ဖရန္႔ဖတ္ကို ငါးဂိုး-တစ္ဂိုးျဖင့္႐ႈံးၿပီးေနာက္ နည္းျပကိုဗက္ကို ဘိုင္ယန္ထုတ္ပယ္ နည္းျပသစ္ျဖစ္လာရန္ မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟို ေရပန္းအစားဆုံးျဖစ္

ဘိုင္ယန္ျမဴးနစ္အသင္းသည္ ႏိုဝင္ဘာ ၂ ရက္ စေနညတြင္ဖရန္႔ဖတ္ကို ငါးဂိုး-တစ္ဂိုးျဖင့္ ဂိုးျပတ္႐ႈံးနိမ့္ခဲ့ျခင္းေၾကာင့္ အသင္းနည္းျပ နီကိုကိုဗက္ကို ႏိုဝင္ဘာ ၃ ရက္၌ ရာထူးမွ ဖယ္ရွားလိုက္ေၾကာင္း အတည္ျပဳေၾကညာခဲ့သည္။ ဘိုင္ယန္အသင္းသည္ ဖရန္႔ဖတ္ကို ႐ႈံးၿပီးေနာက္ ဘြန္ဒက္စ္လီဂါ အမွတ္ေပးဇယားတြင္ အဆင့္ (၄) ေနရာသို႔ ေရာက္ရွိသြားခဲ့ၿပီး ရာသီအစ ဘြန္ဒက္စ္လီဂါ ၁၀ ပြဲအၿပီး ၁၈ မွတ္သာရႏိုင္ခဲ့ျခင္းေၾကာင့္ လြန္ခဲ့သည့္ ၁၇ လကမွ နည္းျပအျဖစ္ ခန္႔အပ္ခဲ့ေသာ ကိုဗက္ကို ထုတ္ပယ္လိုက္ျခင္းျဖစ္သည္။

ကိုဗက္ကိုထုတ္ပယ္လိုက္ျခင္းေၾကာင့္ ဘိုင္ယန္အသင္း ေနာက္ကစားရမည့္ အိုလံပီယာကို႔စ္၊ ေဒါမြန္တို႔ႏွင့္ပြဲမ်ားတြင္ လက္ေထာက္နည္းျပ ဟန္စီဖလစ္က နည္းျပတာဝန္ယူသြားမည္ျဖစ္သည္။ အေစာပိုင္းသတင္းမ်ားအရ ကိုဗက္ကို ေဒါ့မြန္ႏွင့္ ပြဲတစ္ပြဲေစာင့္ၾကည့္သြားမည္ျဖစ္ၿပီး ႏိုင္ပြဲမရပါက ထုတ္ပယ္မည္ဟုဆိုေသာ္လည္း ဘိုင္ယန္အသင္းသည္ ေနာက္ဆုံးငါးပြဲတြင္ ရလဒ္မ်ား ဆိုး႐ြားခဲ့ကာ ေဟာ့ဖန္ဟိမ္းအသင္းကို ႏွစ္ဂိုး-တစ္ဂိုးျဖင့္႐ႈံး၊ ေအာ့စ္ဘတ္အသင္းႏွင့္ ႏွစ္ဂိုးစီ သေရက်ၿပီး ပိုကယ္ဖလားပြဲတြင္လည္း ဒုတိယတန္းတြင္ ရလဒ္မ်ား ဆိုး႐ြားေနေသာ ဘိုခ်န္ကိုပင္ ဂနာဘရီႏွင့္ မူလာတို႔ ပြဲၿပီးခါနီး သြင္းယူေသာဂိုးမ်ားေၾကာင့္ ကံေကာင္းၿပီးႏိုင္ခဲ့သည့္အတြက္ အသင္းအႀကီးအကဲမ်ားက အခြင့္အေရး ထပ္မေပးေတာ့ဘဲ ထုတ္ပယ္လိုက္ျခင္းျဖစ္သည္။

ဘိုင္ယန္အသင္းက ‘ကိုဗက္ဟာ ဘိုင္ယန္နည္းျပအျဖစ္ ဆက္ရွိေတာ့မွာမဟုတ္ပါဘူး။ အသင္း ဥကၠ႒ အူလီဟိုးနက္စ္၊ စီအီးအို ႐ူမီနစ္ဂီ၊အားကစားဒါ႐ိုက္တာ ဆာလီဟာမစ္ဇစ္တို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံၿပီး ကိုဗက္ရဲ႕ရာထူးကထြက္ဖို႔ ေတာင္းဆိုမႈကို လက္ခံလိုက္တာျဖစ္ပါတယ္။ ႏွစ္ဖက္သေဘာတူလမ္းခြဲလိုက္တာပါ’ ဟု သတင္းထုတ္ျပန္ခဲ့သည္။ ဘိုင္ယန္အသင္း စီအီးအို ႐ူမီနစ္ဂီကလည္း ‘ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္း အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ပိုင္းေတြက တစ္ခုခုလုပ္ဖို႔ လိုၿပီလို႔ သက္ေသျပေနခဲ့တယ္။ အားလုံးတိုင္ပင္ၿပီး ဆုံးျဖတ္ခဲ့တာပါ။ ကိုဗက္ရဲ႕ အသင္းအတြက္ အလုပ္လုပ္ေပးသြားမႈေတြကို ေက်းဇူးတင္ပါတယ္’ ဟု ေျပာသြားခဲ့သည္။

-Ads-
-Ads-

ဘိုင္ယန္အသင္းနည္းျပသစ္ျဖစ္လာရန္ ေရပန္းစားသူမ်ားလည္း အဆိုပါသတင္းႏွင့္အတူ ထြက္ေပၚလာခဲ့ရာ အသင္းလက္မဲ့ျဖစ္ေနေသာ ေမာ္ရင္ဟိုသည္ ဘိုင္ယန္နည္းျပသစ္ျဖစ္လာရန္ ေရပန္းအစားဆုံးသူျဖစ္ေနသည္။ ေမာ္ရင္ဟိုေနာက္တြင္ ဟန္စီဖလစ္၊ ေအဂ်က္နည္းျပ တန္ဟက္ဂ္၊ ဂ်ဴဗင္တပ္နည္းျပေဟာင္း အလီဂရီ၊ ေဒါ့မြန္နည္းျပေဟာင္း ေသာမတ္စ္တူခ်ယ္၊ စပါးနည္းျပ ပိုခ်က္တီႏို၊ အာဆင္နယ္နည္းျပေဟာင္း ဝင္းဂါးတို႔ အစဥ္လိုက္ေရပန္းစားေနသည္။

(Unicode Version)

ဖရန့်ဖတ်ကို ငါးဂိုး-တစ်ဂိုးဖြင့်ရှုံးပြီးနောက် နည်းပြကိုဗက်ကို ဘိုင်ယန်ထုတ်ပယ်
နည်းပြသစ်ဖြစ်လာရန် မန်ယူနည်းပြဟောင်း မော်ရင်ဟို ရေပန်းအစားဆုံးဖြစ်

ဘိုင်ယန်မြူးနစ်အသင်းသည် နိုဝင်ဘာ ၂ ရက် စနေညတွင်ဖရန့်ဖတ်ကို ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကြောင့် အသင်းနည်းပြ နီကိုကိုဗက်ကို နိုဝင်ဘာ ၃ ရက်၌ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ဘိုင်ယန်အသင်းသည် ဖရန့်ဖတ်ကို ရှုံးပြီးနောက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားတွင် အဆင့် (၄) နေရာသို့ ရောက်ရှိသွားခဲ့ပြီး ရာသီအစ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲအပြီး ၁၈ မှတ်သာရနိုင်ခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ၁၇ လကမှ နည်းပြအဖြစ် ခန့်အပ်ခဲ့သော ကိုဗက်ကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ကိုဗက်ကိုထုတ်ပယ်လိုက်ခြင်းကြောင့် ဘိုင်ယန်အသင်း နောက်ကစားရမည့် အိုလံပီယာကို့စ်၊ ဒေါမွန်တို့နှင့်ပွဲများတွင် လက်ထောက်နည်းပြ ဟန်စီဖလစ်က နည်းပြတာဝန်ယူသွားမည်ဖြစ်သည်။ အစောပိုင်းသတင်းများအရ ကိုဗက်ကို ဒေါ့မွန်နှင့် ပွဲတစ်ပွဲစောင့်ကြည့်သွားမည်ဖြစ်ပြီး နိုင်ပွဲမရပါက ထုတ်ပယ်မည်ဟုဆိုသော်လည်း ဘိုင်ယန်အသင်းသည် နောက်ဆုံးငါးပွဲတွင် ရလဒ်များ ဆိုးရွားခဲ့ကာ ဟော့ဖန်ဟိမ်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်ရှုံး၊ အော့စ်ဘတ်အသင်းနှင့် နှစ်ဂိုးစီ သရေကျပြီး ပိုကယ်ဖလားပွဲတွင်လည်း ဒုတိယတန်းတွင် ရလဒ်များ ဆိုးရွားနေသော ဘိုချန်ကိုပင် ဂနာဘရီနှင့် မူလာတို့ ပွဲပြီးခါနီး သွင်းယူသောဂိုးများကြောင့် ကံကောင်းပြီးနိုင်ခဲ့သည့်အတွက် အသင်းအကြီးအကဲများက အခွင့်အရေး ထပ်မပေးတော့ဘဲ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ဘိုင်ယန်အသင်းက ‘ကိုဗက်ဟာ ဘိုင်ယန်နည်းပြအဖြစ် ဆက်ရှိတော့မှာမဟုတ်ပါဘူး။ အသင်း ဥက္ကဋ္ဌ အူလီဟိုးနက်စ်၊ စီအီးအို ရူမီနစ်ဂီ၊အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကိုဗက်ရဲ့ရာထူးကထွက်ဖို့ တောင်းဆိုမှုကို လက်ခံလိုက်တာဖြစ်ပါတယ်။ နှစ်ဖက်သဘောတူလမ်းခွဲလိုက်တာပါ’ ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဘိုင်ယန်အသင်း စီအီးအို ရူမီနစ်ဂီကလည်း ‘ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေက တစ်ခုခုလုပ်ဖို့ လိုပြီလို့ သက်သေပြနေခဲ့တယ်။ အားလုံးတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ကိုဗက်ရဲ့ အသင်းအတွက် အလုပ်လုပ်ပေးသွားမှုတွေကို ကျေးဇူးတင်ပါတယ်’ ဟု ပြောသွားခဲ့သည်။

ဘိုင်ယန်အသင်းနည်းပြသစ်ဖြစ်လာရန် ရေပန်းစားသူများလည်း အဆိုပါသတင်းနှင့်အတူ ထွက်ပေါ်လာခဲ့ရာ အသင်းလက်မဲ့ဖြစ်နေသော မော်ရင်ဟိုသည် ဘိုင်ယန်နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးသူဖြစ်နေသည်။ မော်ရင်ဟိုနောက်တွင် ဟန်စီဖလစ်၊ အေဂျက်နည်းပြ တန်ဟက်ဂ်၊ ဂျူဗင်တပ်နည်းပြဟောင်း အလီဂရီ၊ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ်တူချယ်၊ စပါးနည်းပြ ပိုချက်တီနို၊ အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးတို့ အစဉ်လိုက်ရေပန်းစားနေသည်။

-Ads-
-Ads-