‘မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် လက်လွတ်ခဲ့သော အခွင့်အလမ်းများ’စာအုပ် ရေးသားပြုစုသူ ဦးရဲထွဋ်နှင့်တွေ့ဆုံခြင်း (အပိုင်း – ၁)

စံတော်ချိန်_ခေတ်ပုံရိပ်တွေ့ဆုံမေးမြန်းခန်း

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်နိုင်ငံရေးထဲသွင်းလာတဲ့ကိစ္စမှာ သူရဦးရွှေမန်း ပြောခဲ့တယ်ဆိုတဲ့စကားတစ်ခွန်း။ တကယ်ပဲ ဒီစကားပြောခဲ့တာပါလား။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်နိုင်ငံရေးထဲသွင်းလာတဲ့ကိစ္စကြောင့် ဦးသန်းရွှေက ဦးသိန်းစိန်ကို အပြစ် ပေးခဲ့သလား။

-Ads-
-Ads-

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘာကြောင့် သူရဦးရွှေမန်းကို သမ္မတရာထူးမပေးခဲ့သလဲ။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ လက်လွတ်ခဲ့တဲ့ အခွင့်အလမ်းများ(Myanmar’s Political Transition and Lost Opportunities,2010–2016) ဆိုတဲ့စာအုပ် အောက်တိုဘာ ၁ ရက်က ထွက်လာပါတယ်။

အဲဒီစာအုပ်ကို ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတပြောရေးဆိုခွင့်ရှိသူတာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က သုံးနှစ် လောက်အချိန်ယူရေးသားခဲ့ပြီး စင်ကာပူအခြေစိုက် ISEAS က ထုတ်ဝေပါတယ်။

ဒီစာအုပ်မှာ အကြောင်းအရာအများစုက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းကို တိုက်ခိုက်တဲ့ အကြောင်းတွေပဲ လွှမ်းမိုးထားတယ်လို့ ဝေဖန်ခံထားရပါတယ်။

အထက်မှာဖော်ပြထားတဲ့အကြောင်းအရာတွေအပြင် စာအုပ်ထဲမှာထည့်သွင်းဖော်ပြခဲ့တဲ့ မြန်မာ့နွေဦးရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်း စာအုပ်ပြုစုရေးသားခဲ့တဲ့ ဦးရဲထွဋ်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီတွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ Frontier Myanmar အယ်ဒီတာနန္ဒက ပါဝင်တင်ဆက်ထားပါတယ်။

-Ads-
-Ads-