ထပ္ဆင့္အကယ္ဒမီ ေမသန္းႏုႏွင့္ေတြ႕ဆုံျခင္း

“မဆင့္တို႔ကေတာ့ အေကာင္းဆုံး ေ႐ြးခ်ယ္မယ္”

ယခုႏွစ္ အကယ္ဒမီဘုတ္အဖြဲ႕တြင္ပါဝင္မည့္ သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီ ေမသန္းႏုႏွင့္ေတြ႕ဆုံခိုက္ အကယ္ဒမီႏွင့္ပတ္သက္သည့္အေၾကာင္း၊ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္႐ိုက္ကူးထားသည့္ တိမ္ေတြေပၚကပန္း ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္အေၾကာင္းအရာမ်ားႏွင့္ ေမးျမန္းခဲ့သည္မ်ားကို ေဖာ္ျပလိုက္ပါသည္

ေမး – အကယ္ဒမီဘုတ္အဖြဲ႕ထဲမွာ ပါဝင္ျဖစ္ပုံေလးကို အရင္ဆုံးေျပာျပေပးပါဦး။

-Ads-
-Ads-

ေျဖ – အဲဒီလိုမ်ိဳးလုပ္ဖို႔ ေျပာကတည္းက မဆင့္တို႔ အခ်င္းခ်င္းတိုင္ပင္တာပါ။ လုပ္သင့္၊ မလုပ္သင့္ တိုင္ပင္ၾကတယ္။ မိတ္ေဆြအေပါင္းအသင္းေတြကေတာ့ အေျပာခံထိ၊ အဆဲခံထိမွာေၾကာက္လို႔ မလုပ္သင့္ဘူးလို႔ ေျပာတယ္။ အဲဒီလိုမ်ိဳးေၾကာက္ေနရင္လည္း ဒီေလာကကလုပ္မယ့္သူရွိမွာမဟုတ္ဘူး။ အားလုံးကလည္း အသက္ႀကီးပိုင္းေတြ ျဖစ္ေနၿပီ။ လူငယ္ေတြက ပါးစပ္ကသာေျပာတာ၊ ဘာမွမလုပ္ေပးႏိုင္ၾကဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔မွာ အလုပ္အကိုင္ေတြရွိတယ္။ အခ်ိန္မေပးႏိုင္တာေပါ့။ ေဝဖန္မႈေတြလည္း ရွိေနတဲ့အခါက်ေတာ့ မဆင့္တို႔က ပူးေပါင္းပါဝင္သင့္တယ္။ အဲဒီရည္႐ြယ္ခ်က္နဲ႔ပဲ လုပ္ၾကတာပါ။ ရန္ေလးနဲ႔ တိုင္ပင္တယ္။ လြင္မိုးနဲ႔ တိုင္ပင္တယ္။ ဒီအသက္အ႐ြယ္မွာ မဆင့္တို႔ ျဖတ္သန္းလာတဲ့ အသက္အ႐ြယ္အရလည္း ကူညီသင့္တယ္ထင္လို႔ မဆင့္တို႔ကကူညီတာပါ။

ေမး – အခုေကာ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ဘာေတြ ျပင္ဆင္ေနတာရွိေနၿပီလဲ။

ေျဖ – အခုဆိုရင္ အကယ္ဒမီ ဇာတ္ကားေတြၾကည့္ေနၿပီ။ ပဏာမအရင္ၾကည့္တာပါ။ မဆင့္တို႔ အခုၾကည့္ေနၾကၿပီ။ ေ႐ႊႀကိဳလည္း ျပန္ၿပီးေတာ့ေ႐ြးဖို႔ စီစဥ္ထားတယ္။ အဲဒါေလးရွိတယ္။ သူတို႔ကလည္း လူငယ္ေတြကိုထည့္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔အေျပာင္းအလဲနည္းနည္းပါးပါးလုပ္တာပါ။ မဆင့္တို႔ကေတာ့ သ႐ုပ္ေဆာင္အလႊာျဖစ္တဲ့အတြက္ သ႐ုပ္ေဆာင္ပိုင္းကိုပဲ ၾကည့္မယ္။ က်န္တဲ့အပိုင္းေတြ မၾကည့္ဘူး။ ကိုယ့္အပိုင္းနဲ႔ ကိုယ္ပဲ ေ႐ြးခ်ယ္သြားမွာပါ။

ေမး – ဘယ္လိုမ်ိဳးအကဲျဖတ္မယ္လို႔ ဆုံးျဖတ္ထားတာမ်ားရွိမလဲ။

ေျဖ – အခုကေတာ့ မဆင့္တို႔ စဥ္းစားထားတာကေတာ့ ဇာတ္ကားအေပၚမွာပဲ မူတည္ၿပီးေတာ့ ေ႐ြးခ်ယ္မယ္လို႔ စဥ္းစားထားတယ္။ တင္လာတဲ့အေပၚ မူတည္ၿပီး မေ႐ြးေတာ့ဘူးလို႔ စဥ္းစားထားၾကတယ္။ ဥပမာ-ဇာတ္ကားတစ္ကားမွာဆိုရင္ မင္းသားကိုဇာတ္ေဆာင္ဆိုၿပီး အမည္တင္ထားတယ္။ ဒါေပမဲ့အဲဒီဇာတ္ကားမွာ သူကဇာတ္ပို႔ ျဖစ္ေနတယ္ဆိုရင္ ဇာတ္ပို႔အေနနဲ႔ပဲ ေ႐ြးခ်ယ္မယ္လို႔ စဥ္းစားထားတယ္။ ဟိုလို မ်ိဳးဇာတ္ေဆာင္အျဖစ္ မေ႐ြးဘူး။ အဲဒီလိုမ်ိဳးေတာ့ ကြဲျပားဖို႔လိုမယ္လို႔ ထင္တယ္။ တခ်ိဳ႕ကက်ေတာ့လည္း အၿပိဳင္ေတြရွိေနလို႔ ဇာတ္ပို႔တင္မယ္ဆိုၿပီးေတာ့ အဲဒီလိုမ်ိဳးေတြရွိတယ္ေလ။ ဇာတ္ကားတစ္ကားမွာ ဇာတ္ေဆာင္ကဇာတ္ေဆာင္ပဲ။ ဇာတ္ပို႔ကဇာတ္ပို႔ပါပဲ။

ေမး – အကယ္ဒမီက တစ္ႏွစ္ၿပီးသြားတိုင္း ေဝဖန္မႈေတြက အမ်ားႀကီးရွိခဲ့တာဆိုေတာ့ ဒီအေပၚေကာ ဘယ္လိုျပင္ဆင္ထားေသးလဲ။

ေျဖ – မဆင့္တို႔ကိုယ္တိုင္လည္း ဒီအတြက္ႀကိဳတင္ ျပင္ဆင္ထားရတာပါ။ လူတိုင္းကေတာ့ စိတ္ႀကိဳက္ေတာ့ မျဖစ္ႏိုင္ဘူးေလ။ ၿပီးခဲ့တဲ့ႏွစ္ကဆိုလည္း အရမ္းဂယက္ထခဲ့တယ္။ တစ္ရာမွာ ေျခာက္ဆယ္ခုနစ္ဆယ္ေလာက္ နီးစပ္တယ္ဆိုရင္ေတာ့ ေအာင္ျမင္တယ္လို႔ေခၚတယ္။ ငါးဆယ္ေအာက္ဆိုလည္း သိပ္အဆင္မေျပေတာ့ဘူးေလ။ မဆင့္တို႔ကေတာ့ အေကာင္းဆုံးေ႐ြးခ်ယ္မယ္။ တိုင္ပင္ၿပီးေတာ့ အလုပ္လုပ္ၾကမွာေပါ့ေနာ္။

ေမး – မဆင့္ရဲ႕သားျဖစ္သူကိုယ္တိုင္ဖန္တီးထားတဲ့ တိမ္ေတြေပၚကပန္း ဇာတ္ကားလည္း ႐ုံတင္ေတာ့မွာဆိုေတာ့ မိခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ကိုလည္း သိခ်င္ပါတယ္။

ေျဖ – သားသားအတြက္ ေက်နပ္ပါတယ္။ သူအလုပ္လုပ္တာ ပင္ပန္းတာကို ေတြ႕ရေတာ့လည္းသနားတယ္။ ဒါေပမဲ့ အဲဒါေတြက သူ႕အတြက္ အေတြ႕အႀကဳံေတြပါပဲ။ သူ႕အေဖရဲ႕ လမ္းၫႊန္မႈေအာက္မွာသြားတယ္။ သူ႕အေဖ က အႏုပညာနဲ႔ ပတ္သက္ရင္ ေလာဘတအားႀကီးေတာ့ သူ႕ကို စာသင္သလို ျဖစ္တာေပါ့။ သူ႕အတြက္ ပင္ပန္းေပမယ့္ အေတြ႕အႀကဳံေကာင္းေတြ အမ်ားႀကီးေတာ့ ခံစားရမွာေပါ့ေနာ္။ သူလုပ္ေနတဲ့၊ ဖန္တီးေနတဲ့အႏုပညာနဲ႔ပတ္သက္ၿပီး မဆင့္တို႔ ျပန္ၾကည့္လိုက္တဲ့အခါမွာလည္း ေက်နပ္တယ္။ သူ႕ရဲ႕ စိတ္ကူးစိတ္သန္းေလးေတြရယ္၊ သူရဲ႕ အိုင္ဒီယာေတာ္ေတာ္မ်ားမ်ားပါတယ္။ အႏုပညာသမားတစ္ေယာက္အေနနဲ႔လည္း ခ်ီးက်ဴးတယ္။

ေမး – ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ သူနဲ႔လက္တြဲၿပီး အလုပ္လုပ္ရတဲ့အခါမွာေကာ ဘယ္လိုမ်ိဳးအေပးအယူမၽွခဲ့ၾကလဲ။

ေျဖ – မဆင့္တို႔ကေတာ့ စိတ္ကိုထားတတ္သြားၿပီ။ သူဒါ႐ိုက္တာဆိုလည္း သူ႕စကားကိုနားေထာင္ၿပီးေတာ့ အလုပ္လုပ္တယ္ေလ။ ကိုယ္ကအေမမို႔လို႔ သ႐ုပ္ေဆာင္မို႔လို႔ဆိုတာမ်ိဳးစိတ္ထဲမွာ ဘာခံစားခ်က္မွ မထည့္ထားဘူး။ သူနဲ႔ ႐ိုက္ရင္ အႏုပညာဖန္တီးမႈနဲ႔ သူ႕စိတ္ကိုပဲ စိတ္တိုင္းက်လုပ္ေပးတာေပါ့ေနာ္။ မဆင့္ကေတာ့ သူ႕ကို ဒါ႐ိုက္တာ တစ္ေယာက္အေနနဲ႔ပဲ ျမင္ခဲ့ၿပီးေတာ့ သူခိုင္းတာကိုပဲ မဆင့္လုပ္ခဲ့တာပါ။ မဆင့္တို႔က်ေတာ့လည္း သ႐ုပ္ေဆာင္ လုပ္လာတာလည္း ၾကာၿပီဆိုေတာ့ ဒီဇာတ္ကား႐ိုက္ရင္ ဒီထဲက ကာ႐ိုက္တာ စိတ္ပဲထားတယ္ေလ။ တကယ္လို႔ သားသားလာသင္ရင္လည္း သူေျပာတာကိုပဲ နားေထာင္တယ္။ သားမ်က္ႏွာကိုလည္း မၾကည့္ဘူး။ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ပဲ သူေျပာတာကို နားေထာင္တယ္။ အဲဒီစိတ္နဲ႔ပဲ အလုပ္လုပ္တယ္။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကိုေကာ ဘာမ်ား ေျပာခ်င္ေသးလဲ။

ေျဖ – တိမ္ေတြေပၚကပန္း ဇာတ္ကားေလးကို မဆင့္ကို ခ်စ္ေသာပရိသတ္မ်ားနဲ႔ မဆင့္သားကိုခ်စ္ေသာ ပရိသတ္မ်ားလာေရာက္ၾကည့္႐ႈအားေပးဖို႔အတြက္ ဖိတ္ေခၚပါတယ္။ ဒီဇာတ္ကားေလးက ၾကည့္တဲ့သူရဲ႕ရင္ထဲကို တစ္ခုခုေတာ့ ေရာက္လိမ့္မယ္လို႔ ယုံၾကည္တယ္။ သားသားရဲ႕ ႀကိဳးစားအားထုတ္မႈလည္းပါတဲ့အတြက္ေဝဖန္အႀကံေပးဖို႔ ေျပာခ်င္တယ္။

ဓာတ္ပုံ – ေမသန္းႏုေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

ထပ်ဆင့်အကယ်ဒမီ မေသန်းနုနှင့်တွေ့ဆုံခြင်း

“မဆင့်တို့ကတော့ အကောင်းဆုံး ရွေးချယ်မယ်”

ယခုနှစ် အကယ်ဒမီဘုတ်အဖွဲ့တွင်ပါဝင်မည့် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မေသန်းနုနှင့်တွေ့ဆုံခိုက် အကယ်ဒမီနှင့်ပတ်သက်သည့်အကြောင်း၊ သားဖြစ်သူ မင်းသန့်မောင်မောင်ရိုက်ကူးထားသည့် တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အကြောင်းအရာများနှင့် မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်

မေး – အကယ်ဒမီဘုတ်အဖွဲ့ထဲမှာ ပါဝင်ဖြစ်ပုံလေးကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ – အဲဒီလိုမျိုးလုပ်ဖို့ ပြောကတည်းက မဆင့်တို့ အချင်းချင်းတိုင်ပင်တာပါ။ လုပ်သင့်၊ မလုပ်သင့် တိုင်ပင်ကြတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကတော့ အပြောခံထိ၊ အဆဲခံထိမှာကြောက်လို့ မလုပ်သင့်ဘူးလို့ ပြောတယ်။ အဲဒီလိုမျိုးကြောက်နေရင်လည်း ဒီလောကကလုပ်မယ့်သူရှိမှာမဟုတ်ဘူး။ အားလုံးကလည်း အသက်ကြီးပိုင်းတွေ ဖြစ်နေပြီ။ လူငယ်တွေက ပါးစပ်ကသာပြောတာ၊ ဘာမှမလုပ်ပေးနိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အလုပ်အကိုင်တွေရှိတယ်။ အချိန်မပေးနိုင်တာပေါ့။ ဝေဖန်မှုတွေလည်း ရှိနေတဲ့အခါကျတော့ မဆင့်တို့က ပူးပေါင်းပါဝင်သင့်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ လုပ်ကြတာပါ။ ရန်လေးနဲ့ တိုင်ပင်တယ်။ လွင်မိုးနဲ့ တိုင်ပင်တယ်။ ဒီအသက်အရွယ်မှာ မဆင့်တို့ ဖြတ်သန်းလာတဲ့ အသက်အရွယ်အရလည်း ကူညီသင့်တယ်ထင်လို့ မဆင့်တို့ကကူညီတာပါ။

မေး – အခုကော အကယ်ဒမီနဲ့ပတ်သက်ပြီး ဘာတွေ ပြင်ဆင်နေတာရှိနေပြီလဲ။

ဖြေ – အခုဆိုရင် အကယ်ဒမီ ဇာတ်ကားတွေကြည့်နေပြီ။ ပဏာမအရင်ကြည့်တာပါ။ မဆင့်တို့ အခုကြည့်နေကြပြီ။ ရွှေကြိုလည်း ပြန်ပြီးတော့ရွေးဖို့ စီစဉ်ထားတယ်။ အဲဒါလေးရှိတယ်။ သူတို့ကလည်း လူငယ်တွေကိုထည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အပြောင်းအလဲနည်းနည်းပါးပါးလုပ်တာပါ။ မဆင့်တို့ကတော့ သရုပ်ဆောင်အလွှာဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကိုပဲ ကြည့်မယ်။ ကျန်တဲ့အပိုင်းတွေ မကြည့်ဘူး။ ကိုယ့်အပိုင်းနဲ့ ကိုယ်ပဲ ရွေးချယ်သွားမှာပါ။

မေး – ဘယ်လိုမျိုးအကဲဖြတ်မယ်လို့ ဆုံးဖြတ်ထားတာများရှိမလဲ။

ဖြေ – အခုကတော့ မဆင့်တို့ စဉ်းစားထားတာကတော့ ဇာတ်ကားအပေါ်မှာပဲ မူတည်ပြီးတော့ ရွေးချယ်မယ်လို့ စဉ်းစားထားတယ်။ တင်လာတဲ့အပေါ် မူတည်ပြီး မရွေးတော့ဘူးလို့ စဉ်းစားထားကြတယ်။ ဥပမာ-ဇာတ်ကားတစ်ကားမှာဆိုရင် မင်းသားကိုဇာတ်ဆောင်ဆိုပြီး အမည်တင်ထားတယ်။ ဒါပေမဲ့အဲဒီဇာတ်ကားမှာ သူကဇာတ်ပို့ ဖြစ်နေတယ်ဆိုရင် ဇာတ်ပို့အနေနဲ့ပဲ ရွေးချယ်မယ်လို့ စဉ်းစားထားတယ်။ ဟိုလို မျိုးဇာတ်ဆောင်အဖြစ် မရွေးဘူး။ အဲဒီလိုမျိုးတော့ ကွဲပြားဖို့လိုမယ်လို့ ထင်တယ်။ တချို့ကကျတော့လည်း အပြိုင်တွေရှိနေလို့ ဇာတ်ပို့တင်မယ်ဆိုပြီးတော့ အဲဒီလိုမျိုးတွေရှိတယ်လေ။ ဇာတ်ကားတစ်ကားမှာ ဇာတ်ဆောင်ကဇာတ်ဆောင်ပဲ။ ဇာတ်ပို့ကဇာတ်ပို့ပါပဲ။

မေး – အကယ်ဒမီက တစ်နှစ်ပြီးသွားတိုင်း ဝေဖန်မှုတွေက အများကြီးရှိခဲ့တာဆိုတော့ ဒီအပေါ်ကော ဘယ်လိုပြင်ဆင်ထားသေးလဲ။

ဖြေ – မဆင့်တို့ကိုယ်တိုင်လည်း ဒီအတွက်ကြိုတင် ပြင်ဆင်ထားရတာပါ။ လူတိုင်းကတော့ စိတ်ကြိုက်တော့ မဖြစ်နိုင်ဘူးလေ။ ပြီးခဲ့တဲ့နှစ်ကဆိုလည်း အရမ်းဂယက်ထခဲ့တယ်။ တစ်ရာမှာ ခြောက်ဆယ်ခုနစ်ဆယ်လောက် နီးစပ်တယ်ဆိုရင်တော့ အောင်မြင်တယ်လို့ခေါ်တယ်။ ငါးဆယ်အောက်ဆိုလည်း သိပ်အဆင်မပြေတော့ဘူးလေ။ မဆင့်တို့ကတော့ အကောင်းဆုံးရွေးချယ်မယ်။ တိုင်ပင်ပြီးတော့ အလုပ်လုပ်ကြမှာပေါ့နော်။

မေး – မဆင့်ရဲ့သားဖြစ်သူကိုယ်တိုင်ဖန်တီးထားတဲ့ တိမ်တွေပေါ်ကပန်း ဇာတ်ကားလည်း ရုံတင်တော့မှာဆိုတော့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။

ဖြေ – သားသားအတွက် ကျေနပ်ပါတယ်။ သူအလုပ်လုပ်တာ ပင်ပန်းတာကို တွေ့ရတော့လည်းသနားတယ်။ ဒါပေမဲ့ အဲဒါတွေက သူ့အတွက် အတွေ့အကြုံတွေပါပဲ။ သူ့အဖေရဲ့ လမ်းညွှန်မှုအောက်မှာသွားတယ်။ သူ့အဖေ က အနုပညာနဲ့ ပတ်သက်ရင် လောဘတအားကြီးတော့ သူ့ကို စာသင်သလို ဖြစ်တာပေါ့။ သူ့အတွက် ပင်ပန်းပေမယ့် အတွေ့အကြုံကောင်းတွေ အများကြီးတော့ ခံစားရမှာပေါ့နော်။ သူလုပ်နေတဲ့၊ ဖန်တီးနေတဲ့အနုပညာနဲ့ပတ်သက်ပြီး မဆင့်တို့ ပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကျေနပ်တယ်။ သူ့ရဲ့ စိတ်ကူးစိတ်သန်းလေးတွေရယ်၊ သူရဲ့ အိုင်ဒီယာတော်တော်များများပါတယ်။ အနုပညာသမားတစ်ယောက်အနေနဲ့လည်း ချီးကျူးတယ်။

မေး – ဒါရိုက်တာတစ်ယောက်အနေနဲ့ သူနဲ့လက်တွဲပြီး အလုပ်လုပ်ရတဲ့အခါမှာကော ဘယ်လိုမျိုးအပေးအယူမျှခဲ့ကြလဲ။

ဖြေ – မဆင့်တို့ကတော့ စိတ်ကိုထားတတ်သွားပြီ။ သူဒါရိုက်တာဆိုလည်း သူ့စကားကိုနားထောင်ပြီးတော့ အလုပ်လုပ်တယ်လေ။ ကိုယ်ကအမေမို့လို့ သရုပ်ဆောင်မို့လို့ဆိုတာမျိုးစိတ်ထဲမှာ ဘာခံစားချက်မှ မထည့်ထားဘူး။ သူနဲ့ ရိုက်ရင် အနုပညာဖန်တီးမှုနဲ့ သူ့စိတ်ကိုပဲ စိတ်တိုင်းကျလုပ်ပေးတာပေါ့နော်။ မဆင့်ကတော့ သူ့ကို ဒါရိုက်တာ တစ်ယောက်အနေနဲ့ပဲ မြင်ခဲ့ပြီးတော့ သူခိုင်းတာကိုပဲ မဆင့်လုပ်ခဲ့တာပါ။ မဆင့်တို့ကျတော့လည်း သရုပ်ဆောင် လုပ်လာတာလည်း ကြာပြီဆိုတော့ ဒီဇာတ်ကားရိုက်ရင် ဒီထဲက ကာရိုက်တာ စိတ်ပဲထားတယ်လေ။ တကယ်လို့ သားသားလာသင်ရင်လည်း သူပြောတာကိုပဲ နားထောင်တယ်။ သားမျက်နှာကိုလည်း မကြည့်ဘူး။ ဒါရိုက်တာတစ်ယောက်အနေနဲ့ပဲ သူပြောတာကို နားထောင်တယ်။ အဲဒီစိတ်နဲ့ပဲ အလုပ်လုပ်တယ်။

မေး – အားပေးနေတဲ့ ပရိသတ်တွေကိုကော ဘာများ ပြောချင်သေးလဲ။

ဖြေ – တိမ်တွေပေါ်ကပန်း ဇာတ်ကားလေးကို မဆင့်ကို ချစ်သောပရိသတ်များနဲ့ မဆင့်သားကိုချစ်သော ပရိသတ်များလာရောက်ကြည့်ရှုအားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒီဇာတ်ကားလေးက ကြည့်တဲ့သူရဲ့ရင်ထဲကို တစ်ခုခုတော့ ရောက်လိမ့်မယ်လို့ ယုံကြည်တယ်။ သားသားရဲ့ ကြိုးစားအားထုတ်မှုလည်းပါတဲ့အတွက်ဝေဖန်အကြံပေးဖို့ ပြောချင်တယ်။

ဓာတ်ပုံ – မေသန်းနုဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-