ေဟာင္ေကာင္သို႔သြားမည့္ အေမရိကန္ေရတပ္ခရီးစဥ္ တ႐ုတ္ဟန္႔တား

အေမရိကန္သည္ ဒီမိုကေရစီလိုလားေသာ ဆႏၵျပသူမ်ားကို ေထာက္ခံထားသည့္ ဥပေဒမူၾကမ္းတစ္ရပ္ကို ၿပီးခဲ့ေသာသီတင္းပတ္က အတည္ျပဳလိုက္ၿပီးေနာက္ ေဟာင္ေကာင္သို႔သြားမည့္ အေမရိကန္ ေရတပ္သေဘၤာမ်ားႏွင့္ေလယာဥ္မ်ားကို တ႐ုတ္အစိုးရက ဟန္႔တားဆိုင္းငံ့လိုက္သည္။

တ႐ုတ္အစိုးရသည္ အေမရိကန္လူ႕အခြင့္အေရး အဖြဲ႕ေပါင္းမ်ားစြာကို အေရးယူပိတ္ဆို႔မႈမ်ားလည္း ျပဳလုပ္လိုက္ၿပီျဖစ္သည္။

သမၼတ ေဒၚနယ္ထရန္႔သည္ လူ႕အခြင့္အေရးႏွင့္ ဒီမိုကေရစီအက္ဥပေဒကို ဥပေဒအျဖစ္ လက္မွတ္ေရးထိုးလိုက္ၿပီးေနာက္ ယင္းျဖစ္ရပ္မ်ား ေပၚေပါက္လာျခင္းျဖစ္သည္။

-Ads-
-Ads-

အဆိုပါ အက္ဥပေဒအရ ေဟာင္ေကာင္သည္ အေမရိကန္ႏွင့္အထူးကုန္သြယ္ေရးအေနအထားကို အတည္ျပဳရန္ လုံေလာက္ေသာ ကိုယ္ပိုင္အခြင့္အာဏာရွိ၊ မရွိကို ႏွစ္စဥ္ျပန္လည္ဆန္းစစ္ခြင့္ရွိေလသည္။

သမၼတထရန္႔သည္ လက္တေလာတြင္ တ႐ုတ္ႏွင့္ ကုန္သြယ္ေရးစစ္ပြဲ အဆုံးသတ္ေရး သေဘာတူညီမႈရရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

………………………………………………………..

(Unicode Version)

ဟောင်ကောင်သို့သွားမည့် အမေရိကန်ရေတပ်ခရီးစဉ် တရုတ်ဟန့်တား

အမေရိကန်သည် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ထောက်ခံထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြီးခဲ့သောသီတင်းပတ်က အတည်ပြုလိုက်ပြီးနောက် ဟောင်ကောင်သို့သွားမည့် အမေရိကန် ရေတပ်သင်္ဘောများနှင့်လေယာဉ်များကို တရုတ်အစိုးရက ဟန့်တားဆိုင်းငံ့လိုက်သည်။

တရုတ်အစိုးရသည် အမေရိကန်လူ့အခွင့်အရေး အဖွဲ့ပေါင်းများစွာကို အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်လိုက်ပြီဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရန့်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီးနောက် ယင်းဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ အက်ဥပဒေအရ ဟောင်ကောင်သည် အမေရိကန်နှင့်အထူးကုန်သွယ်ရေးအနေအထားကို အတည်ပြုရန် လုံလောက်သော ကိုယ်ပိုင်အခွင့်အာဏာရှိ၊ မရှိကို နှစ်စဉ်ပြန်လည်ဆန်းစစ်ခွင့်ရှိလေသည်။

သမ္မတထရန့်သည် လက်တလောတွင် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှုရရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

-Ads-
-Ads-