အဆိုေတာ္ အိမ့္ခ်စ္ႏွင့္ေတြ႕ဆုံျခင္း

‘အသက္ (၃၀) ေလာက္ဆိုရင္ေတာ့ အိမ္ေထာင္ေရးကို စဥ္းစားမယ္’

အဆိုေတာ္ အိမ့္ခ်စ္ႏွင့္ေတြ႕ဆုံခိုက္ ဂီတအႏုပညာလႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္သည့္အေၾကာင္း၊ ေမာင္ျဖစ္သူ ဂ်ဴနီယာခ်စ္ေကာင္းႏွင့္ တြဲစပ္လုပ္ေဆာင္ေနသည့္ သီခ်င္းအေခြႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို သိရွိလိုသမၽွ ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္-

ေမး – လတ္တေလာ ဂီတလႈပ္ရွားမႈနဲ႔ ပတ္သက္တဲ့အေၾကာင္းေလး ေျပာျပေပးပါဦး။

ေျဖ – အိမ့္ခ်စ္ ေမာင္ေလးနဲ႔ သႀကၤန္အၿပီး ၂၀၂၀ ျပည့္ႏွစ္ထဲေတာ့ ေရာက္သြားမွာပါ။ အေခြ တစ္ေခြထြက္ဖို႔ ရွိတယ္၊ တာထြက္ဆိုတဲ့အေခြေလး ထြက္ဖို႔ရွိတယ္၊ အိမ့္ခ်စ္နဲ႔ ဂ်ဴနီယာ ခ်စ္ေကာင္းနဲ႔ တစ္ေယာက္တစ္ျခမ္းစီ ေလးပုဒ္စီလုပ္မယ္။ စုံတြဲသီခ်င္းေလးေတြလည္း ပါမယ္။ အဲဒါေလးေတြ လုပ္ေနတယ္။ အဲဒါၿပီးေတာ့မွ အိမ့္ခ်စ္က ၂၀၂၀ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္မွပဲ အိမ့္ခ်စ္ရဲ႕ တစ္ကိုယ္ေတာ္အေခြ ျပန္ၿပီးေတာ့ ထြက္ပါမယ္။

ေမး – သီခ်င္းပုံစံေလးေတြကေကာ။

ေျဖ – ေမာင္ေလးနဲ႔ အေခြထဲမွာက်ေတာ့ အရမ္းအီလက္ထ႐ိုဆန္တာမ်ိဳးေတြ မပါဘူး။ ေပါ့ခ္ေလးေတြ အဓိကပါမယ္။ သူနဲ႔လိုက္ဖက္မႈရွိတဲ့ သီခ်င္းေလးေတြပါမယ္။ တစ္ေယာက္တည္း အေခြက်ရင္ေတာ့ ကိုယ္ႀကိဳက္တဲ့ျမဴးဇစ္ေတြပါမယ္။ ေခတ္ဘက္ကိုေရာက္တဲ့ သီခ်င္းေလးေတြ ပိုၿပီးေတာ့ ပါျဖစ္မွာေပါ့ေနာ္။ အိမ့္ခ်စ္ရဲ႕ ဒုတိယေျမာက္အေခြျဖစ္တဲ့ အခ်စ္ေရးအေခြတုန္းကလိုမ်ိဳး သီခ်င္းေလးေတြပါမယ္။ ေပါ့ခ္သီခ်င္းခ်ိဳခ်ိဳေလးေတြ ပါမယ္၊ အခ်စ္သီခ်င္းေလးေတြ ပါမယ္။

ေမး – ထူးထူးျခားျခား သီခ်င္းပုံစံေလးေတြေကာ ပါဦးမလား။

ေျဖ – ေမာင္ေလးနဲ႔ အေခြထဲမွာေတာ့ ထူးထူးျခားျခားသီခ်င္းေလးတစ္ပုဒ္ေတာ့ ပါတယ္။ ေတးေရးဆရာအသစ္ေလး တစ္ေယာက္စီက သီခ်င္းဝယ္ထားတယ္။ သီခ်င္းပုံစံေလးက မေကာင္းတဲ့အလုပ္ကို လုပ္စားရတဲ့ လမ္းေပၚက မိန္းကေလးေတြရဲ႕ ဘ၀မ်ိဳးကို ကိုယ္ခ်င္းစာၿပီးေတာ့ ေရးထားတဲ့သီခ်င္းေလးပါ။ အဲဒီမိန္းကေလးတစ္ေယာက္ကို လူေတြက အေပၚယံအလွတရားကိုပဲ မက္ေမာၾကတယ္။ သူ႕အတြက္က ဘယ္အခ်ိန္မွာ ဘယ္လိုေကာင္းျခင္းေတြ ျဖစ္လာမွာလဲေပါ့။ အဲဒီလိုလူမ်ိဳးကို ငွက္ကေလးေတြနဲ႔ ခိုင္းႏႈိင္းၿပီးေတာ့ တစ္ခ်ိန္မွာ ျဖစ္ခ်င္တာေတြက လက္ေတြ႕ျဖစ္လာမယ္။ အဓိကက ဒီလိုမ်ိဳး မိန္းကေလးေတြရဲ႕ ဘ၀မွာ သူတို႔ကို တန္ဖိုးထားၿပီး ဘယ္လိုေယာက္်ားမ်ိဳးကမ်ား လက္ထပ္လိမ့္မလဲလို႔ ေတြးၾကမွာပဲေလ။ သူတို႔လည္း ဘ၀အေျခအေနေၾကာင့္သာမျဖစ္လို႔ မေကာင္းတဲ့အလုပ္ကို လုပ္စားရေပမယ့္ သူတို႔လည္းဘ၀မွာ ေကာင္းေကာင္းမြန္မြန္ တည္တည္ၿငိမ္ၿငိမ္ အဆုံးသတ္ခ်င္မွာပဲေလ။ အဲဒီလိုမ်ိဳး အဆုံးမသတ္ႏိုင္ဘဲ ေရာဂါနဲ႔ အဆုံးသတ္သြားရတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ဘာပဲ ျဖစ္ျဖစ္ ဘ၀မွာျဖစ္ခ်င္တာေတြ ျဖစ္လာလိမ့္ဦးမယ္။ အားမေလ်ာ့နဲ႔ဆိုတဲ့ပုံစံမ်ိဳးနဲ႔ သီခ်င္းေလးတစ္ပုဒ္ေတာ့ ပါလိမ့္မယ္။ ဒါေလးကေတာ့ အခ်စ္သီခ်င္းမဟုတ္ဘဲနဲ႔ ထူးျခားတဲ့သီခ်င္းေလးပါ။

ေမး – အခ်စ္နဲ႔ပတ္သက္ၿပီး ဘာေတြစဥ္းစားထားေသးလဲ။

ေျဖ – အခ်စ္နဲ႔ ပတ္သက္ၿပီးေတာ့ ရွိရွိ၊ မရွိရွိ ကၽြန္မတို႔ အႏုပညာသမားေတြ က မရွိလည္း ဟန္ေဆာင္ၿပီးေတာ့ ခ်စ္ေနရတာပါပဲ။ ရွိလည္း ဟန္ေဆာင္ၿပီး ခ်စ္ေနရတာပဲ။ ကြဲေနလည္း ဟန္ေဆာင္ၿပီးေတာ့ ခ်စ္ျပေနရတာပဲ။ ဘ၀ကို အေျပာင္းအလဲလုပ္ဖို႔ကလည္း အခုေလာေလာဆယ္ကေတာ့ မျဖစ္ေသးပါဘူး။အခုေတာ့ အသက္က (၂၈)ႏွစ္ရွိၿပီ။ အသက္ (၃၀)ေလာက္ဆိုရင္ေတာ့ အိမ္ေထာင္ေရးကိုစဥ္းစားမယ္။ အသက္ (၃၀)က အေစာဆုံးေပါ့ေနာ္။ ဒါမွမဟုတ္လည္း အသက္ (၃၀)ေက်ာ္မွ စဥ္းစားမယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ အိမ့္ခ်စ္က မိသားစုကို ဦးေဆာင္ရတဲ့သူ ျဖစ္တဲ့အခါက်ေတာ့ လြယ္လြယ္ေလးနဲ႔ မိသားစုဘ၀ထဲကေန ထြက္သြားလို႔မရဘူး။ ကိုယ္မိသားစုဘ၀တစ္ခုကို ထူေထာင္ခ်င္ေပမယ့္ ကိုယ့္ေနာက္မွာ ရွိခဲ့ၿပီးသား ကိုယ့္အေမ၊ ကိုယ့္ေမာင္ေလး ဒီမိသားစုအတြက္ ခိုင္မာမႈေတြရေအာင္၊ စိတ္ခ်ရေအာင္ အမ်ားႀကီး လုပ္ေပးရဦးမယ္။ အေမ့ကိုဆိုလည္း ေက်းဇူးဆပ္ေနတုန္းဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ကိုယ္က မိသားစုဘ၀တစ္ခုကို တည္ေထာင္ေတာ့မယ္ဆိုရင္ လင္ေယာက္်ားဝတၱရားေတြဆိုတာ ရွိလာမွာပဲေလ။ သားသမီးဝတၱရားဆိုတာကလည္း ရွိလာဦးမွာပဲေလ။ ဒါေတြလုပ္ေပးရင္းနဲ႔ ကိုယ့္အေမကို မလုပ္ေပးႏိုင္ေတာ့တာမ်ိဳး မလုပ္ေပးဘူးဆိုတာေတာ့ မရွိဘူးဆိုေပမယ့္ အရင္ထက္စာရင္ ေလ်ာ့သြားတာမ်ိဳးမျဖစ္ခ်င္ဘူး။ အဲဒီအတြက္ ကိုယ္လုပ္ႏိုင္တဲ့အခ်ိန္ Target ထားၿပီးသား အသက္အ႐ြယ္အထိ စိတ္တိုင္းက်ေအာင္၊ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနတဲ့သေဘာပါပဲ။

ေမး – ဘယ္လိုလူမ်ိဳးကို အိမ့္ခ်စ္အေနနဲ႔ေ႐ြးခ်ယ္မွာလဲ။

ေျဖ – ကိုယ့္ကို နားလည္ေပးတဲ့သူမ်ိဳးကိုပဲ ေ႐ြးခ်ယ္ရမွာေပါ့ေနာ္။ အိမ့္ခ်စ္က ဂီတကို ရပ္ပစ္လိုက္မယ့္သူထဲမွာ မပါဘူး။ အၿမဲတမ္း အသက္ႀကီးတဲ့အထိေပါ့၊ အိမ့္ခ်စ္တို႔ အေဖလိုမ်ိဳးပဲေပါ့ေနာ္။ အေဖဆိုလည္း သူ႕အသက္အ႐ြယ္ (၅၆)ႏွစ္၊ (၅၇)ႏွစ္အထိ သူလုပ္ေနတုန္းပဲေလ။ အိမ့္ခ်စ္လည္း အဲဒီအသက္အ႐ြယ္အထိ ဆိုႏိုင္တဲ့သူတစ္ေယာက္ျဖစ္ခ်င္တယ္။ ဒါက အိမ့္ခ်စ္ အရင္ကတည္းက ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္ပါ။ အႏုပညာအလုပ္ႀကီးကို လုံး၀ရပ္ပစ္လိုက္ဖို႔အတြက္ေတာ့ ရည္မွန္းခ်က္မရွိဘူး။ အဲဒီေတာ့ ကိုယ့္အလုပ္ကို နားလည္ေပးႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ရမယ္လို႔ စဥ္းစားထားတယ္။

ေမး – ျပည္ပေဖ်ာ္ေျဖပြဲေတြ သြားေရာက္ေဖ်ာ္ေျဖဖို႔ေကာ ရွိေသးလား။

ေျဖ – ေရွ႕ႏွစ္ထဲေတာ့ အေမရိကားကို ျပန္သြားဖို႔ေတာ့ရွိတယ္။ ၿပီးခဲ့တဲ့တစ္ေခါက္ သြားခဲ့တုန္းကေတာ့ ဦးေအာင္ရင္နဲ႔ ဇြဲျပည့္တို႔နဲ႔ သြားၾကတယ္။ ဒီတစ္ေခါက္ေတာ့ ဘယ္သူနဲ႔ သြားျဖစ္ဦးမလဲ မသိေသးဘူး။ ဒါေပမဲ့ ျပန္သြားဖို႔ အစီအစဥ္ရွိတယ္။ ဇန္နဝါရီလထဲမွာ မေလးရွားသြားဖို႔ရွိတယ္။ အိမ့္ခ်စ္နဲ႔ ပိုပို၊ လြမ္းပိုင္၊ ေနမင္းအိမ္ရယ္ သြားၾကမယ္။ က်န္တာကေတာ့ ျပည္တြင္း႐ႈိးပြဲေလးေတြပဲ ရွိတယ္။ အိမ့္ခ်စ္ အခုလည္း ခရီးေတြ ေတာက္ေလ်ာက္သြားေနတယ္။ ရန္ကုန္မွာ မရွိသေလာက္ဘဲျဖစ္ေနတယ္။ တစ္ရက္ျပန္ေရာက္လိုက္၊ ျပန္ထြက္သြားလိုက္ ေတာက္ေလ်ာက္ အဲဒီလိုမ်ိဳးသြားျဖစ္ေနတယ္။

ေမး – New Year က ဘယ္မွာရွိျဖစ္မလဲ။

ေျဖ – ဒီဇင္ဘာတစ္လလုံး အိမ့္ခ်စ္ခရီးေတြ ထြက္ဖို႔ရွိတယ္။ ဒီဇင္ဘာ ၂၁ ရက္မွာ ပန္းပြဲေတာ္မွာရွိေနမယ္။ New Year ကိုလည္း သီခ်င္းေဖ်ာ္ေျဖဖို႔ရွိေနတယ္။ အဲဒါကိုလည္း Fg Entertainment ကေနပဲ ထုတ္လႊင့္ျပသသြားမွာပါ။

ဓာတ္ပုံ – အိမ့္ခ်စ္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

အဆိုတော် အိမ့်ချစ်နှင့်တွေ့ဆုံခြင်း

‘အသက် (၃၀) လောက်ဆိုရင်တော့ အိမ်ထောင်ရေးကို စဉ်းစားမယ်’

အဆိုတော် အိမ့်ချစ်နှင့်တွေ့ဆုံခိုက် ဂီတအနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်သည့်အကြောင်း၊ မောင်ဖြစ်သူ ဂျူနီယာချစ်ကောင်းနှင့် တွဲစပ်လုပ်ဆောင်နေသည့် သီချင်းအခွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိလိုသမျှ မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – လတ်တလော ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့အကြောင်းလေး ပြောပြပေးပါဦး။

ဖြေ – အိမ့်ချစ် မောင်လေးနဲ့ သင်္ကြန်အပြီး ၂၀၂၀ ပြည့်နှစ်ထဲတော့ ရောက်သွားမှာပါ။ အခွေ တစ်ခွေထွက်ဖို့ ရှိတယ်၊ တာထွက်ဆိုတဲ့အခွေလေး ထွက်ဖို့ရှိတယ်၊ အိမ့်ချစ်နဲ့ ဂျူနီယာ ချစ်ကောင်းနဲ့ တစ်ယောက်တစ်ခြမ်းစီ လေးပုဒ်စီလုပ်မယ်။ စုံတွဲသီချင်းလေးတွေလည်း ပါမယ်။ အဲဒါလေးတွေ လုပ်နေတယ်။ အဲဒါပြီးတော့မှ အိမ့်ချစ်က ၂၀၂၀ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှပဲ အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်အခွေ ပြန်ပြီးတော့ ထွက်ပါမယ်။

မေး – သီချင်းပုံစံလေးတွေကကော။

ဖြေ – မောင်လေးနဲ့ အခွေထဲမှာကျတော့ အရမ်းအီလက်ထရိုဆန်တာမျိုးတွေ မပါဘူး။ ပေါ့ခ်လေးတွေ အဓိကပါမယ်။ သူနဲ့လိုက်ဖက်မှုရှိတဲ့ သီချင်းလေးတွေပါမယ်။ တစ်ယောက်တည်း အခွေကျရင်တော့ ကိုယ်ကြိုက်တဲ့မြူးဇစ်တွေပါမယ်။ ခေတ်ဘက်ကိုရောက်တဲ့ သီချင်းလေးတွေ ပိုပြီးတော့ ပါဖြစ်မှာပေါ့နော်။ အိမ့်ချစ်ရဲ့ ဒုတိယမြောက်အခွေဖြစ်တဲ့ အချစ်ရေးအခွေတုန်းကလိုမျိုး သီချင်းလေးတွေပါမယ်။ ပေါ့ခ်သီချင်းချိုချိုလေးတွေ ပါမယ်၊ အချစ်သီချင်းလေးတွေ ပါမယ်။

မေး – ထူးထူးခြားခြား သီချင်းပုံစံလေးတွေကော ပါဦးမလား။

ဖြေ – မောင်လေးနဲ့ အခွေထဲမှာတော့ ထူးထူးခြားခြားသီချင်းလေးတစ်ပုဒ်တော့ ပါတယ်။ တေးရေးဆရာအသစ်လေး တစ်ယောက်စီက သီချင်းဝယ်ထားတယ်။ သီချင်းပုံစံလေးက မကောင်းတဲ့အလုပ်ကို လုပ်စားရတဲ့ လမ်းပေါ်က မိန်းကလေးတွေရဲ့ ဘ၀မျိုးကို ကိုယ်ချင်းစာပြီးတော့ ရေးထားတဲ့သီချင်းလေးပါ။ အဲဒီမိန်းကလေးတစ်ယောက်ကို လူတွေက အပေါ်ယံအလှတရားကိုပဲ မက်မောကြတယ်။ သူ့အတွက်က ဘယ်အချိန်မှာ ဘယ်လိုကောင်းခြင်းတွေ ဖြစ်လာမှာလဲပေါ့။ အဲဒီလိုလူမျိုးကို ငှက်ကလေးတွေနဲ့ ခိုင်းနှိုင်းပြီးတော့ တစ်ချိန်မှာ ဖြစ်ချင်တာတွေက လက်တွေ့ဖြစ်လာမယ်။ အဓိကက ဒီလိုမျိုး မိန်းကလေးတွေရဲ့ ဘ၀မှာ သူတို့ကို တန်ဖိုးထားပြီး ဘယ်လိုယောက်ျားမျိုးကများ လက်ထပ်လိမ့်မလဲလို့ တွေးကြမှာပဲလေ။ သူတို့လည်း ဘ၀အခြေအနေကြောင့်သာမဖြစ်လို့ မကောင်းတဲ့အလုပ်ကို လုပ်စားရပေမယ့် သူတို့လည်းဘ၀မှာ ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ် အဆုံးသတ်ချင်မှာပဲလေ။ အဲဒီလိုမျိုး အဆုံးမသတ်နိုင်ဘဲ ရောဂါနဲ့ အဆုံးသတ်သွားရတဲ့သူတွေ အများကြီးရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ဘ၀မှာဖြစ်ချင်တာတွေ ဖြစ်လာလိမ့်ဦးမယ်။ အားမလျော့နဲ့ဆိုတဲ့ပုံစံမျိုးနဲ့ သီချင်းလေးတစ်ပုဒ်တော့ ပါလိမ့်မယ်။ ဒါလေးကတော့ အချစ်သီချင်းမဟုတ်ဘဲနဲ့ ထူးခြားတဲ့သီချင်းလေးပါ။

မေး – အချစ်နဲ့ပတ်သက်ပြီး ဘာတွေစဉ်းစားထားသေးလဲ။

ဖြေ – အချစ်နဲ့ ပတ်သက်ပြီးတော့ ရှိရှိ၊ မရှိရှိ ကျွန်မတို့ အနုပညာသမားတွေ က မရှိလည်း ဟန်ဆောင်ပြီးတော့ ချစ်နေရတာပါပဲ။ ရှိလည်း ဟန်ဆောင်ပြီး ချစ်နေရတာပဲ။ ကွဲနေလည်း ဟန်ဆောင်ပြီးတော့ ချစ်ပြနေရတာပဲ။ ဘ၀ကို အပြောင်းအလဲလုပ်ဖို့ကလည်း အခုလောလောဆယ်ကတော့ မဖြစ်သေးပါဘူး။အခုတော့ အသက်က (၂၈)နှစ်ရှိပြီ။ အသက် (၃၀)လောက်ဆိုရင်တော့ အိမ်ထောင်ရေးကိုစဉ်းစားမယ်။ အသက် (၃၀)က အစောဆုံးပေါ့နော်။ ဒါမှမဟုတ်လည်း အသက် (၃၀)ကျော်မှ စဉ်းစားမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အိမ့်ချစ်က မိသားစုကို ဦးဆောင်ရတဲ့သူ ဖြစ်တဲ့အခါကျတော့ လွယ်လွယ်လေးနဲ့ မိသားစုဘ၀ထဲကနေ ထွက်သွားလို့မရဘူး။ ကိုယ်မိသားစုဘ၀တစ်ခုကို ထူထောင်ချင်ပေမယ့် ကိုယ့်နောက်မှာ ရှိခဲ့ပြီးသား ကိုယ့်အမေ၊ ကိုယ့်မောင်လေး ဒီမိသားစုအတွက် ခိုင်မာမှုတွေရအောင်၊ စိတ်ချရအောင် အများကြီး လုပ်ပေးရဦးမယ်။ အမေ့ကိုဆိုလည်း ကျေးဇူးဆပ်နေတုန်းဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ်က မိသားစုဘ၀တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် လင်ယောကျ်ားဝတ္တရားတွေဆိုတာ ရှိလာမှာပဲလေ။ သားသမီးဝတ္တရားဆိုတာကလည်း ရှိလာဦးမှာပဲလေ။ ဒါတွေလုပ်ပေးရင်းနဲ့ ကိုယ့်အမေကို မလုပ်ပေးနိုင်တော့တာမျိုး မလုပ်ပေးဘူးဆိုတာတော့ မရှိဘူးဆိုပေမယ့် အရင်ထက်စာရင် လျော့သွားတာမျိုးမဖြစ်ချင်ဘူး။ အဲဒီအတွက် ကိုယ်လုပ်နိုင်တဲ့အချိန် Target ထားပြီးသား အသက်အရွယ်အထိ စိတ်တိုင်းကျအောင်၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့သဘောပါပဲ။

မေး – ဘယ်လိုလူမျိုးကို အိမ့်ချစ်အနေနဲ့ရွေးချယ်မှာလဲ။

ဖြေ – ကိုယ့်ကို နားလည်ပေးတဲ့သူမျိုးကိုပဲ ရွေးချယ်ရမှာပေါ့နော်။ အိမ့်ချစ်က ဂီတကို ရပ်ပစ်လိုက်မယ့်သူထဲမှာ မပါဘူး။ အမြဲတမ်း အသက်ကြီးတဲ့အထိပေါ့၊ အိမ့်ချစ်တို့ အဖေလိုမျိုးပဲပေါ့နော်။ အဖေဆိုလည်း သူ့အသက်အရွယ် (၅၆)နှစ်၊ (၅၇)နှစ်အထိ သူလုပ်နေတုန်းပဲလေ။ အိမ့်ချစ်လည်း အဲဒီအသက်အရွယ်အထိ ဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ ဒါက အိမ့်ချစ် အရင်ကတည်းက ရည်ရွယ်ချက်၊ ရည်မှန်းချက်ပါ။ အနုပညာအလုပ်ကြီးကို လုံး၀ရပ်ပစ်လိုက်ဖို့အတွက်တော့ ရည်မှန်းချက်မရှိဘူး။ အဲဒီတော့ ကိုယ့်အလုပ်ကို နားလည်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ်လို့ စဉ်းစားထားတယ်။

မေး – ပြည်ပဖျော်ဖြေပွဲတွေ သွားရောက်ဖျော်ဖြေဖို့ကော ရှိသေးလား။

ဖြေ – ရှေ့နှစ်ထဲတော့ အမေရိကားကို ပြန်သွားဖို့တော့ရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သွားခဲ့တုန်းကတော့ ဦးအောင်ရင်နဲ့ ဇွဲပြည့်တို့နဲ့ သွားကြတယ်။ ဒီတစ်ခေါက်တော့ ဘယ်သူနဲ့ သွားဖြစ်ဦးမလဲ မသိသေးဘူး။ ဒါပေမဲ့ ပြန်သွားဖို့ အစီအစဉ်ရှိတယ်။ ဇန်နဝါရီလထဲမှာ မလေးရှားသွားဖို့ရှိတယ်။ အိမ့်ချစ်နဲ့ ပိုပို၊ လွမ်းပိုင်၊ နေမင်းအိမ်ရယ် သွားကြမယ်။ ကျန်တာကတော့ ပြည်တွင်းရှိုးပွဲလေးတွေပဲ ရှိတယ်။ အိမ့်ချစ် အခုလည်း ခရီးတွေ တောက်လျောက်သွားနေတယ်။ ရန်ကုန်မှာ မရှိသလောက်ဘဲဖြစ်နေတယ်။ တစ်ရက်ပြန်ရောက်လိုက်၊ ပြန်ထွက်သွားလိုက် တောက်လျောက် အဲဒီလိုမျိုးသွားဖြစ်နေတယ်။

မေး – New Year က ဘယ်မှာရှိဖြစ်မလဲ။

ဖြေ – ဒီဇင်ဘာတစ်လလုံး အိမ့်ချစ်ခရီးတွေ ထွက်ဖို့ရှိတယ်။ ဒီဇင်ဘာ ၂၁ ရက်မှာ ပန်းပွဲတော်မှာရှိနေမယ်။ New Year ကိုလည်း သီချင်းဖျော်ဖြေဖို့ရှိနေတယ်။ အဲဒါကိုလည်း Fg Entertainment ကနေပဲ ထုတ်လွှင့်ပြသသွားမှာပါ။

ဓာတ်ပုံ – အိမ့်ချစ်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်