အဆိုေတာ္ Novem Htoo ႏွင့္ေတြ႕ဆုံျခင္း

“ဂီတကို လုပ္ႏိုင္သေလာက္အထိ အေကာင္းဆုံးလုပ္သြားမယ္”

The Vioce Myanmar (Season -2 )တြင္ Winner ဆုရွင္တစ္ဦးျဖစ္သည့္ Novem Htoo ႏွင့္ေတြ႕ဆုံခိုက္ ေဆးေပါင္းခတဲ့ရန္ကုန္ည ေရာ့ခ္ဂီတ႐ႈိးပြဲအတြက္ ျပင္ဆင္မႈအေၾကာင္း၊ ေန႔စဥ္လႈပ္ရွားမႈပုံရိပ္မ်ားအေၾကာင္းကို ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – ဒီပြဲမွာ သီခ်င္းဘယ္ႏွပုဒ္သီဆိုဖို႔ရွိလဲ။ ႀကိဳတင္ျပင္ဆင္မႈ အပိုင္းကေကာ။

ေျဖ – ဒီပြဲမွာ ကၽြန္ေတာ္သီခ်င္း ေျခာက္ပုဒ္ဆိုပါမယ္။ ျပင္ဆင္မႈကေတာ့ ကၽြန္ေတာ္အေခြအတြက္ တီးေနရင္းနဲ႔ပဲလုပ္မွာပါ။

ေမး – ဘယ္လို ျပင္ဆင္မႈေတြလုပ္ခဲ့ရလဲ။

ေျဖ – ျပင္ဆင္ရတယ္ေတာ့မဟုတ္ပါဘူး။ ပုံမွန္ပဲ ကၽြန္ေတာ္တို႔ Rock Band ေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔ သီခ်င္းေတြ တိုက္မယ္။ ကိုယ္ Band အတြက္ကို အေကာင္းဆုံးေတာ့လုပ္ၾကတာပဲေပါ့ေနာ္။ ၿပိဳင္ဆိုင္တာေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရတဲ့အခ်ိန္ေလးမွာ
ပရိသတ္ေတြကို အေကာင္းဆုံး ေဖ်ာ္ေျဖတာပါပဲ။

ေမး – စီနီယာေတြနဲ႔ အတူတူ ေဖ်ာ္ေျဖခြင့္ရတဲ့အေပၚေကာ။

ေျဖ – အရမ္းေပ်ာ္ပါတယ္။ ကိုယ့္ရဲ႕စီနီယာေတြလည္းျဖစ္တဲ့ ေရာ့ခ္စတားေတြနဲ႔ ေဖ်ာ္ေျဖရမွာဆိုေတာ့ အရမ္းေပ်ာ္ပါတယ္။

ေမး – ဒီပြဲေလးမွာ ဘာသီခ်င္းအမ်ိဳးအစားေတြနဲ႔ ေဖ်ာ္ေျဖမွာလဲ။

ေျဖ – သီခ်င္းကေတာ့ ကၽြန္ေတာ့္ Band အဖြဲ႕သီခ်င္းေတြပါပဲ။ ကြာျခားတယ္ေတာ့ မရွိပါဘူး။

ေမး – ဂီတနဲ႔ပတ္သက္ၿပီး ဘာေတြလုပ္ျဖစ္ေနလဲ။

ေျဖ – တစ္ပတ္မွာေလးရက္ေလာက္က သူငယ္ခ်င္းေတြနဲ႔ အိမ္မွာဆုံျဖစ္တယ္။ သီခ်င္းေတြတီးျဖစ္တယ္။ တစ္ေန႔လုံးတူတူေနတယ္။ ဂီတာေတြတီးၾကတယ္။ က်န္တဲ့ႏွစ္ရက္ကေတာ့ အိမ္မွာပဲ ဒရမ္တီးေလ့က်င့္ျဖစ္ပါတယ္။

ေမး – ေန႔စဥ္လႈပ္ရွားမႈဘ၀အေျခအေနေလးကေကာ။

‌ေျဖ – ကၽြန္ေတာ့္ ေန႔တိုင္းအားကစားလုပ္ျဖစ္တယ္။ ၿပီးရင္ ကၽြန္ေတာ္ Band အဖြဲ႕သားေတြနဲ႔ေနတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ ညေနဘက္ဆိုရင္ Gym သြားတယ္။ သီခ်င္းတီးတယ္။ သီခ်င္းေရးမယ္။ စာဖတ္မယ္။ အဲဒါနဲ႔ပဲ လည္ပတ္ေနေတာ့ ဘာမွန္းေတာ့သိပ္မသိပါဘူး။ သိပ္ေတာ့ေျပာင္းလဲသြားတာမရွိဘူး။ အခုက ခိုနားစရာ စတူဒီယိုေလးတစ္လုံးရွိသြားတာေပါ့။ အရင္ကဆို ေလၽွာက္လိမ့္ေနတာေပါ့။

ေမး – လတ္တေလာ ဘာသီခ်င္းေတြ နားေထာင္ျဖစ္လဲ။

ေျဖ – ခုလက္ရွိကေတာ့ နည္းနည္းေလးေပါက္ကြဲတဲ့ ဘက္ကိုသြားတဲ့သီခ်င္း နားေထာင္ျဖစ္တယ္။

ေမး – Metal Rock နဲ႔ပတ္သက္ၿပီး ပတ္ဝန္းက်င္က မေကာင္းတဲ့ ေဝဖန္မႈေတြအေပၚေကာ။

ေျဖ – Metal Rock နဲ႔ပတ္သက္ၿပီး ပတ္ဝန္းက်င္ကေတာ့ ဖိႏွိပ္တယ္ေပါ့။ ဖိႏွိပ္တယ္လည္း မဟုတ္ပါဘူး။ ကိုယ္ကေတာ့ ကိုယ့္ဘာသာေ႐ြးခ်ယ္ၿပီးသားေပါ့။ ကၽြန္ေတာ္က ဒါကို ကိုယ့္ခံစားခ်က္နဲ႔ကိုယ္လုပ္ေနတာျဖစ္တဲ့အတြက္ တစ္ခုခုျပန္ရမယ္ဆိုတာေတာ့ မေတြးထားပါဘူးေပါ့။

ေမး – ကိုယ္ပိုင္ Band ေလး မၿပိဳကြဲသြားေအာင္ ဘယ္လိုထိန္းသိမ္းလဲ။

ေျဖ – အဓိကကေတာ့ ကၽြန္ေတာ္တို႔ Music ေတြကို ဆက္လုပ္ျဖစ္ေနေတာ့ ကိုယ္လုပ္ႏိုင္သေလာက္အထိကို အေကာင္းဆုံးလုပ္သြားမွာပါ။ မၿပိဳကြဲဘူး၊ ၿပိဳကြဲတယ္ဆိုတာေတာ့ ကံတရားေပၚ မူတည္တာေပါ့။ ကၽြန္ေတာ္တို႔ ပုံမွန္ show ေလးေတြ ဆိုသြားမယ္။ ဒီပြဲကရတဲ့ ပြဲေၾကးေတြကလည္း ပုံမွန္သုံးဖို႔ဆိုတာထက္ အမ်ားနဲ႔ခြဲေဝရတာျဖစ္တဲ့အတြက္ အမ်ားႀကီးေတာ့မဟုတ္ေပမယ့္ သီခ်င္းတိုက္ဖို႔ေတြရမယ္။ ဂီတာႀကိဳးဖိုးေလးေတြရမယ္။ သီခ်င္းသြင္းဖို႔ေတြရမယ္။ ကၽြန္ေတာ္ကလည္း တျခားနည္းလမ္းေလးေတြနဲ႔ ပိုက္ဆံေတြရွာမယ္။ ပိုက္ဆံမ်ားမ်ားရမယ့္ အလုပ္ေလးေတြရွာမယ္။ Band ကိုေတာ့ ကၽြန္ေတာ္ၿပိဳကြဲတယ္၊ မၿပိဳကြဲတယ္ဆိုတာထက္ run ႏိုင္သေလာက္ run မယ္။ လုပ္ႏိုင္သမၽွ အမွတ္တရေတြလုပ္မယ္။ ဖန္တီးႏိုင္သေလာက္ ကၽြန္ေတာ္တို႔ ဖန္တီးမယ္။ ကၽြန္ေတာ္တို႔အဖြဲ႕သားေတြ အဆင္မေျပျဖစ္မယ့္ အခ်ိန္မေရာက္ခင္အထိ ကၽြန္ေတာ္တို႔ Band အဖြဲ႕အတြက္ တတ္ႏိုင္သေလာက္ေတာ့ ႀကိဳးစားသြားမွာပါ။

ေမး – ဂီတနဲ႔ပတ္သက္ၿပီး ေလ့လာမႈအပိုင္းကေကာ။

ေျဖ – ကၽြန္ေတာ္ေလ့လာစရာေတြ အမ်ားႀကီးရွိေသးတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ပညာျပည့္ဖို႔ အမ်ားႀကီးေလ့လာမယ္။ အသက္ရွင္ေနသေ႐ြ႕ ဒါေတြကိုေလ့လာသြားမယ္။ ရသေလာက္ေပါ့။

ေမး – အားေပးေနတဲ့ပရိသတ္အတြက္ စကားလက္ေဆာင္ေလးေျပာေပးပါဦး။

ေျဖ – ဒါက ကၽြန္ေတာ္တို႔ ပထမဆုံးေဆးေပါင္းခတာပါ။ ကၽြန္ေတာ့္ Band နဲ႔ အေကာင္းဆုံးေဖ်ာ္ေျဖသြားမွာပါ။ ၾကည့္ရတာတန္တဲ့ ေဆးေပါင္းခတဲ့ညႀကီးျဖစ္ေနတယ္ဆိုကတည္းက လက္မလႊတ္သင့္တဲ့ပြဲတစ္ပြဲလို႔ျမင္ပါတယ္။

ဇူလိုင္ေမ – ေတြ႕ဆုံသည္
ဓာတ္ပုံ – Novem Htoo Facebook Page

(Unicode Version)

အဆိုတော် Novem Htoo နှင့်တွေ့ဆုံခြင်း

“ဂီတကို လုပ်နိုင်သလောက်အထိ အကောင်းဆုံးလုပ်သွားမယ်”

The Vioce Myanmar (Season -2 )တွင် Winner ဆုရှင်တစ်ဦးဖြစ်သည့် Novem Htoo နှင့်တွေ့ဆုံခိုက် ဆေးပေါင်းခတဲ့ရန်ကုန်ည ရော့ခ်ဂီတရှိုးပွဲအတွက် ပြင်ဆင်မှုအကြောင်း၊ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များအကြောင်းကို မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – ဒီပွဲမှာ သီချင်းဘယ်နှပုဒ်သီဆိုဖို့ရှိလဲ။ ကြိုတင်ပြင်ဆင်မှု အပိုင်းကကော။

ဖြေ – ဒီပွဲမှာ ကျွန်တော်သီချင်း ခြောက်ပုဒ်ဆိုပါမယ်။ ပြင်ဆင်မှုကတော့ ကျွန်တော်အခွေအတွက် တီးနေရင်းနဲ့ပဲလုပ်မှာပါ။

မေး – ဘယ်လို ပြင်ဆင်မှုတွေလုပ်ခဲ့ရလဲ။

ဖြေ – ပြင်ဆင်ရတယ်တော့မဟုတ်ပါဘူး။ ပုံမှန်ပဲ ကျွန်တော်တို့ Rock Band တွေဖြစ်တဲ့အတွက်ကြောင့်မို့ သီချင်းတွေ တိုက်မယ်။ ကိုယ် Band အတွက်ကို အကောင်းဆုံးတော့လုပ်ကြတာပဲပေါ့နော်။ ပြိုင်ဆိုင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရတဲ့အချိန်လေးမှာ
ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေတာပါပဲ။

မေး – စီနီယာတွေနဲ့ အတူတူ ဖျော်ဖြေခွင့်ရတဲ့အပေါ်ကော။

ဖြေ – အရမ်းပျော်ပါတယ်။ ကိုယ့်ရဲ့စီနီယာတွေလည်းဖြစ်တဲ့ ရော့ခ်စတားတွေနဲ့ ဖျော်ဖြေရမှာဆိုတော့ အရမ်းပျော်ပါတယ်။

မေး – ဒီပွဲလေးမှာ ဘာသီချင်းအမျိုးအစားတွေနဲ့ ဖျော်ဖြေမှာလဲ။

ဖြေ – သီချင်းကတော့ ကျွန်တော့် Band အဖွဲ့သီချင်းတွေပါပဲ။ ကွာခြားတယ်တော့ မရှိပါဘူး။

မေး – ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ – တစ်ပတ်မှာလေးရက်လောက်က သူငယ်ချင်းတွေနဲ့ အိမ်မှာဆုံဖြစ်တယ်။ သီချင်းတွေတီးဖြစ်တယ်။ တစ်နေ့လုံးတူတူနေတယ်။ ဂီတာတွေတီးကြတယ်။ ကျန်တဲ့နှစ်ရက်ကတော့ အိမ်မှာပဲ ဒရမ်တီးလေ့ကျင့်ဖြစ်ပါတယ်။

မေး – နေ့စဉ်လှုပ်ရှားမှုဘ၀အခြေအနေလေးကကော။

‌ဖြေ – ကျွန်တော့် နေ့တိုင်းအားကစားလုပ်ဖြစ်တယ်။ ပြီးရင် ကျွန်တော် Band အဖွဲ့သားတွေနဲ့နေတယ်။ ပြီးတော့ ကျွန်တော် ညနေဘက်ဆိုရင် Gym သွားတယ်။ သီချင်းတီးတယ်။ သီချင်းရေးမယ်။ စာဖတ်မယ်။ အဲဒါနဲ့ပဲ လည်ပတ်နေတော့ ဘာမှန်းတော့သိပ်မသိပါဘူး။ သိပ်တော့ပြောင်းလဲသွားတာမရှိဘူး။ အခုက ခိုနားစရာ စတူဒီယိုလေးတစ်လုံးရှိသွားတာပေါ့။ အရင်ကဆို လျှောက်လိမ့်နေတာပေါ့။

မေး – လတ်တလော ဘာသီချင်းတွေ နားထောင်ဖြစ်လဲ။

ဖြေ – ခုလက်ရှိကတော့ နည်းနည်းလေးပေါက်ကွဲတဲ့ ဘက်ကိုသွားတဲ့သီချင်း နားထောင်ဖြစ်တယ်။

မေး – Metal Rock နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က မကောင်းတဲ့ ဝေဖန်မှုတွေအပေါ်ကော။

ဖြေ – Metal Rock နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကတော့ ဖိနှိပ်တယ်ပေါ့။ ဖိနှိပ်တယ်လည်း မဟုတ်ပါဘူး။ ကိုယ်ကတော့ ကိုယ့်ဘာသာရွေးချယ်ပြီးသားပေါ့။ ကျွန်တော်က ဒါကို ကိုယ့်ခံစားချက်နဲ့ကိုယ်လုပ်နေတာဖြစ်တဲ့အတွက် တစ်ခုခုပြန်ရမယ်ဆိုတာတော့ မတွေးထားပါဘူးပေါ့။

မေး – ကိုယ်ပိုင် Band လေး မပြိုကွဲသွားအောင် ဘယ်လိုထိန်းသိမ်းလဲ။

ဖြေ – အဓိကကတော့ ကျွန်တော်တို့ Music တွေကို ဆက်လုပ်ဖြစ်နေတော့ ကိုယ်လုပ်နိုင်သလောက်အထိကို အကောင်းဆုံးလုပ်သွားမှာပါ။ မပြိုကွဲဘူး၊ ပြိုကွဲတယ်ဆိုတာတော့ ကံတရားပေါ် မူတည်တာပေါ့။ ကျွန်တော်တို့ ပုံမှန် show လေးတွေ ဆိုသွားမယ်။ ဒီပွဲကရတဲ့ ပွဲကြေးတွေကလည်း ပုံမှန်သုံးဖို့ဆိုတာထက် အများနဲ့ခွဲဝေရတာဖြစ်တဲ့အတွက် အများကြီးတော့မဟုတ်ပေမယ့် သီချင်းတိုက်ဖို့တွေရမယ်။ ဂီတာကြိုးဖိုးလေးတွေရမယ်။ သီချင်းသွင်းဖို့တွေရမယ်။ ကျွန်တော်ကလည်း တခြားနည်းလမ်းလေးတွေနဲ့ ပိုက်ဆံတွေရှာမယ်။ ပိုက်ဆံများများရမယ့် အလုပ်လေးတွေရှာမယ်။ Band ကိုတော့ ကျွန်တော်ပြိုကွဲတယ်၊ မပြိုကွဲတယ်ဆိုတာထက် run နိုင်သလောက် run မယ်။ လုပ်နိုင်သမျှ အမှတ်တရတွေလုပ်မယ်။ ဖန်တီးနိုင်သလောက် ကျွန်တော်တို့ ဖန်တီးမယ်။ ကျွန်တော်တို့အဖွဲ့သားတွေ အဆင်မပြေဖြစ်မယ့် အချိန်မရောက်ခင်အထိ ကျွန်တော်တို့ Band အဖွဲ့အတွက် တတ်နိုင်သလောက်တော့ ကြိုးစားသွားမှာပါ။

မေး – ဂီတနဲ့ပတ်သက်ပြီး လေ့လာမှုအပိုင်းကကော။

ဖြေ – ကျွန်တော်လေ့လာစရာတွေ အများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပညာပြည့်ဖို့ အများကြီးလေ့လာမယ်။ အသက်ရှင်နေသရွေ့ ဒါတွေကိုလေ့လာသွားမယ်။ ရသလောက်ပေါ့။

မေး – အားပေးနေတဲ့ပရိသတ်အတွက် စကားလက်ဆောင်လေးပြောပေးပါဦး။

ဖြေ – ဒါက ကျွန်တော်တို့ ပထမဆုံးဆေးပေါင်းခတာပါ။ ကျွန်တော့် Band နဲ့ အကောင်းဆုံးဖျော်ဖြေသွားမှာပါ။ ကြည့်ရတာတန်တဲ့ ဆေးပေါင်းခတဲ့ညကြီးဖြစ်နေတယ်ဆိုကတည်းက လက်မလွှတ်သင့်တဲ့ပွဲတစ်ပွဲလို့မြင်ပါတယ်။

ဇူလိုင်မေ – တွေ့ဆုံသည်
ဓာတ်ပုံ – Novem Htoo Facebook Page