ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အေပၚ ထားရွိသည့္ သေဘာထားအျမင္ အထက္လႊတ္ေတာ္အမတ္ မက္ကြန္းနဲလ္က မိုက္ခ္ပြန္ေပအိုကို ေမးခြန္းထုတ္

ကင္တပ္ကီျပည္နယ္ လူဝစၥဗီးလ္တကၠသိုလ္၌ ဒီဇင္ဘာ ၁ ရက္တြင္ က်င္းပခဲ့ေသာ စင္ျမင့္ေဆြးေႏြးပြဲတစ္ခု၌ အေမရိကန္အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ အထက္လႊတ္ေတာ္အမတ္ မစ္ခ္်မက္ကြန္းနဲလ္က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ထားရွိသည့္ သေဘာထားႏွင့္ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ေပအိုကို မိန္႔ခြန္းထုတ္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္ျပည္ေထာင္စု၏ ရပ္တည္ခ်က္အရ မိမိတို႔အေနျဖင့္ ေခါင္းေဆာင္မ်ားကိုမေ႐ြးဘဲ ရလဒ္မ်ားကိုသာ ေ႐ြးခ်ယ္ေၾကာင္း၊ သို႔ျဖစ္ရာ ယခင္အေမရိကန္အစိုးရက မလုပ္ခဲ့ေသာ ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္မ်ားအား အေရးယူပိတ္ဆို႔မႈမ်ိဳးကို မိမိတို႔လုပ္ေဆာင္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ေပအိုက အထက္လႊတ္ေတာ္အမတ္ မစ္ခ္်မက္ကြန္းနဲလ္၏ေမးခြန္းကို တုံ႔ျပန္ခဲ့သည္။

ယင္းအျပင္ တပ္မေတာ္သည္ ျပည္တြင္း၌ ဩဇာအာဏာႀကီးမားေနဆဲျဖစ္ရာ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ေဘးက်ပ္နံက်ပ္အေျခအေနႏွင့္ ရင္ဆိုင္ေနရေၾကာင္း၊ သို႔ရာတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္အေနျဖင့္ ႏိုင္ငံႏွင့္ ျပည္သူအတြက္ မွန္ကန္သည့္ရလဒ္မ်ားကို ရယူေရး၊ ႏိုင္ငံႏွင့္ျပည္သူကို လမ္းေၾကာင္းမွန္ေပၚသို႔ ပို႔ေဆာင္ေပးေရးတို႔အတြက္ လုပ္ႏိုင္သမၽွအားလုံးလုပ္လိမ့္မည္ဟု မိမိတို႔ေမၽွာ္လင့္ထားေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ေပအိုက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အေပၚထားရွိသည့္ သေဘာထားအျမင္ကို ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

-Ads-
-Ads-

မိမိအေနျဖင့္ ျမန္မာႏိုင္ငံကို စစ္အာဏာရွင္ႏိုင္ငံအျဖစ္မွ ဒီမိုကေရစီႏိုင္ငံအျဖစ္ အသြင္ကူးေျပာင္းေရးအတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႀကိဳးပမ္းမႈမ်ားကို စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ေၾကာင္း၊ သို႔ရာတြင္ ႀကိဳးပမ္းသမၽွ အရာမထင္သည့္ ျဖစ္စဥ္အခ်ိဳ႕ရွိခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္မွာလည္း ရခိုင္ျပည္နယ္ ဘဂၤါလီျပႆနာႏွင့္ပတ္သက္၍ ေဝဖန္ခံေနရေၾကာင္း အထက္လႊတ္ေတာ္အမတ္ မစ္ခ္်မက္ကြန္းနဲလ္က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ပတ္သက္၍ မိုက္ခ္ပြန္ေပအို၏ သေဘာထားကို မေမးျမန္းမီ ေျပာၾကားခဲ့သည္။

ကင္တပ္ကီျပည္နယ္အထက္ လႊတ္ေတာ္အမတ္ မစ္ခ္်မက္ကြန္းနဲလ္သည္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏွစ္ေပါင္း ၂၀ ၾကာမၽွ ရင္းႏွီးကၽြမ္းဝင္ခဲ့သူျဖစ္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုလည္း တစိုက္မတ္မတ္ ေထာက္ခံအားေပးခဲ့သူျဖစ္သည္။

………………………………………………………..

(Unicode Version)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ထားရှိသည့် သဘောထားအမြင် အထက်လွှတ်တော်အမတ် မက်ကွန်းနဲလ်က မိုက်ခ်ပွန်ပေအိုကို မေးခွန်းထုတ်

ကင်တပ်ကီပြည်နယ် လူဝစ္စဗီးလ်တက္ကသိုလ်၌ ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော စင်မြင့်ဆွေးနွေးပွဲတစ်ခု၌ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်းနဲလ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုကို မိန့်ခွန်းထုတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်အရ မိမိတို့အနေဖြင့် ခေါင်းဆောင်များကိုမရွေးဘဲ ရလဒ်များကိုသာ ရွေးချယ်ကြောင်း၊ သို့ဖြစ်ရာ ယခင်အမေရိကန်အစိုးရက မလုပ်ခဲ့သော မြန်မာ့တပ်မတော် ခေါင်းဆောင်များအား အရေးယူပိတ်ဆို့မှုမျိုးကို မိမိတို့လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်းနဲလ်၏မေးခွန်းကို တုံ့ပြန်ခဲ့သည်။

ယင်းအပြင် တပ်မတော်သည် ပြည်တွင်း၌ ဩဇာအာဏာကြီးမားနေဆဲဖြစ်ရာ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘေးကျပ်နံကျပ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် မှန်ကန်သည့်ရလဒ်များကို ရယူရေး၊ နိုင်ငံနှင့်ပြည်သူကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေးရေးတို့အတွက် လုပ်နိုင်သမျှအားလုံးလုပ်လိမ့်မည်ဟု မိမိတို့မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်ထားရှိသည့် သဘောထားအမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မိမိအနေဖြင့် မြန်မာနိုင်ငံကို စစ်အာဏာရှင်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းမှုများကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြောင်း၊ သို့ရာတွင် ကြိုးပမ်းသမျှ အရာမထင်သည့် ဖြစ်စဉ်အချို့ရှိခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်မှာလည်း ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ဝေဖန်ခံနေရကြောင်း အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်းနဲလ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက်၍ မိုက်ခ်ပွန်ပေအို၏ သဘောထားကို မမေးမြန်းမီ ပြောကြားခဲ့သည်။

ကင်တပ်ကီပြည်နယ်အထက် လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်းနဲလ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ပေါင်း ၂၀ ကြာမျှ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူဖြစ်သည်။

-Ads-
-Ads-