ်အမှတ် ၁၃၀ သာလိုတော့သည့်အချိန်တွင် ဒုတိယနေရာမှ အသင်းဖော် ပြိုင်ကားသမား ဗယ်တာရီဘော့တက်စ်ကို ၇၂ မှတ်ဖြတ်ထားနိုင်ခြင်းဖြစ်သည်။ ယခုရာသီတွင် ဖော်မြူလာဝမ်း ပြိုင်ပွဲများသည် ၁၆ ပွဲကစားခဲ့ပြီးဖြစ်ကာ ရာသီမသိမ်းမီ ဂျပန်၊ မက္ကဆီကို၊ ယူအက်စ်၊ ဘရာဇီးနှင့် အဘူဒါဘီဂရင်းပရီပြိုင်ပွဲများသာ ဆက်လက်ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသည်။ ဟာမီလ်တန်သည် ၂၀၀၈၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် ကမ္ဘာ့ချန်ပီယံဆုငါးကြိမ်ရယူထားပြီးဖြစ်သည်။

-Ads-
-Ads-