တစ္ပတ္ေပါင္သုံးသိန္းခြဲေပးထားရေသာ အိုေဇးကို ဖီနာဘာခ်ီထံ အာဆင္နယ္အငွားခ်ဖြယ္

အာဆင္နယ္အသင္းတြင္ တစ္ပတ္လစာ ေပါင္ သုံးသိန္းခြဲရရွိေနေသာ ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးကို လာမည့္ ဇန္နဝါရီေဈးကြက္တြင္ တူရကီကလပ္ ဖီနာဘာခ်ီအသင္းထံ အဌားခ်သြားရန္ ေဆြးေႏြးေျပာဆိုမႈမ်ားျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အိုေဇးသည္ ယခုရာသီတြင္ အာဆင္နယ္အတြက္ ႏွစ္ပြဲသာ ကစားခြင့္ရေသးၿပီး ရစ္နယ္လ္ဆင္၊ ဆီဘယ္ေလာ့စ္ႏွင့္ ဂ်ိဳးဝီေလာ့တို႔ ေျခစြမ္းေကာင္း ျပသေနႏိုင္သည့္အတြက္ အာဆင္နယ္တြင္ ေနရာမရႏိုင္ေသာေၾကာင့္ ဝန္ပိုျဖစ္ေနေသာ အိုေဇးအား ဖီနာဘာခ်ီထံ အငွားခ်ရန္ စတင္ေဆြးေႏြးေနၿပီဟု သိရသည္။

အာဆင္နယ္တြင္ လစာအမ်ားဆုံး ရရွိေနေသာ အိုေဇးႏွင့္ပတ္သက္ၿပီး တူရကီသတင္းစာ တက္ခ္ဗင္တြင္ ေဖာ္ျပထားၿပီး ဖီနာဘာခ်ီအသင္းသည္ ကမၻာ့ဖလားခ်န္ပီယံအိုေဇးကို အငွားျဖင့္ေခၚယူရန္ ေဆြးေႏြးေနသည္ဟု ေဖာ္ျပပါရွိသည္။ အသက္ (၃၀) ရွိၿပီျဖစ္ေသာ အိုေဇးသည္ ၿပီးခဲ့သည့္ ေႏြေဈးကြက္က အသင္းေခါင္းေဆာင္ကိုစီရယ္လ္နီ ထြက္ခြာသြားသည့္အတြက္ အသင္းေခါင္းေဆာင္အသစ္ ျဖစ္လာႏိုင္သည့္ အေနအထားရွိခဲ့ေသာ္လည္း နည္းျပအူႏိုင္းအမ္မရီက ကြင္းလယ္လူ ဂရာနစ္ရွာကာကိုသာ အသင္းေခါင္းေဆာင္ေနရာေပးခဲ့ၿပီး အိုေဇးသည္ ပြဲထြက္ခြင့္အတြက္လည္း မ်က္ႏွာသာေပးျခင္း မခံရေတာ့၍ အငွားထြက္ ကစားဖြယ္ရွိသည္။

(Unicode ဖြင့်ဖတ်ရန်)

တစ်ပတ်ပေါင်သုံးသိန်းခွဲပေးထားရသော အိုဇေးကို ဖီနာဘာချီထံ အာဆင်နယ်အငှားချဖွယ်

အာဆင်နယ်အသင်းတွင် တစ်ပတ်လစာ ပေါင် သုံးသိန်းခွဲရရှိနေသော ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးကို လာမည့် ဇန်နဝါရီဈေးကွက်တွင် တူရကီကလပ် ဖီနာဘာချီအသင်းထံ အဌားချသွားရန် ဆွေးနွေးပြောဆိုမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အိုဇေးသည် ယခုရာသီတွင် အာဆင်နယ်အတွက် နှစ်ပွဲသာ ကစားခွင့်ရသေးပြီး ရစ်နယ်လ်ဆင်၊ ဆီဘယ်လော့စ်နှင့် ဂျိုးဝီလော့တို့ ခြေစွမ်းကောင်း ပြသနေနိုင်သည့်အတွက် အာဆင်နယ်တွင် နေရာမရနိုင်သောကြောင့် ဝန်ပိုဖြစ်နေသော အိုဇေးအား ဖီနာဘာချီထံ အငှားချရန် စတင်ဆွေးနွေးနေပြီဟု သိရသည်။

အာဆင်နယ်တွင် လစာအများဆုံး ရရှိနေသော အိုဇေးနှင့်ပတ်သက်ပြီး တူရကီသတင်းစာ တက်ခ်ဗင်တွင် ဖော်ပြထားပြီး ဖီနာဘာချီအသင်းသည် ကမ္ဘာ့ဖလားချန်ပီယံအိုဇေးကို အငှားဖြင့်ခေါ်ယူရန် ဆွေးနွေးနေသည်ဟု ဖော်ပြပါရှိသည်။ အသက် (၃၀) ရှိပြီဖြစ်သော အိုဇေးသည် ပြီးခဲ့သည့် နွေဈေးကွက်က အသင်းခေါင်းဆောင်ကိုစီရယ်လ်နီ ထွက်ခွာသွားသည့်အတွက် အသင်းခေါင်းဆောင်အသစ် ဖြစ်လာနိုင်သည့် အနေအထားရှိခဲ့သော်လည်း နည်းပြအူနိုင်းအမ်မရီက ကွင်းလယ်လူ ဂရာနစ်ရှာကာကိုသာ အသင်းခေါင်းဆောင်နေရာပေးခဲ့ပြီး အိုဇေးသည် ပွဲထွက်ခွင့်အတွက်လည်း မျက်နှာသာပေးခြင်း မခံရတော့၍ အငှားထွက် ကစားဖွယ်ရှိသည်။