ရုပ်သေးရုပ်ကလေးရဲ့ဖန်ဆင်းရှင်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ

မြန်မာနိုင်ငံမှာ ရှေးယခင် မင်းများလက်ထက်က ရုပ်သေးသဘင်ကို အမြင့်သဘင်၊ ဇာတ်သဘင်ကို အနိမ့်သဘင်ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ မြန်မာ့ရုပ်သေးသဘင်ဟာ သမိုင်းအထောက်အထားများအရ ၁၁၃၈ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ ငစဥ့်ကူးမင်းလက်ထက်က သဘင်ဝန်ရာထူးဖြင့် အမှုထမ်းခဲ့ရသူ ဦးသော် စတင်ဖန်တီး တီထွင်ကပြခဲ့တယ်လို့သိရှိရပါတယ်။ ဒီထက်ပိုရှေးကျတဲ့ အထောက်အထားများရှိတယ်လို့လည်း သိရှိရပြီး ရှေးက မြန်မာမင်းများ ကြည့်ရှု့အသုံးတော်ခံရန်အတွက်သာ အဓိကကပြဖျော်ဖြေရတဲ့ သဘင်အမျိုးအစားလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုးရာအမြင့်သဘင်ဖြစ်တဲ့ ကြိုးဆွဲရုပ်သေးပြုလုပ်တဲ့ ရုပ်သေးထိုးပညာရှင်များ ရှားပါးလာနေပြီး ရုပ်သေးကြိုးဆွဲပညာရှင် ဦးကျော်ထွန်းရဲ့သားသမီး(၅)ယောက်ထဲမှာမှ ကိုအောင်သန်းထွန်းနဲ့ မဝေေ၀လင်းတို့ မောင်နှမနှစ်ယောက်ကတော့ ဖခင်ဖြစ်သူရဲ့ကြိုးဆွဲပညာရပ်ထက် ရုပ်သေးထိုးပညာကို အသက်မွေးဝမ်းကြောင်းပညာအဖြစ် အခုအချိန် မိခင်ဖြစ်သူနဲ့အတူ လုပ်ကိုင်လျက်ရှိကြောင်းကို စံတော်ချိန်က ရိုက်ကူးတင်ဆက်လိုက်ရပါတယ်။

ရိုက်ကူး၊ တင်ဆက် – ကြယ်စင်