ဒီဇင္ဘာ ၁၂ ရက္ ေ႐ြးေကာက္ပြဲက်င္းပေရး ၿဗိတိန္အမတ္မ်ား ေထာက္ခံ

ဘရီဇစ္အေရး လေပါင္းမ်ားစြာ လိပ္ခဲတည္းလည္းျဖစ္ၿပီးေနာက္ ၿဗိတိန္အမတ္မ်ားသည္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္၏ ေ႐ြးေကာက္ပြဲ ေစာစြာက်င္းပေရး တိုက္တြန္းေျပာဆိုမႈကို ေထာက္ခံျခင္းေၾကာင့္ ဒီဇင္ဘာ ၁၂ ရက္တြင္ ၿဗိတိန္ျပည္သူမ်ား မဲေပးရန္ ျပင္ဆင္ရေတာ့မည္ျဖစ္သည္။

၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္ေသာ ဒီဇင္ဘာေ႐ြးေကာက္ပြဲအတြက္ ဥပေဒျပဳျခင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေအာက္လႊတ္ေတာ္က ၄၃၈ မဲတြင္ ေထာက္ခံမဲ ၂၀ ျဖင့္ အသာစီးရကာ ကပ္၍ အတည္ျပဳႏိုင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဥပေဒမူၾကမ္းသည္ အထက္လႊတ္ေတာ္၏ ေထာက္ခံမႈရရွိရန္ လိုအပ္ေနဆဲျဖစ္ေသာ္လည္း ယခုသီတင္းပတ္အကုန္တြင္ ဥပေဒျဖစ္လာႏိုင္သည္ဟု သတင္းထုတ္ျပန္သည္။

ထိုသို႔ ျဖစ္ေပၚလာပါက ေ႐ြးေကာက္ပြဲရက္မတိုင္မီ သီတင္းငါးပတ္ၾကာ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခြင့္ရရွိမည္ျဖစ္သည္။

ျပည္သူမ်ားသည္ ဘရီဇစ္ႏွင့္ ႏိုင္ငံ၏ အနာဂတ္အတြက္ ေ႐ြးခ်ယ္မႈတစ္ခုကို ျပဳလုပ္ရလိမ့္မည္ဟု ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

အဆိုပါ ေ႐ြးေကာက္ပြဲသည္ ဘရီဇစ္သေဘာတူညီမႈအတြက္ ထပ္တိုးလုပ္ပိုင္ခြင့္ႏွင့္ လတ္တေလာ လႊတ္ေတာ္ဆိုင္းငံ့ထားျခင္းအား ေခ်ဖ်က္ရန္ အခြင့္အေရးရလိမ့္မည္ဟု မစၥတာဂၽြန္ဆင္က ေမၽွာ္မွန္းထားသည္။

………………………………………………

(Unicode Version)

ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲကျင်းပရေး ဗြိတိန်အမတ်များ ထောက်ခံ

ဘရီဇစ်အရေး လပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်ပြီးနောက် ဗြိတိန်အမတ်များသည် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ရွေးကောက်ပွဲ စောစွာကျင်းပရေး တိုက်တွန်းပြောဆိုမှုကို ထောက်ခံခြင်းကြောင့် ဒီဇင်ဘာ ၁၂ ရက်တွင် ဗြိတိန်ပြည်သူများ မဲပေးရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။

၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သော ဒီဇင်ဘာရွေးကောက်ပွဲအတွက် ဥပဒေပြုခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို အောက်လွှတ်တော်က ၄၃၈ မဲတွင် ထောက်ခံမဲ ၂၀ ဖြင့် အသာစီးရကာ ကပ်၍ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းသည် အထက်လွှတ်တော်၏ ထောက်ခံမှုရရှိရန် လိုအပ်နေဆဲဖြစ်သော်လည်း ယခုသီတင်းပတ်အကုန်တွင် ဥပဒေဖြစ်လာနိုင်သည်ဟု သတင်းထုတ်ပြန်သည်။

ထိုသို့ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲရက်မတိုင်မီ သီတင်းငါးပတ်ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ရရှိမည်ဖြစ်သည်။

ပြည်သူများသည် ဘရီဇစ်နှင့် နိုင်ငံ၏ အနာဂတ်အတွက် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရလိမ့်မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲသည် ဘရီဇစ်သဘောတူညီမှုအတွက် ထပ်တိုးလုပ်ပိုင်ခွင့်နှင့် လတ်တလော လွှတ်တော်ဆိုင်းငံ့ထားခြင်းအား ချေဖျက်ရန် အခွင့်အရေးရလိမ့်မည်ဟု မစ္စတာဂျွန်ဆင်က မျှော်မှန်းထားသည်။