က်ဳံးေထာင့္တြင္ အခ်ဳပ္ကားက သစ္ပင္ဝင္တိုက္စဥ္ ေနာက္မွဆိုင္ကယ္က ဝင္တိုက္မိ၊ ၁၁ ဦး ဒဏ္ရာရရ

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ က်ဳံးေထာင့္တြင္ အခ်ဳပ္ယာဥ္က သစ္ပင္ဝင္တိုက္မိရာမွ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါသူမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ သိရသည္။

ဒီဇင္ဘာ ၃ ရက္ နံနက္ ၈ နာရီခြဲဝန္းက်င္က ေက်ာက္ဆည္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ အခ်ဳပ္ယာဥ္သည္ ၂၆ ဘီလမ္း၊ ၆၅လမ္းႏွင့္ ၆၆လမ္းၾကားအေရာက္တြင္ လမ္းေဘးမန္က်ည္းပင္ကို ဝင္တိုက္မိခဲ့သည္။ သစ္ပင္ကိုတိုက္မိၿပီး ရပ္တန္႔သြားစဥ္ ေနာက္မွလားရာတူ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာေသာ ဆိုင္ကယ္တစ္စီးက အခ်ဳပ္ယာဥ္အား ဝင္တိုက္မိခဲ့ျခင္းျဖစ္သည္။

‘လမ္းေဘးကပ္လြန္းေတာ့ အခ်ဳပ္ကားေခါင္းမိုးနဲ႔ မန္က်ည္းပင္နဲ႔ၿငိသြားတာ၊ ကားကရပ္သြားၿပီးေနာက္က ဆိုင္ကယ္ကဝင္တိုက္မိၿပီး ညပ္သြားတာပါ။ အခ်ဳပ္သားခုနစ္ဦးနဲ႔ ရဲတပ္ဖြဲ႕ဝင္သုံးဦး၊ ဆိုင္ကယ္သမားတစ္ဦး၊ ဒဏ္ရာရခဲ့တယ္’ဟု အမွတ္(၁) နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

-Ads-
-Ads-

အခ်ဳပ္ယာဥ္မွာ အခ်ဳပ္သား ၁၈ ဦးကို မႏၲေလးအိုးဘိုေထာင္သို႔ပို႔ေဆာင္ရန္ တင္ေဆာင္လာစဥ္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယာဥ္တိုက္မႈေၾကာင့္ အခ်ဳပ္သားခုနစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္ သုံးဦး၊ ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသမီးတို႔ ထိခိုက္ဒဏ္ရာရရွိကာ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း အခင္းျဖစ္ရာတြင္ ေရာက္ရွိေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေျပာသည္။

သတင္း – ႏိုင္ဝင္းစိုး

………………………………………………………..

(Unicode Version)

ကျုံးထောင့်တွင် အချုပ်ကားက သစ်ပင်ဝင်တိုက်စဉ် နောက်မှဆိုင်ကယ်က ဝင်တိုက်မိ၊ ၁၁ ဦး ဒဏ်ရာရရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကျုံးထောင့်တွင် အချုပ်ယာဉ်က သစ်ပင်ဝင်တိုက်မိရာမှ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ သိရသည်။

ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ယာဉ်သည် ၂၆ ဘီလမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြားအရောက်တွင် လမ်းဘေးမန်ကျည်းပင်ကို ဝင်တိုက်မိခဲ့သည်။ သစ်ပင်ကိုတိုက်မိပြီး ရပ်တန့်သွားစဉ် နောက်မှလားရာတူ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက အချုပ်ယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

‘လမ်းဘေးကပ်လွန်းတော့ အချုပ်ကားခေါင်းမိုးနဲ့ မန်ကျည်းပင်နဲ့ငြိသွားတာ၊ ကားကရပ်သွားပြီးနောက်က ဆိုင်ကယ်ကဝင်တိုက်မိပြီး ညပ်သွားတာပါ။ အချုပ်သားခုနစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ဆိုင်ကယ်သမားတစ်ဦး၊ ဒဏ်ရာရခဲ့တယ်’ဟု အမှတ်(၁) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အချုပ်ယာဉ်မှာ အချုပ်သား ၁၈ ဦးကို မန္တလေးအိုးဘိုထောင်သို့ပို့ဆောင်ရန် တင်ဆောင်လာစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အချုပ်သားခုနစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ဆိုင်ကယ်မောင်းသူ အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အခင်းဖြစ်ရာတွင် ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

သတင်း – နိုင်ဝင်းစိုး

-Ads-
-Ads-