မင္းသားအင္ဒ႐ူး သက္ေသခံထြက္ဆိုရမည္ဟု အပ္စတိန္းအား စြပ္စြဲသူမ်ား၏ေရွ႕ေနေျပာဆို

မင္းသားအင္ဒ႐ူးသည္ လိင္ပိုင္းဆိုင္ရာျပစ္မႈက်ဴးလြန္သူ၏ ေနအိမ္မ်ား၌ နစ္နာသူမ်ားမည္သို႔ ျပဳမူခံရသည္ဆိုျခင္းႏွင့္ပတ္သက္၍ မ်က္ျမင္သက္ေသပင္ျဖစ္ေၾကာင္း ဂ်က္ဖရီအပ္စတိန္း၏ အဓမၼျပဳက်င့္ျခင္းခံရသည္ဟု စြပ္စြဲထားေသာ အမ်ိဳးသမီး ငါးဦးကဆိုသည္။

အဆိုပါအမ်ိဳးသမီးမ်ား၏ ေရွ႕ေနက ေယာ့ခ္ၿမိဳ႕စား မင္းသားအင္ဒ႐ူးအား ယင္းအမႈငါးမႈတြင္ သက္ေသတစ္ဦးအျဖစ္ အစစ္ခံထြက္ဆိုေပးရန္အတြက္ ႐ုံးေတာ္သို႔ ဆင့္ေခၚေရး ဖိအားေပးေဆာင္႐ြက္ရန္ စီစဥ္ထားသည္ဟု ဘီဘီစီကို ေျပာသည္။

မင္းသားတြင္ လိင္ေရာင္းဝယ္မႈႏွင့္ပတ္သက္သည့္ အေရးႀကီးေသာ သတင္းအခ်က္အလက္မ်ား ရွိႏိုင္ေၾကာင္း ၎ကေျပာသည္။

-Ads-
-Ads-

သို႔ေသာ္ မင္းသားအင္ဒ႐ူးက မစၥတာအပ္စတိန္း၏ ေနအိမ္မ်ားသို႔ သြားေရာက္လည္ပတ္စဥ္အတြင္း သံသယျဖစ္ဖြယ္ အျပဳအမူမ်ားကို ၎အေနျဖင့္ မေတြ႕မိသလို ၎သည္ မ်က္ျမင္သက္ေသလည္းမဟုတ္ေၾကာင္း ေျပာၾကားသည္။

မိမိတို႔သည္ မင္းသားအင္ဒ႐ူးအား ေတြ႕ဆုံေမးျမန္းရန္ႀကိဳးပမ္းထားၿပီး ၎၏ရွင္းလင္းခ်က္မ်ားကို ရရွိရန္လည္း ႀကိဳးပမ္းမည္ဟု နစ္နာသူမ်ား၏ေရွ႕ေနေဒးဗစ္ဘြိဳက္စ္က ေျပာသည္။ မင္းသားသည္ အပ္စတိန္း၏ေနအိမ္သို႔ အႀကိမ္ႀကိမ္သြားေရာက္လည္ပတ္သူျဖစ္သည္ဟုလည္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

………………………………………………………..

(Unicode Version)

မင်းသားအင်ဒရူး သက်သေခံထွက်ဆိုရမည်ဟု အပ်စတိန်းအား စွပ်စွဲသူများ၏ရှေ့နေပြောဆို

မင်းသားအင်ဒရူးသည် လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ၏ နေအိမ်များ၌ နစ်နာသူများမည်သို့ ပြုမူခံရသည်ဆိုခြင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေပင်ဖြစ်ကြောင်း ဂျက်ဖရီအပ်စတိန်း၏ အဓမ္မပြုကျင့်ခြင်းခံရသည်ဟု စွပ်စွဲထားသော အမျိုးသမီး ငါးဦးကဆိုသည်။

အဆိုပါအမျိုးသမီးများ၏ ရှေ့နေက ယော့ခ်မြို့စား မင်းသားအင်ဒရူးအား ယင်းအမှုငါးမှုတွင် သက်သေတစ်ဦးအဖြစ် အစစ်ခံထွက်ဆိုပေးရန်အတွက် ရုံးတော်သို့ ဆင့်ခေါ်ရေး ဖိအားပေးဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဘီဘီစီကို ပြောသည်။

မင်းသားတွင် လိင်ရောင်းဝယ်မှုနှင့်ပတ်သက်သည့် အရေးကြီးသော သတင်းအချက်အလက်များ ရှိနိုင်ကြောင်း ၎င်းကပြောသည်။

သို့သော် မင်းသားအင်ဒရူးက မစ္စတာအပ်စတိန်း၏ နေအိမ်များသို့ သွားရောက်လည်ပတ်စဉ်အတွင်း သံသယဖြစ်ဖွယ် အပြုအမူများကို ၎င်းအနေဖြင့် မတွေ့မိသလို ၎င်းသည် မျက်မြင်သက်သေလည်းမဟုတ်ကြောင်း ပြောကြားသည်။

မိမိတို့သည် မင်းသားအင်ဒရူးအား တွေ့ဆုံမေးမြန်းရန်ကြိုးပမ်းထားပြီး ၎င်း၏ရှင်းလင်းချက်များကို ရရှိရန်လည်း ကြိုးပမ်းမည်ဟု နစ်နာသူများ၏ရှေ့နေဒေးဗစ်ဘွိုက်စ်က ပြောသည်။ မင်းသားသည် အပ်စတိန်း၏နေအိမ်သို့ အကြိမ်ကြိမ်သွားရောက်လည်ပတ်သူဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-Ads-
-Ads-