သ႐ုပ္ေဆာင္ ထြန္းထြန္းႏွင့္ေတြ႕ဆုံျခင္း

“ကိုယ္ထိုးထားတဲ့ တက္တူးကို ကိုယ္ႀကိဳက္ဖို႔ပဲ လိုတယ္”

ႏိုင္ငံတကာ၌ ပရိသတ္အားေပးမႈ အမ်ားဆုံးရရွိထားေသာ Mask Singer ၿပိဳင္ပြဲတြင္ ဆယ္လီစုံေထာက္အေနျဖင့္ ပါဝင္တင္ဆက္ေပးမည့္ သ႐ုပ္ေဆာင္၊ အဆိုေတာ္ တစ္ဦးျဖစ္သူ ထြန္းထြန္းႏွင့္ေတြ႕ဆုံခိုက္ Mask Singer ပြဲမွာ ပါဝင္ျဖစ္ပုံအေၾကာင္း၊လက္ရွိအခ်စ္ေရးႏွင့္ပတ္သက္သည့္အေၾကာင္းမ်ားကို ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – Mask Singer မွာ ပါဝင္ျဖစ္တဲ့အေၾကာင္းေျပာျပေပးပါဦး။

-Ads-
-Ads-

ေျဖ – ပရိသတ္ကိုလည္း ကူညီရာေရာက္တယ္။ ကိုယ့္ကိုယ္တိုင္ကလည္း စပ္စုတတ္တဲ့သူတစ္ေယာက္အေနနဲ႔ အဆင္ေျပမယ့္အစီအစဥ္ေလးျဖစ္ေနတဲ့အတြက္ လက္ခံျဖစ္ခဲ့တာပါ။ ေနာက္ၿပီး ထိုင္းမွာလုပ္သြားတဲ့ Mask Singer က်င္းပသြားတဲ့ ပြဲေတြလည္း ၾကည့္ျဖစ္ပါတယ္။ ေနာက္ဆုံးထိ မေပၚဘူးဆိုေတာ့ အဲဒါလည္း ေတာ္ေတာ္ သေဘာက်စရာေကာင္းပါတယ္။

ေမး – ကိုယ့္ကိုပါဝင္ဖို႔ဖိတ္ေခၚရတဲ့အေၾကာင္းေလးကေကာ။

ေျဖ – ကၽြန္ေတာ္ေတာ့ မေမးဘူး။ ဒါေပမဲ့ ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ္က နည္းနည္းစပ္စပ္စုစုနဲ႔လုပ္တတ္တဲ့ အက်င့္စ႐ိုက္ကို သူတို႔သေဘာက်တာလည္းျဖစ္ပါလိမ့္မယ္။ ေနာက္တစ္ခုကေတာ့ ဝွက္ထားတဲ့သူေတြကို ေဖာ္ႏိုင္တဲ့ေနရာမွာ ဦးေဆာင္ႏိုင္မယ္၊ ပရိသတ္ေတြေပ်ာ္ေအာင္ ကၽြန္ေတာ့္ဘက္ကေန လုပ္ေပးႏိုင္မယ္လို႔ သူတို႔ယုံၾကည္လို႔လည္း ျဖစ္ပါလိမ့္မယ္။

ေမး – ခုခ်ိန္ထိ အႏုပညာအလုပ္မွာ ေအာင္ျမင္ေနတဲ့အေပၚေကာ။

ေျဖ – ကၽြန္ေတာ္ မသုံးသပ္တတ္ပါဘူး။ ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္ဆိုရင္ အဖြဲ႕အစည္းနဲ႔ပဲ လုပ္တာျဖစ္တဲ့အတြက္ အလုပ္ကိုတာဝန္ေက်ေအာင္၊ အေကာင္းဆုံးျဖစ္ေအာင္၊ ကိုယ့္ဘက္က ျဖစ္ႏိုင္သမၽွ ၁၀၀ ရာခိုင္ႏႈန္းျဖစ္ေအာင္ ေပးဆပ္ၿပီးႀကိဳးစားပါတယ္။ ကၽြန္ေတာ္တို႔ႏွင္းဆီအဖြဲ႕ေတြ ေအာင္ျမင္ေနတယ္။ကၽြန္ေတာ္တို႔ ေပးဆပ္ျခင္းရဲ႕ရလဒ္လိုပဲ ျမင္ပါတယ္။

ေမး – Sinon နဲ႔ ပတ္သက္ၿပီးေတာ့ အမွတ္တရဘာေတြရွိလဲ။

ေျဖ – LOOK Media မခိုင္မာဝင္းက အဓိကစီစဥ္ေပးတာပါ။ သူက ေတြ႕ဖို႔အတြက္စီစဥ္ေပးတာ၊ Sinon အားတဲ့ရက္ေလးမွာ သြားေတြ႕တယ္။ စကားေျပာၾကည့္ေတာ့ သေဘာလည္းေကာင္းပါတယ္။ အဆင္လည္းေျပပါတယ္။ သူက ျပင္ဆင္လာတာ၊ ေဒါက္ဖိနပ္ႏွစ္ခုယူလာတယ္။ ေ႐ႊေရာင္ဖိနပ္ကို ကၽြန္ေတာ့္ကိုစီး၊ သူက ေငြေရာင္ကိုစီးမယ္ ဓာတ္ပုံလည္း႐ိုက္မယ္။ လမ္းလည္းေလၽွာက္မယ္ဆိုၿပီးေတာ့၊ ကၽြန္ေတာ္လိုက္ေလ်ာေပးပါတယ္။ လုပ္မယ္ဆိုၿပီးလုပ္ျဖစ္သြားၾကတာပါ။ သူ႕ပရိသတ္ေရာ ကၽြန္ေတာ့္ကို အားေပးတဲ့ပရိသတ္ပါ ကၽြန္ေတာ္တို႔ ဗီဒီယိုကလစ္ေလးကို ေပ်ာ္ၾကမယ္လို႔ ထင္ပါတယ္။ အမွတ္တရလည္းျဖစ္ပါတယ္။ သူ႕ဆီက ကၽြန္ေတာ္ေခါင္းစည္းေတာင္းတဲ့အခါမွာ သူ႕မွာတစ္ခုတည္းပါလာလို႔ ေနာက္တစ္ေခါက္ေတြ႕မွေပးမယ္လို႔ ေျပာပါတယ္။

ေမး – Sinon ႐ုပ္ရွင္႐ိုက္ေတာ့မယ္ဆိုေတာ့ ဘာေျပာခ်င္ေသးလဲ။

ေျဖ – အဲဒီေန႔က သူေျပာပါတယ္။သူစိတ္လႈပ္ရွားေနတယ္ဆိုတဲ့အေၾကာင္း၊ သူဆီေရာက္လာတဲ့ အခြင့္အလမ္းကို သူအေကာင္းဆုံးႀကိဳးစားရင္ သူ႕အတြက္ မွတ္တိုင္ေတြ ျဖစ္သြားမွာဆိုေတာ့ သူအေကာင္းဆုံးဆုံးႀကိဳးစားဖို႔ပဲ ေျပာခ်င္ပါတယ္။

ေမး – ခုလက္ရွိအခ်စ္ေရးကံေကာင္းတဲ့အေပၚေကာ။

ေျဖ – ခုခ်ိန္မွာ ကၽြန္ေတာ္အရမ္းလည္းေပ်ာ္ပါတယ္။ ကၽြန္ေတာ့္ေကာင္မေလးကို အရမ္းလည္း ခ်စ္ပါတယ္။ ကၽြန္ေတာ္ အလုပ္ေတြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္ေနႏိုင္တယ္ဆိုတာက သူနဲ႔လည္း အမ်ားႀကီးသက္ဆိုင္ပါတယ္။

ေမး – ကိုယ့္ရဲ႕အခ်စ္ေရးက ေဖ့စ္ဘြတ္ခ္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့အေပၚေကာ။

ေျဖ – သတင္းကေတာ့ ေရးေနၾကတာပဲဆိုေတာ့ အမ်ားႀကီးဘာမွမေျပာလိုပါဘူး။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္ေနတတ္တဲ့ အတိုင္းေလးပဲေနပါတယ္။ ဘယ္သူ႕ကိုမွ မထိခိုက္ဘဲနဲ႔ေလ။

ေမး – ခ်စ္သူေကာင္မေလးကို တခ်ိဳ႕က ေဝဖန္မႈျပဳလုပ္ၾကတဲ့အေပၚ ဘာမ်ားေျပာခ်င္လဲ။

ေျဖ – တက္တူးလိုပါပဲ။ ကိုယ္ထိုးထားတဲ့တက္တူးကို ကိုယ္ႀကိဳက္ဖို႔ပဲ လိုတယ္။ ပတ္ဝန္းက်င္ပဲျဖစ္ျဖစ္ မိဘေတြက နင့္တက္တူးႀကီးက မလွဘူး၊ ဘာျဖစ္တယ္ဆိုၿပီးေျပာေနၾကေပမယ့္ ရင္ဆိုင္ရတာ ကိုယ္ကိုယ္တိုင္ဆိုေတာ့ အလုပ္ကိစၥေတြေရာ လူမႈေရးကိစၥေတြပါ ကိုယ္ကိုယ္တိုင္ရင္ဆိုင္ရတာဆိုေတာ့ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ကၽြန္ေတာ္လုပ္စရာရွိတဲ့အလုပ္ကို လုပ္ခဲ့တာ ၁၈ ႏွစ္ရွိပါၿပီ။ ေရွ႕ဆက္ၿပီးေတာ့လည္း ကၽြန္ေတာ္ေနတတ္တဲ့ပုံစံအတိုင္းပဲ ကၽြန္ေတာ့္ပရိသတ္ေတြကို စိတ္ခ်မ္းသာေအာင္ထားၿပီးေတာ့ အႏုပညာအလုပ္ေတြ ဆက္လုပ္သြားဦးမွာပါ။ ကၽြန္ေတာ္ေနတတ္သလို ေနသြားဦးမွာပါ။ Positive ကြန္မန္႔ေတြကိုလည္း ႀကိဳဆိုပါတယ္။ Negative ကြန္မန္႔ေတြကိုလည္း ကၽြန္ေတာ္ဂ႐ုမစိုက္ဘူးဆိုတာထက္ ေနတတ္သလိုပဲေနပါတယ္။

ေမး – ပရိသတ္ေတြကို အမွတ္တရစကားလက္ေဆာင္ေျပာေပးပါဦး။

ေျဖ – ကၽြန္ေတာ့္ကို အားေပးေနတဲ့ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ အႏုပညာအလုပ္ေတြကိုလည္း ဆက္လက္ႀကိဳးစားပါဦးမယ္။

ဓာတ္ပုံ – ထြန္းထြန္းေဖ့စ္ဘြတ္ခ္
ဇူလိုင္ေမေတြ႕ဆုံသည္

………………………………………………

(Unicode ဖြင့်ဖတ်ရန်)

သရုပ်ဆောင် ထွန်းထွန်းနှင့်တွေ့ဆုံခြင်း

“ကိုယ်ထိုးထားတဲ့ တက်တူးကို ကိုယ်ကြိုက်ဖို့ပဲ လိုတယ်”

နိုင်ငံတကာ၌ ပရိသတ်အားပေးမှု အများဆုံးရရှိထားသော Mask Singer ပြိုင်ပွဲတွင် ဆယ်လီစုံထောက်အနေဖြင့် ပါဝင်တင်ဆက်ပေးမည့် သရုပ်ဆောင်၊ အဆိုတော် တစ်ဦးဖြစ်သူ ထွန်းထွန်းနှင့်တွေ့ဆုံခိုက် Mask Singer ပွဲမှာ ပါဝင်ဖြစ်ပုံအကြောင်း၊လက်ရှိအချစ်ရေးနှင့်ပတ်သက်သည့်အကြောင်းများကို မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – Mask Singer မှာ ပါဝင်ဖြစ်တဲ့အကြောင်းပြောပြပေးပါဦး။

ဖြေ – ပရိသတ်ကိုလည်း ကူညီရာရောက်တယ်။ ကိုယ့်ကိုယ်တိုင်ကလည်း စပ်စုတတ်တဲ့သူတစ်ယောက်အနေနဲ့ အဆင်ပြေမယ့်အစီအစဉ်လေးဖြစ်နေတဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။ နောက်ပြီး ထိုင်းမှာလုပ်သွားတဲ့ Mask Singer ကျင်းပသွားတဲ့ ပွဲတွေလည်း ကြည့်ဖြစ်ပါတယ်။ နောက်ဆုံးထိ မပေါ်ဘူးဆိုတော့ အဲဒါလည်း တော်တော် သဘောကျစရာကောင်းပါတယ်။

မေး – ကိုယ့်ကိုပါဝင်ဖို့ဖိတ်ခေါ်ရတဲ့အကြောင်းလေးကကော။

ဖြေ – ကျွန်တော်တော့ မမေးဘူး။ ဒါပေမဲ့ ကျွန်တော်မသိပါဘူး။ ကျွန်တော်က နည်းနည်းစပ်စပ်စုစုနဲ့လုပ်တတ်တဲ့ အကျင့်စရိုက်ကို သူတို့သဘောကျတာလည်းဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဝှက်ထားတဲ့သူတွေကို ဖော်နိုင်တဲ့နေရာမှာ ဦးဆောင်နိုင်မယ်၊ ပရိသတ်တွေပျော်အောင် ကျွန်တော့်ဘက်ကနေ လုပ်ပေးနိုင်မယ်လို့ သူတို့ယုံကြည်လို့လည်း ဖြစ်ပါလိမ့်မယ်။

မေး – ခုချိန်ထိ အနုပညာအလုပ်မှာ အောင်မြင်နေတဲ့အပေါ်ကော။

ဖြေ – ကျွန်တော် မသုံးသပ်တတ်ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်ဆိုရင် အဖွဲ့အစည်းနဲ့ပဲ လုပ်တာဖြစ်တဲ့အတွက် အလုပ်ကိုတာဝန်ကျေအောင်၊ အကောင်းဆုံးဖြစ်အောင်၊ ကိုယ့်ဘက်က ဖြစ်နိုင်သမျှ ၁၀၀ ရာခိုင်နှုန်းဖြစ်အောင် ပေးဆပ်ပြီးကြိုးစားပါတယ်။ ကျွန်တော်တို့နှင်းဆီအဖွဲ့တွေ အောင်မြင်နေတယ်။ကျွန်တော်တို့ ပေးဆပ်ခြင်းရဲ့ရလဒ်လိုပဲ မြင်ပါတယ်။

မေး – Sinon နဲ့ ပတ်သက်ပြီးတော့ အမှတ်တရဘာတွေရှိလဲ။

ဖြေ – LOOK Media မခိုင်မာဝင်းက အဓိကစီစဉ်ပေးတာပါ။ သူက တွေ့ဖို့အတွက်စီစဉ်ပေးတာ၊ Sinon အားတဲ့ရက်လေးမှာ သွားတွေ့တယ်။ စကားပြောကြည့်တော့ သဘောလည်းကောင်းပါတယ်။ အဆင်လည်းပြေပါတယ်။ သူက ပြင်ဆင်လာတာ၊ ဒေါက်ဖိနပ်နှစ်ခုယူလာတယ်။ ရွှေရောင်ဖိနပ်ကို ကျွန်တော့်ကိုစီး၊ သူက ငွေရောင်ကိုစီးမယ် ဓာတ်ပုံလည်းရိုက်မယ်။ လမ်းလည်းလျှောက်မယ်ဆိုပြီးတော့၊ ကျွန်တော်လိုက်လျောပေးပါတယ်။ လုပ်မယ်ဆိုပြီးလုပ်ဖြစ်သွားကြတာပါ။ သူ့ပရိသတ်ရော ကျွန်တော့်ကို အားပေးတဲ့ပရိသတ်ပါ ကျွန်တော်တို့ ဗီဒီယိုကလစ်လေးကို ပျော်ကြမယ်လို့ ထင်ပါတယ်။ အမှတ်တရလည်းဖြစ်ပါတယ်။ သူ့ဆီက ကျွန်တော်ခေါင်းစည်းတောင်းတဲ့အခါမှာ သူ့မှာတစ်ခုတည်းပါလာလို့ နောက်တစ်ခေါက်တွေ့မှပေးမယ်လို့ ပြောပါတယ်။

မေး – Sinon ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ ဘာပြောချင်သေးလဲ။

ဖြေ – အဲဒီနေ့က သူပြောပါတယ်။သူစိတ်လှုပ်ရှားနေတယ်ဆိုတဲ့အကြောင်း၊ သူဆီရောက်လာတဲ့ အခွင့်အလမ်းကို သူအကောင်းဆုံးကြိုးစားရင် သူ့အတွက် မှတ်တိုင်တွေ ဖြစ်သွားမှာဆိုတော့ သူအကောင်းဆုံးဆုံးကြိုးစားဖို့ပဲ ပြောချင်ပါတယ်။

မေး – ခုလက်ရှိအချစ်ရေးကံကောင်းတဲ့အပေါ်ကော။

ဖြေ – ခုချိန်မှာ ကျွန်တော်အရမ်းလည်းပျော်ပါတယ်။ ကျွန်တော့်ကောင်မလေးကို အရမ်းလည်း ချစ်ပါတယ်။ ကျွန်တော် အလုပ်တွေပျော်ပျော်ရွှင်ရွှင်လုပ်နေနိုင်တယ်ဆိုတာက သူနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

မေး – ကိုယ့်ရဲ့အချစ်ရေးက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့အပေါ်ကော။

ဖြေ – သတင်းကတော့ ရေးနေကြတာပဲဆိုတော့ အများကြီးဘာမှမပြောလိုပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်နေတတ်တဲ့ အတိုင်းလေးပဲနေပါတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့လေ။

မေး – ချစ်သူကောင်မလေးကို တချို့က ဝေဖန်မှုပြုလုပ်ကြတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ – တက်တူးလိုပါပဲ။ ကိုယ်ထိုးထားတဲ့တက်တူးကို ကိုယ်ကြိုက်ဖို့ပဲ လိုတယ်။ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် မိဘတွေက နင့်တက်တူးကြီးက မလှဘူး၊ ဘာဖြစ်တယ်ဆိုပြီးပြောနေကြပေမယ့် ရင်ဆိုင်ရတာ ကိုယ်ကိုယ်တိုင်ဆိုတော့ အလုပ်ကိစ္စတွေရော လူမှုရေးကိစ္စတွေပါ ကိုယ်ကိုယ်တိုင်ရင်ဆိုင်ရတာဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်လုပ်စရာရှိတဲ့အလုပ်ကို လုပ်ခဲ့တာ ၁၈ နှစ်ရှိပါပြီ။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်နေတတ်တဲ့ပုံစံအတိုင်းပဲ ကျွန်တော့်ပရိသတ်တွေကို စိတ်ချမ်းသာအောင်ထားပြီးတော့ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမှာပါ။ ကျွန်တော်နေတတ်သလို နေသွားဦးမှာပါ။ Positive ကွန်မန့်တွေကိုလည်း ကြိုဆိုပါတယ်။ Negative ကွန်မန့်တွေကိုလည်း ကျွန်တော်ဂရုမစိုက်ဘူးဆိုတာထက် နေတတ်သလိုပဲနေပါတယ်။

မေး – ပရိသတ်တွေကို အမှတ်တရစကားလက်ဆောင်ပြောပေးပါဦး။

ဖြေ – ကျွန်တော့်ကို အားပေးနေတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း ဆက်လက်ကြိုးစားပါဦးမယ်။

ဓာတ်ပုံ – ထွန်းထွန်းဖေ့စ်ဘွတ်ခ်
ဇူလိုင်မေတွေ့ဆုံသည်

-Ads-
-Ads-