ႏိုင္ငံတကာအေနျဖင့္ ရာဇဝတ္မႈမ်ား ျပစ္မႈေျမာက္ေၾကာင္း ေဖာ္ျပႏိုင္ရန္ႀကိဳးပမ္းရာတြင္ ျပည္သူတစ္ရပ္လုံးကို ထိခိုက္ေစမည့္ နည္းလမ္းမ်ားမသုံးရန္ ကာဒီနယ္ခ်ားလ္ဘို တိုက္တြန္း

ႏိုင္ငံတကာအေနျဖင့္ လူသားတို႔အေပၚ က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ားအတြက္ တာဝန္ရွိ သူတို႔အား ျပစ္မႈေျမာက္ေၾကာင္း ေဖာ္ျပႏိုင္ရန္ ႀကိဳးပမ္းရာတြင္ မရည္႐ြယ္ဘဲ တာဝန္မရွိသူတို႔အား အျပစ္ဖို႔ျခင္း၊ ျမန္မာျပည္သူ၊ ျပည္သားတစ္ရပ္လုံးကို ၿခဳံ၍အျပစ္ဒဏ္ခတ္ျခင္းတို႔ မျဖစ္ေပၚေစရန္ႏွင့္ ထိခိုက္ေစမည့္နည္းလမ္းမ်ားမသုံးရန္ ျမန္မာႏိုင္ငံ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ ကာဒီနယ္ခ်ားလ္ဘိုက တိုက္တြန္းေၾကာင္း ဒီဇင္ဘာ ၁ ရက္တြင္ သေဘာထားထုတ္ျပန္ထားသည္။

ယင္းထုတ္ျပန္ခ်က္တြင္ ‘ႏိုင္ငံတကာ အသိုက္အဝန္းအေနျဖင့္လည္း တရားမၽွတမႈကို ရွာေဖြရာ၌ ျမန္မာ ျပည္သူ၊ ျပည္သားတို႔၏ ေကာင္းက်ိဳးအတြက္ ထည့္သြင္းစဥ္းစားေစလိုေၾကာင္း၊ အထူးသျဖင့္ လူသားတို႔အေပၚ က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ားအတြက္ တာဝန္ရွိသူတို႔အား ျပစ္မႈေျမာက္ေၾကာင္း ေဖာ္ျပႏိုင္ရန္ ႀကိဳးပမ္းရာတြင္ မရည္႐ြယ္ဘဲ တာဝန္မရွိ သူတို႔အား အျပစ္ဖို႔ျခင္း၊ ျမန္မာျပည္သူ၊ ျပည္သားတစ္ရပ္လုံးကိုၿခဳံ၍အျပစ္ဒဏ္ခတ္ျခင္းတို႔ မျဖစ္ေပၚေစရန္၊ အဆင္းရဲဆုံးေသာသူမ်ားအား ထိခိုက္ေစမည့္ နည္းလမ္းမ်ားကို ေရွာင္ရွားၾကရန္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို ကၽြန္ေတာ္ ပန္ၾကားလိုပါတယ္။ ျမန္မာႏိုင္ငံသည္ လြန္ခဲ့ေသာ ခုနစ္ႏွစ္တာကာလအတြင္း ျပင္ပကမၻာႏွင့္ ျပန္လည္ခ်ိတ္ဆက္လုပ္ေဆာင္ရန္ ခက္ခက္ခဲခဲ ႀကိဳးပမ္းလာခဲ့ရပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနျဖင့္ ဆိုး႐ြားေသာ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ မတရားမႈမ်ားအတြက္ တာဝန္ရွိသူတို႔ကိုသာ ဦးတည္ေဖာ္ထုတ္ရန္ ႀကိဳးပမ္းၾကပါ’ဟု တိုက္တြန္းထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ ဒဏ္ရာေပါင္းစုံျဖင့္ ဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးေနေသာ ႏိုင္ငံတစ္ခုျဖစ္ၿပီး ျပန္လည္ကုစားျခင္းကို လြန္စြာလိုအပ္ေနၿပီး ႏိုင္ငံအတြင္း၌ ႏွစ္ေပါင္း (၇၀)အတြင္း ျဖစ္ပြားခဲ့ေသာ တိုင္းရင္းသားပဋိပကၡမ်ား၊ အာဏာရွင္ဆန္ေသာ အုပ္ခ်ဳပ္မႈႏွင့္ ဘာသာေရး၊ လူမ်ိဳးေရး အစြန္းေရာက္မႈမ်ားေၾကာင့္ ေၾကာက္မက္ဖြယ္ ေသြးထြက္သံယိုမႈ၊ ေသေက်ပ်က္စီးမႈ၊ ကၽြန္ျပဳမႈ၊ မုဒိမ္းမႈ၊ ထိခိုက္နာက်င္မႈတို႔ ျဖစ္ပြားခဲ့ေၾကာင္း၊ အမုန္းတရားႏွင့္ စစ္ပြဲမ်ားေၾကာင့္ ရာေထာင္ခ်ီေသာ ျပည္သူ၊ ျပည္သားမ်ားမွာ အိုးအိမ္စြန္႔ခြာထြက္ေျပးခဲ့ၾကရေၾကာင္း၊ သဘာ၀ပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးရသည္ႏွင့္အမၽွ စီးပြားေရးလည္းက်ဆင္းကာ ပညာေရးမွာလည္း နိမ့္က်ခဲ့ရၿပီး ျမန္မာျပည္ဖြား ညီအစ္ကို ေမာင္ႏွမ မ်ိဳးဆက္မ်ားမွာလည္း အမိႏိုင္ငံႏွင့္ နယ္ေျမခ်င္း၊ ယဥ္ေက်းမႈခ်င္း ကြာျခားသည့္ အျခားေသာ အရပ္ေဒသမ်ားတြင္ ႀကီးျပင္းလာခဲ့ရသည္။ ျမန္မာႏိုင္ငံသည္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျပင္ပကမၻာႏွင့္ ကင္းကြာခဲ့ရေၾကာင္း၊ လြန္ခဲ့ေသာ ခုနစ္ႏွစ္တာကာလတြင္ ေမၽွာ္လင့္ခ်က္ေရာင္ျခည္သစ္မ်ား ထြက္ေပၚလာခဲ့ေသာ္လည္း အသစ္အသစ္ေသာ ျဖစ္ရပ္ဆိုးမ်ား၏ လႊမ္းမိုးျခင္းကို ခံရျပန္သည္။

-Ads-
-Ads-

ယခုအခ်ိန္သည္ အမွန္တရား၊ တရားမၽွတေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးကို ေရွး႐ႈလုပ္ေဆာင္ရမည့္အခ်ိန္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ တိုက္တြန္းထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားအေနျဖင့္ ေသနတ္မ်ားႏွင့္ ေသြးထြက္သံယိုျဖစ္ပြားမႈမ်ားကို ေဘးဖယ္ထားကာ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီး ဆယ္စုႏွစ္မ်ားစြာျဖစ္ပြားေနခဲ့ေသာ ပဋိပကၡမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ၿငိမ္းခ်မ္းစြာေျဖရွင္းရန္၊ ၿငိမ္းခ်မ္းေရး၊ တရားမၽွတေရး၊ အမွန္တရားႏွင့္ျပန္လည္သင့္ျမတ္ေရးတို႔ကို အသစ္တစ္ဖန္ ျပန္လည္စတင္လုပ္ေဆာင္ၾကရန္ ပန္ၾကားလိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သတင္း – ရဲထက္ေက်ာ္

………………………………………………………..

(Unicode Version)

နိုင်ငံတကာအနေဖြင့် ရာဇဝတ်မှုများ ပြစ်မှုမြောက်ကြောင်း ဖော်ပြနိုင်ရန်ကြိုးပမ်းရာတွင် ပြည်သူတစ်ရပ်လုံးကို ထိခိုက်စေမည့် နည်းလမ်းများမသုံးရန် ကာဒီနယ်ချားလ်ဘို တိုက်တွန်း

နိုင်ငံတကာအနေဖြင့် လူသားတို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိ သူတို့အား ပြစ်မှုမြောက်ကြောင်း ဖော်ပြနိုင်ရန် ကြိုးပမ်းရာတွင် မရည်ရွယ်ဘဲ တာဝန်မရှိသူတို့အား အပြစ်ဖို့ခြင်း၊ မြန်မာပြည်သူ၊ ပြည်သားတစ်ရပ်လုံးကို ခြုံ၍အပြစ်ဒဏ်ခတ်ခြင်းတို့ မဖြစ်ပေါ်စေရန်နှင့် ထိခိုက်စေမည့်နည်းလမ်းများမသုံးရန် မြန်မာနိုင်ငံ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုက တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် ‘နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း တရားမျှတမှုကို ရှာဖွေရာ၌ မြန်မာ ပြည်သူ၊ ပြည်သားတို့၏ ကောင်းကျိုးအတွက် ထည့်သွင်းစဉ်းစားစေလိုကြောင်း၊ အထူးသဖြင့် လူသားတို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူတို့အား ပြစ်မှုမြောက်ကြောင်း ဖော်ပြနိုင်ရန် ကြိုးပမ်းရာတွင် မရည်ရွယ်ဘဲ တာဝန်မရှိ သူတို့အား အပြစ်ဖို့ခြင်း၊ မြန်မာပြည်သူ၊ ပြည်သားတစ်ရပ်လုံးကိုခြုံ၍အပြစ်ဒဏ်ခတ်ခြင်းတို့ မဖြစ်ပေါ်စေရန်၊ အဆင်းရဲဆုံးသောသူများအား ထိခိုက်စေမည့် နည်းလမ်းများကို ရှောင်ရှားကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော် ပန်ကြားလိုပါတယ်။ မြန်မာနိုင်ငံသည် လွန်ခဲ့သော ခုနစ်နှစ်တာကာလအတွင်း ပြင်ပကမ္ဘာနှင့် ပြန်လည်ချိတ်ဆက်လုပ်ဆောင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းလာခဲ့ရပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားမှုများအတွက် တာဝန်ရှိသူတို့ကိုသာ ဦးတည်ဖော်ထုတ်ရန် ကြိုးပမ်းကြပါ’ဟု တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဒဏ်ရာပေါင်းစုံဖြင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေသော နိုင်ငံတစ်ခုဖြစ်ပြီး ပြန်လည်ကုစားခြင်းကို လွန်စွာလိုအပ်နေပြီး နိုင်ငံအတွင်း၌ နှစ်ပေါင်း (၇၀)အတွင်း ဖြစ်ပွားခဲ့သော တိုင်းရင်းသားပဋိပက္ခများ၊ အာဏာရှင်ဆန်သော အုပ်ချုပ်မှုနှင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုများကြောင့် ကြောက်မက်ဖွယ် သွေးထွက်သံယိုမှု၊ သေကျေပျက်စီးမှု၊ ကျွန်ပြုမှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ အမုန်းတရားနှင့် စစ်ပွဲများကြောင့် ရာထောင်ချီသော ပြည်သူ၊ ပြည်သားများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း၊ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရသည်နှင့်အမျှ စီးပွားရေးလည်းကျဆင်းကာ ပညာရေးမှာလည်း နိမ့်ကျခဲ့ရပြီး မြန်မာပြည်ဖွား ညီအစ်ကို မောင်နှမ မျိုးဆက်များမှာလည်း အမိနိုင်ငံနှင့် နယ်မြေချင်း၊ ယဉ်ကျေးမှုချင်း ကွာခြားသည့် အခြားသော အရပ်ဒေသများတွင် ကြီးပြင်းလာခဲ့ရသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနှင့် ကင်းကွာခဲ့ရကြောင်း၊ လွန်ခဲ့သော ခုနစ်နှစ်တာကာလတွင် မျှော်လင့်ချက်ရောင်ခြည်သစ်များ ထွက်ပေါ်လာခဲ့သော်လည်း အသစ်အသစ်သော ဖြစ်ရပ်ဆိုးများ၏ လွှမ်းမိုးခြင်းကို ခံရပြန်သည်။

ယခုအချိန်သည် အမှန်တရား၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ရှေးရှုလုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် သေနတ်များနှင့် သွေးထွက်သံယိုဖြစ်ပွားမှုများကို ဘေးဖယ်ထားကာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဆယ်စုနှစ်များစွာဖြစ်ပွားနေခဲ့သော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အမှန်တရားနှင့်ပြန်လည်သင့်မြတ်ရေးတို့ကို အသစ်တစ်ဖန် ပြန်လည်စတင်လုပ်ဆောင်ကြရန် ပန်ကြားလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – ရဲထက်ကျော်

-Ads-
-Ads-