ဩစေၾတးလ်ကုန္းတြင္းပိုင္းတြင္ ေပ်ာက္ဆုံးေနသူအမ်ိဳးသား သီတင္းႏွစ္ပတ္ခန္႔ၾကာၿပီးေနာက္ ျပန္လည္ေတြ႕ရွိ

ဩစေၾတးလ်ႏိုင္ငံ၏ အလြန္ေဝးလံေခါင္ဖ်ားေသာ ကုန္းတြင္းပိုင္းေဒသတစ္ခုတြင္ လြန္ခဲ့ေသာ သီတင္းႏွစ္ပတ္ခန္႔က ေပ်ာက္ဆုံးေနခဲ့ေသာ လူသုံးဦးအနက္ ဒုတိယေျမာက္လူတစ္ဦးကို ရွာေဖြေတြ႕ရွိခဲ့သည္ဟု သိရသည္။

အသက္ (၄၀)အ႐ြယ္ ဖူတရန္ကို ေျမာက္ပိုင္းနယ္ေျမအတြင္း ဒီဇင္ဘာ ၃ ရက္က ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ေျပာသည္။

မစၥတာတရန္သည္ အျခားလူႏွစ္ဦးႏွင့္အတူ ေပ်ာက္ဆုံးေနခဲ့ျခင္းျဖစ္ၿပီး ၎တို႔၏ ကားသည္ ႏိုဝင္ဘာ ၁၉ ရက္က ျမစ္ေၾကာင္းတစ္ခုအတြင္း ေမ်ာပါသြားျခင္းျဖစ္သည္ဟု သိရသည္။ ေနာက္ပိုင္းတြင္ ၎တို႔သည္ အကူအညီရွာရင္း လူစုကြဲသြားျခင္းျဖစ္သည္။

-Ads-
-Ads-

အမ်ိဳးသမီးတစ္ဦးကိုမူ ဒီဇင္ဘာ ၂ ရက္က ရွာေဖြေတြ႕ရွိခဲ့ေသာ္လည္း သူမ၏အေဖာ္ျဖစ္သူမွာ ဆက္လက္ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း သိရသည္။

မစၥတာတရန္ကို အဲလစ္စပရင္းေတာင္ပိုင္းအလြန္ေဝးလံေခါင္ဖ်ားေသာ ကုန္းတြင္းပိုင္း၌ လယ္သမားတစ္ဦးက ရွာေဖြေတြ႕ရွိၿပီးေနာက္ ေဆးကုသမႈခံယူရန္အတြက္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ပိုင္းနယ္ေျမရဲတပ္ဖြဲ႕က ေျပာသည္။

………………………………………………………..

(Unicode Version)

ဩစတြေးလျကုန်းတွင်းပိုင်းတွင် ပျောက်ဆုံးနေသူအမျိုးသား သီတင်းနှစ်ပတ်ခန့်ကြာပြီးနောက် ပြန်လည်တွေ့ရှိ

ဩစတြေးလျနိုင်ငံ၏ အလွန်ဝေးလံခေါင်ဖျားသော ကုန်းတွင်းပိုင်းဒေသတစ်ခုတွင် လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်က ပျောက်ဆုံးနေခဲ့သော လူသုံးဦးအနက် ဒုတိယမြောက်လူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

အသက် (၄၀)အရွယ် ဖူတရန်ကို မြောက်ပိုင်းနယ်မြေအတွင်း ဒီဇင်ဘာ ၃ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

မစ္စတာတရန်သည် အခြားလူနှစ်ဦးနှင့်အတူ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ကားသည် နိုဝင်ဘာ ၁၉ ရက်က မြစ်ကြောင်းတစ်ခုအတွင်း မျောပါသွားခြင်းဖြစ်သည်ဟု သိရသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အကူအညီရှာရင်း လူစုကွဲသွားခြင်းဖြစ်သည်။

အမျိုးသမီးတစ်ဦးကိုမူ ဒီဇင်ဘာ ၂ ရက်က ရှာဖွေတွေ့ရှိခဲ့သော်လည်း သူမ၏အဖော်ဖြစ်သူမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

မစ္စတာတရန်ကို အဲလစ်စပရင်းတောင်ပိုင်းအလွန်ဝေးလံခေါင်ဖျားသော ကုန်းတွင်းပိုင်း၌ လယ်သမားတစ်ဦးက ရှာဖွေတွေ့ရှိပြီးနောက် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းနယ်မြေရဲတပ်ဖွဲ့က ပြောသည်။

-Ads-
-Ads-