ခ်င္းအလွ ခ်င္းသဘာ၀ ေခါင္းစဥ္ျဖင့္ ပထမအႀကိမ္ ဓာတ္ပုံၿပိဳင္ပြဲ က်င္းပမည္

ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား ခ်င္းျပည္နယ္ကို စိတ္ဝင္စားကာ ပိုမိုလည္ပတ္ေရးရည္႐ြယ္ခ်က္ျဖင့္ ခ်င္းျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီႏွင့္ ျမန္မာႏိုင္ငံဓာတ္ပုံအသင္းတို႔ ပူးေပါင္း၍ ပထမအႀကိမ္ ‘ခ်င္းအလွ ခ်င္းသဘာ၀’ ေခါင္းစဥ္ျဖင့္ ဓာတ္ပုံၿပိဳင္ပြဲကို ဖိတ္ေခၚၿပိဳင္ပြဲအျဖစ္ က်င္းပမည္ျဖစ္ရာ တစ္ႏိုင္ငံလုံးရွိ ၿပိဳင္ပြဲဝင္လိုသူ ဓာတ္ပုံဝါသနာရွင္တိုင္း ပါဝင္ယွဥ္ၿပိဳင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဓာတ္ပုံၿပိဳင္ပြဲကို ခ်င္းျပည္နယ္အတြင္းရွိ ျမင္ကြင္းအလွမ်ားႏွင့္ လူေနမႈဘ၀မ်ား၊ သဘာ၀အလွအပႏွင့္ ႐ႈခင္းမ်ား၊ သစ္ပင္ပန္းမန္မ်ား၊ ႐ိုးရာယဥ္ေက်းမႈမ်ား၊ ခ်င္း႐ိုးရာဓေလ့ပြဲေတာ္မ်ား၊ လူေနမႈဓေလ့မ်ားႏွင့္ ႐ိုးရာအစားအေသာက္မ်ား ေဖာ္ထုတ္ျခင္းႏွင့္အတူ ျပည္တြင္း၊ ျပည္ပခရီးသြားလုပ္ငန္း ျမႇင့္တင္ေရးအတြက္ ဖိတ္ေခၚက်င္းပျခင္းျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

‘ဒီဓာတ္ပုံၿပိဳင္ပြဲကေန ဆုရရွိတဲ့သူေတြကို ပထမဆု ေငြက်ပ္ခုနစ္သိန္း၊ ဒုတိယဆု ေငြက်ပ္ငါးသိန္း၊ တတိယဆု ေငြက်ပ္သုံးသိန္းနဲ႔ ႏွစ္သိမ့္ဆု ၂၀ အတြက္ ဆုတစ္ဆုကို ေငြက်ပ္ ၅၀၀၀၀ စီ ခ်ီးျမႇင့္ေပးသြားမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ဓာတ္ပုံေ႐ြးခ်ယ္မွာက မတ္၂၅ ရက္ ျဖစ္ပါတယ္။ ဆုရရွိတဲ့သူေတြကို အမ်ားသိေအာင္ က်ယ္က်ယ္ျပန္႔ျပန္႔ ေၾကညာေပးမွာပါ’ဟု ခ်င္းျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဦးစီးဌာန ဦးစီးအရာရွိ ဦးပိုင္ၿဖိဳးေက်ာ္က ေျပာသည္။

-Ads-
-Ads-

ၿပိဳင္ပြဲဝင္ပုံစံေလၽွာက္ထားရာတြင္ ခ်င္းျပည္နယ္အတြင္း႐ိုက္ကူးထားေသာ ဓာတ္ပုံမ်ားျဖင့္ ၿပိဳင္ပြဲဝင္ရမည္ျဖစ္ၿပီး အျခားပုံမ်ားလက္ခံမည္မဟုတ္ေၾကာင္း၊ ၿပိဳင္ပြဲဝင္ပုံစံမ်ားကို ဟိုတယ္ႏွင့္ ခရီးသြားလာေရးဦးစီးဌာန၌ အခမဲ့ေတာင္းခံႏိုင္ေၾကာင္း၊ ၿပိဳင္ပြဲဝင္ဓာတ္ပုံ ေပးပို႔တင္ျပရာတြင္ အျခားၿပိဳင္ပြဲမ်ား၌ ဆုရရွိခဲ့ၿပီးေသာ ဓာတ္ပုံမ်ားမျဖစ္ရန္ လိုအပ္ေၾကာင္း၊ ဓာတ္ပုံပို႔ရန္ ေနာက္ဆုံးရက္မွာ ၂၀၂၀ ျပည့္ႏွစ္ မတ္ ၁၅ ရက္ျဖစ္ေၾကာင္း ဦးပိုင္ၿဖိဳးေက်ာ္က ဆက္လက္ေျပာဆိုသည္။

အဆိုပါ ၿပိဳင္ပြဲဝင္ဓာတ္ပုံမ်ားအနက္ ခ်င္းျပည္နယ္၏ ရွားပါးေသာ ႐ိုးရာ၊ သဘာ၀ႏွင့္ ဓေလ့မ်ားကို ေဖာ္က်ဴးႏိုင္သည့္ဓာတ္ပုံမ်ားေ႐ြးခ်ယ္၍ တစ္ဆုလၽွင္ ေငြက်ပ္ ၅၀၀၀၀ စီ ခ်ီးျမႇင့္ေပးမည္ျဖစ္ၿပီး ဆုရဓာတ္ပုံမ်ားကို ၂၀၂၀ ျပည့္ႏွစ္ ေမလ ပထမပတ္တြင္ ပုဂံၿမိဳ႕၌ ဓာတ္ပုံျပပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း – ဖိုးဇိုနက္

………………………………………………………..

(Unicode Version)

ချင်းအလှ ချင်းသဘာ၀ ခေါင်းစဉ်ဖြင့် ပထမအကြိမ် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်ကို စိတ်ဝင်စားကာ ပိုမိုလည်ပတ်ရေးရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းတို့ ပူးပေါင်း၍ ပထမအကြိမ် ‘ချင်းအလှ ချင်းသဘာ၀’ ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကို ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံလုံးရှိ ပြိုင်ပွဲဝင်လိုသူ ဓာတ်ပုံဝါသနာရှင်တိုင်း ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို ချင်းပြည်နယ်အတွင်းရှိ မြင်ကွင်းအလှများနှင့် လူနေမှုဘ၀များ၊ သဘာ၀အလှအပနှင့် ရှုခင်းများ၊ သစ်ပင်ပန်းမန်များ၊ ရိုးရာယဉ်ကျေးမှုများ၊ ချင်းရိုးရာဓလေ့ပွဲတော်များ၊ လူနေမှုဓလေ့များနှင့် ရိုးရာအစားအသောက်များ ဖော်ထုတ်ခြင်းနှင့်အတူ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

‘ဒီဓာတ်ပုံပြိုင်ပွဲကနေ ဆုရရှိတဲ့သူတွေကို ပထမဆု ငွေကျပ်ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ်ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်းနဲ့ နှစ်သိမ့်ဆု ၂၀ အတွက် ဆုတစ်ဆုကို ငွေကျပ် ၅၀၀၀၀ စီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံရွေးချယ်မှာက မတ်၂၅ ရက် ဖြစ်ပါတယ်။ ဆုရရှိတဲ့သူတွေကို အများသိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးမှာပါ’ဟု ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးပိုင်ဖြိုးကျော်က ပြောသည်။

ပြိုင်ပွဲဝင်ပုံစံလျှောက်ထားရာတွင် ချင်းပြည်နယ်အတွင်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး အခြားပုံများလက်ခံမည်မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင်ပုံစံများကို ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၌ အခမဲ့တောင်းခံနိုင်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံ ပေးပို့တင်ပြရာတွင် အခြားပြိုင်ပွဲများ၌ ဆုရရှိခဲ့ပြီးသော ဓာတ်ပုံများမဖြစ်ရန် လိုအပ်ကြောင်း၊ ဓာတ်ပုံပို့ရန် နောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်ဖြစ်ကြောင်း ဦးပိုင်ဖြိုးကျော်က ဆက်လက်ပြောဆိုသည်။

အဆိုပါ ပြိုင်ပွဲဝင်ဓာတ်ပုံများအနက် ချင်းပြည်နယ်၏ ရှားပါးသော ရိုးရာ၊ သဘာ၀နှင့် ဓလေ့များကို ဖော်ကျူးနိုင်သည့်ဓာတ်ပုံများရွေးချယ်၍ တစ်ဆုလျှင် ငွေကျပ် ၅၀၀၀၀ စီ ချီးမြှင့်ပေးမည်ဖြစ်ပြီး ဆုရဓာတ်ပုံများကို ၂၀၂၀ ပြည့်နှစ် မေလ ပထမပတ်တွင် ပုဂံမြို့၌ ဓာတ်ပုံပြပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – ဖိုးဇိုနက်

-Ads-
-Ads-