ရီးရဲလ္ အမ္ဘပ္ပီကို ကမၻာ့စံခ်ိန္တင္ေဈး ေပါင္သန္း ၃၄၀ ေက်ာ္ျဖင့္ ကမ္းလွမ္းဖြယ္ရွိ

ရီးရဲလ္အသင္းသည္ ပီအက္စ္ဂ်ီအသင္းမွ ျပင္သစ္လူငယ္တိုက္စစ္မႉး အမ္ဘပ္ပီကို ကမၻာ့စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၄၀ ေက်ာ္ျဖင့္ေခၚယူသြားရန္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပေနၾကသည္။

အမ္ဘပ္ပီသည္ အနာဂတ္တြင္ အထြန္းေတာက္ဆုံး ေဘာလုံးသမားျဖစ္လာရန္ေသခ်ာေနကာ အသက္ (၂၀) သာရွိေသးခ်ိန္တြင္ ျပင္သစ္အသင္းႏွင့္ ကမၻာ့ဖလားရရွိထားသလို ကလပ္အသင္းတြင္လည္း ေအာင္ျမင္မႈမ်ားစြာရရွိထားၿပီးသူျဖစ္သည္။

ပီအက္ဂ်ီအသင္းသည္ အမ္ဘပ္ပီကို လြန္ခဲ့သည့္ႏွစ္ႏွစ္က မိုနာကိုထံမွ ေခၚယူခဲ့စဥ္တြင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၆၅ သန္းေက်ာ္ ေပးခဲ့ရၿပီး ျပန္လည္ေရာင္းခ်လိုျခင္းလည္း မရွိေပ။ လာပဲရစ္ဆီယန္ႏွင့္ကယ္လ္စီယိုမာကာဒို သတင္းဌာနတို႔က ရီးရဲလ္သည္ အမ္ဘပ္ပီကို ေပါင္ ၃၄၃ သန္းအထိေပးၿပီး ကမ္းလွမ္းရန္ ခ်င့္ခ်ိန္ေနသည္ဟု ေဖာ္ျပခဲ့သည္။

လက္ရွိကမၻာ့စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးမွာ ၂၀၁၇ ခုႏွစ္က ပီအက္စ္ဂ်ီအသင္း ဘာစီလိုနာမွ ဘရာဇီးတိုက္စစ္မႉးေနမာကို ေပါင္ ၁၉၈ သန္းျဖင့္ ေခၚယူခဲ့ျခင္းျဖစ္သည္။ အမ္ဘပ္ပီသည္ အသက္ (၁၇)ႏွစ္အ႐ြယ္မွာပင္ စတင္ထြန္းေတာက္ခဲ့သူျဖစ္ကာ ျပင္သစ္လီဂူးဝမ္းတြင္ ၁၀၄ ပြဲသာ ကစားထားရေသးၿပီး (၆၇) ဂိုးသြင္းကာ ၃၁ ဂိုးဖန္တီးေပးထားႏိုင္သလို ယခုရာသီ ဂိုးအမ်ားဆုံးသြင္းထားၿပီး ျပင္သစ္လီဂူးဝမ္း ဂိုးသြင္းဘုရင္ျဖစ္ရန္လည္း ေရပန္းအစားဆုံးသူျဖစ္ေနကာ ရီးရဲလ္နည္းျပ ဇီဒန္း၏ အလိုခ်င္ဆုံးသူျဖစ္ေနသည္။

(Unicode Version)

ရီးရဲလ် အမ်ဘပ်ပီကို ကမ္ဘာ့စံချိန်တင်ဈေး ပေါင်သန်း ၃၄၀ ကျော်ဖြင့် ကမ်းလှမ်းဖွယ်ရှိ

ရီးရဲလ်အသင်းသည် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၄၀ ကျော်ဖြင့်ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြနေကြသည်။

အမ်ဘပ်ပီသည် အနာဂတ်တွင် အထွန်းတောက်ဆုံး ဘောလုံးသမားဖြစ်လာရန်သေချာနေကာ အသက် (၂၀) သာရှိသေးချိန်တွင် ပြင်သစ်အသင်းနှင့် ကမ္ဘာ့ဖလားရရှိထားသလို ကလပ်အသင်းတွင်လည်း အောင်မြင်မှုများစွာရရှိထားပြီးသူဖြစ်သည်။

ပီအက်ဂျီအသင်းသည် အမ်ဘပ်ပီကို လွန်ခဲ့သည့်နှစ်နှစ်က မိုနာကိုထံမှ ခေါ်ယူခဲ့စဉ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၆၅ သန်းကျော် ပေးခဲ့ရပြီး ပြန်လည်ရောင်းချလိုခြင်းလည်း မရှိပေ။ လာပဲရစ်ဆီယန်နှင့်ကယ်လ်စီယိုမာကာဒို သတင်းဌာနတို့က ရီးရဲလ်သည် အမ်ဘပ်ပီကို ပေါင် ၃၄၃ သန်းအထိပေးပြီး ကမ်းလှမ်းရန် ချင့်ချိန်နေသည်ဟု ဖော်ပြခဲ့သည်။

လက်ရှိကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမှာ ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်း ဘာစီလိုနာမှ ဘရာဇီးတိုက်စစ်မှူးနေမာကို ပေါင် ၁၉၈ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အမ်ဘပ်ပီသည် အသက် (၁၇)နှစ်အရွယ်မှာပင် စတင်ထွန်းတောက်ခဲ့သူဖြစ်ကာ ပြင်သစ်လီဂူးဝမ်းတွင် ၁၀၄ ပွဲသာ ကစားထားရသေးပြီး (၆၇) ဂိုးသွင်းကာ ၃၁ ဂိုးဖန်တီးပေးထားနိုင်သလို ယခုရာသီ ဂိုးအများဆုံးသွင်းထားပြီး ပြင်သစ်လီဂူးဝမ်း ဂိုးသွင်းဘုရင်ဖြစ်ရန်လည်း ရေပန်းအစားဆုံးသူဖြစ်နေကာ ရီးရဲလ်နည်းပြ ဇီဒန်း၏ အလိုချင်ဆုံးသူဖြစ်နေသည်။