ဖြစ်တည်မှုတစ်ခုအတွက် လောကဓံကိုအန်တုခဲ့တဲ့အလှ ဖန်တီးရှင်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ

လူတိုင်းမှာ ငယ်ဘ၀အမှတ်တရကိုယ်စီရှိကြပါတယ်။ မိတ်ကပ်အလှဖန်တီးရှင် ဂူချီအောင်လဲ တစ်ချိန်ကယောက်ျားလေးတစ်ယောက်လို အမှတ်တရတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက် ၂၀ ကျော်မှာဆန့်ကျင်ဘက်လိင်တစ်ဦးအသွင်ပြောင်းလဲ ရပ်တည်ဖို့ရွေးချယ်လိုက်ချိန်မှာတော့ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

မိန်းမလျာတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီးနှစ်တွေအတော်ကြာမှမိခင်ကလက်ခံပေးခဲ့တာဖြစ်သလိုအခက်ခဲတွေကြားမှာရုန်းကန်လာရင်း အောင်မြင်တဲ့အလှဖန်တီးရှင်တစ်ယောက် ဖြစ်လာဖို့ဝေဒနာတွေကိုလူမသိသူမသိထွေးပိုက်ရင်းနာကျင်မှုများစွာနဲ့ဘဝကိုဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။

ရိုက်ကူး၊တင်ဆက် – ထူးထူး (စံတော်ချိန်)