ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသား ေက်ာင္းျပန္တက္ခြင့္ရေရး ရန္ကုန္စီးပြားေရးတကၠသိုလ္(႐ြာသာႀကီး)တြင္ ဆႏၵျပေတာင္းဆို

ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားအား ေက်ာင္းျပန္တက္ခြင့္ရေရးအပါအဝင္အခ်က္ေလးခ်က္ကို ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢကဦးေဆာင္ကာ ရန္ကုန္စီးပြားေရးတကၠသိုလ္ (႐ြာသာႀကီးနယ္ေျမ) ေက်ာင္းဝင္းအတြင္း၌ လွည့္လည္ကာ ဆႏၵျပေတာင္းဆိုခဲ့ျခင္းကို ဒီဇင္ဘာ ၄ ရက္တြင္ျပဳလုပ္သည္။

ယင္းေတာင္းဆိုမႈမ်ားမွာ ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားအား ေက်ာင္းျပန္တက္ခြင့္ရေရး၊ ေက်ာင္းသားထု အယုံအၾကည္မရွိေသာ ေက်ာင္းစည္းကမ္းမ်ားအား ျပင္ဆင္ေရး၊ ေက်ာင္းတြင္း အမႈအခင္းမ်ားစစ္ေဆးရာတြင္ လြတ္လပ္မၽွတ၍ ပြင့္လင္းျမင္သာေသာ စုံစမ္းေရးေကာ္မတီ ဖြဲ႕စည္းေပးေရး၊ ေက်ာင္းေကာင္စီသည္ ေက်ာင္းသားအက်ိဳးကိုသာ မ်က္ႏွာမူေရး စသည့္အခ်က္တို႔ကို ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘ေက်ာင္းထုတ္ခံရတာက ၿပီးခဲ့တဲ့ႏွစ္တုန္းက ကၽြန္ေတာ္တို႔ ေက်ာင္းမွာ ရန္ျဖစ္တယ္။ ေက်ာင္းသားတစ္ဦးက ေနာက္ေက်ာင္းသားတစ္ဦးကို ထိုးလိုက္တယ္။ ေနာက္ေန႔မွာ ခုံ႐ုံးဖြဲ႕ၿပီးေတာ့စစ္တယ္။ ျပစ္ဒဏ္ထြက္လာေတာ့ ေက်ာင္းကေန ရပ္စဲလိုက္တယ္လို႔ပါတယ္။ ဘယ္ႏွႏွစ္လဲဆိုတာ မပါဘူး။ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ဆရာမကိုေမးေတာ့ တစ္ႏွစ္ပဲ ေက်ာင္းရပ္စဲတာ၊ ေနာက္ႏွစ္ ဒီအခ်ိန္က်ရင္လာခဲ့ဆိုၿပီးေတာ့ ေက်ာင္းျပန္တက္လို႔ရတယ္ ေျပာတယ္။ ဒီႏွစ္က်ေတာ့ ေက်ာင္းသားက ေက်ာင္းတက္ဖို႔လာေတာ့ တစ္ႏွစ္ပဲ နားရတာမဟုတ္ဘူး။ စီးပြားေရးတကၠသိုလ္မွာ လုံး၀တက္လို႔မရေတာ့ဘူး။ အေဝးသင္ပဲတက္လို႔ရမယ္လို႔ေျပာတယ္။ ေက်ာင္းအုပ္ခ်ဳပ္ေရးက ဖိအားေပးၿပီးေတာ့ အဲဒီလိုအတင္းအက်ပ္ျပစ္မႈနဲ႔ မထိုက္တန္တဲ့ ျပစ္မႈခ်လိုက္တယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ကေနၿပီးေတာ့ ဆႏၵျပရျခင္းျဖစ္ပါတယ္။ ေက်ာင္းသားက စီမံခန္႔ခြဲမႈပညာဌာန ဒုတိယႏွစ္ေက်ာင္းသားျဖစ္ပါတယ္’ဟု ရန္ကုန္စီးပြားေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (႐ြာသာႀကီးနယ္ေျမ)မွ ဥကၠ႒ ကိုခန္႔သူေအာင္ကေျပာဆိုသည္။

ေက်ာင္းသားထု အယုံအၾကည္မရွိေသာ ေက်ာင္းစည္းကမ္းမ်ား ျပင္ဆင္ေရးႏွင့္ ပတ္သက္၍ ေက်ာင္းစည္းကမ္းမ်ားထဲတြင္ အစုအဖြဲ႕ျဖင့္ စကားေျပာ၍မရေၾကာင္း ၊ ေက်ာင္းသားအခြင့္အေရးကို ခ်ိဳးေဖာက္က ေက်ာင္းအာဏာပိုင္မ်ားဘက္မွ တစ္ဖက္သတ္ေရးဆြဲထားသည့္ ေက်ာင္းစည္းကမ္းမ်ားကို ယုံၾကည္မႈလည္းမရွိကာ လက္မခံႏိုင္ေၾကာင္း၊ ေက်ာင္းတြင္း အမႈအခင္းမ်ားစစ္ေဆးရာတြင္ လြတ္လပ္ မၽွတ၍ ပြင့္လင္းျမင္သာေသာ စုံစမ္းေရးေကာ္မတီ ဖြဲ႕စည္းေပးေရး ေတာင္းဆိုရျခင္းသည္ ေက်ာင္းအမႈအခင္းမ်ား စစ္ေဆးရာတြင္ ပါဝင္သည့္သူမ်ားကို ေမးျမန္းရာ၌ သိခြင့္မရျခင္း၊ အမႈဖိုင္မ်ားကိုလည္း ၾကည့္ခြင့္မရျခင္းတို႔ကို လက္မခံႏိုင္သည့္အတြက္ ေတာင္းဆိုရျခင္းျဖစ္ေၾကာင္း သိရသည္။

‘ေက်ာင္းေကာင္စီမွာ ပါသူေတြက ဌာနမႉးေတြ၊ ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္ေတြပါတယ္။ ကၽြန္ေတာ့္ေက်ာင္းမွာကေတာ့ ႐ြာသာႀကီး၊ ကမာ႐ြတ္၊ လႈိင္နယ္ေျမဆိုၿပီး သုံးမ်ိဳးရွိတယ္။ ကၽြန္ေတာ္တို႔ ႐ြာသာႀကီးနယ္ေျမေက်ာင္းမွာ အေကာင္ေတြ ကိုက္တာေတြျဖစ္ေနတယ္။ ေဆး႐ုံ ၊ ေဆးခန္းေတြနဲ႔ ေဝးတယ္။ ေဆး႐ုံ ၊ ေဆးခန္းေတြကို လုပ္ေဆာင္ေပးဖို႔ ေျပာတာကိုလည္း လုပ္ေဆာင္ေပးျခင္းမရွိဘူး။ ကၽြန္ေတာ္တို႔အေဆာင္ေတြမေလာက္ဘူး။ တစ္ခန္းတည္း သုံးေလးေယာက္ ေနရတယ္။ အေဆာင္ေဆာက္ဖို႔ေျပာတယ္။ ဓမၼာ႐ုံကို အလႉခံၿပီးေဆာက္မယ္လို႔ ေျပာတယ္။ ေက်ာင္းသားအက်ိဳးကို မၾကည့္ဘဲနဲ႔ သူတို႔လုပ္ခ်င္တာလုပ္ေနတာ ျဖစ္ပါတယ္။ ဒါေတြကို သေဘာမတူႏိုင္လို႔ ဒီလိုမ်ိဳးေတာင္းဆိုတာျဖစ္ပါတယ္’ဟု ၎က ေျပာဆိုသည္။

အဆိုပါ ေတာင္းဆိုခ်က္မ်ားႏွင့္ပတ္သက္၍ ၄၈ နာရီအတြင္း ေက်ာင္းအုပ္ခ်ဳပ္ေရးႏွင့္ ပညာေရးဝန္ႀကီးဌာနက အေၾကာင္းျပန္ရန္ ေတာင္းဆိုထားၿပီး အေၾကာင္းျပန္ျခင္းမရွိပါက သပိတ္စခန္းဖြင့္ကာ သပိတ္ေမွာက္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း – အိေဟမာ
ဓာတ္ပုံ – ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ

………………………………………………………..

(Unicode Version)

ကျောင်းထုတ်ခံရသော ကျောင်းသား ကျောင်းပြန်တက်ခွင့်ရရေး ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင် ဆန္ဒပြတောင်းဆို

ကျောင်းထုတ်ခံရသော ကျောင်းသားအား ကျောင်းပြန်တက်ခွင့်ရရေးအပါအဝင် အချက်လေးချက်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကဦးဆောင်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းဝင်းအတွင်း၌ လှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ခြင်းကို ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်သည်။

ယင်းတောင်းဆိုမှုများမှာ ကျောင်းထုတ်ခံရသော ကျောင်းသားအား ကျောင်းပြန်တက်ခွင့်ရရေး၊ ကျောင်းသားထု အယုံအကြည်မရှိသော ကျောင်းစည်းကမ်းများအား ပြင်ဆင်ရေး၊ ကျောင်းတွင်း အမှုအခင်းများစစ်ဆေးရာတွင် လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာသော စုံစမ်းရေးကော်မတီ ဖွဲ့စည်းပေးရေး၊ ကျောင်းကောင်စီသည် ကျောင်းသားအကျိုးကိုသာ မျက်နှာမူရေး စသည့်အချက်တို့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘ကျောင်းထုတ်ခံရတာက ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ ကျောင်းမှာ ရန်ဖြစ်တယ်။ ကျောင်းသားတစ်ဦးက နောက်ကျောင်းသားတစ်ဦးကို ထိုးလိုက်တယ်။ နောက်နေ့မှာ ခုံရုံးဖွဲ့ပြီးတော့စစ်တယ်။ ပြစ်ဒဏ်ထွက်လာတော့ ကျောင်းကနေ ရပ်စဲလိုက်တယ်လို့ပါတယ်။ ဘယ်နှနှစ်လဲဆိုတာ မပါဘူး။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆရာမကိုမေးတော့ တစ်နှစ်ပဲ ကျောင်းရပ်စဲတာ၊ နောက်နှစ် ဒီအချိန်ကျရင်လာခဲ့ဆိုပြီးတော့ ကျောင်းပြန်တက်လို့ရတယ် ပြောတယ်။ ဒီနှစ်ကျတော့ ကျောင်းသားက ကျောင်းတက်ဖို့လာတော့ တစ်နှစ်ပဲ နားရတာမဟုတ်ဘူး။ စီးပွားရေးတက္ကသိုလ်မှာ လုံး၀တက်လို့မရတော့ဘူး။ အဝေးသင်ပဲတက်လို့ရမယ်လို့ပြောတယ်။ ကျောင်းအုပ်ချုပ်ရေးက ဖိအားပေးပြီးတော့ အဲဒီလိုအတင်းအကျပ်ပြစ်မှုနဲ့ မထိုက်တန်တဲ့ ပြစ်မှုချလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကနေပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ကျောင်းသားက စီမံခန့်ခွဲမှုပညာဌာန ဒုတိယနှစ်ကျောင်းသားဖြစ်ပါတယ်’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)မှ ဥက္ကဋ္ဌ ကိုခန့်သူအောင်ကပြောဆိုသည်။

ကျောင်းသားထု အယုံအကြည်မရှိသော ကျောင်းစည်းကမ်းများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကျောင်းစည်းကမ်းများထဲတွင် အစုအဖွဲ့ဖြင့် စကားပြော၍မရကြောင်း ၊ ကျောင်းသားအခွင့်အရေးကို ချိုးဖောက်က ကျောင်းအာဏာပိုင်များဘက်မှ တစ်ဖက်သတ်ရေးဆွဲထားသည့် ကျောင်းစည်းကမ်းများကို ယုံကြည်မှုလည်းမရှိကာ လက်မခံနိုင်ကြောင်း၊ ကျောင်းတွင်း အမှုအခင်းများစစ်ဆေးရာတွင် လွတ်လပ် မျှတ၍ ပွင့်လင်းမြင်သာသော စုံစမ်းရေးကော်မတီ ဖွဲ့စည်းပေးရေး တောင်းဆိုရခြင်းသည် ကျောင်းအမှုအခင်းများ စစ်ဆေးရာတွင် ပါဝင်သည့်သူများကို မေးမြန်းရာ၌ သိခွင့်မရခြင်း၊ အမှုဖိုင်များကိုလည်း ကြည့်ခွင့်မရခြင်းတို့ကို လက်မခံနိုင်သည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

‘ကျောင်းကောင်စီမှာ ပါသူတွေက ဌာနမှူးတွေ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တွေပါတယ်။ ကျွန်တော့်ကျောင်းမှာကတော့ ရွာသာကြီး၊ ကမာရွတ်၊ လှိုင်နယ်မြေဆိုပြီး သုံးမျိုးရှိတယ်။ ကျွန်တော်တို့ ရွာသာကြီးနယ်မြေကျောင်းမှာ အကောင်တွေ ကိုက်တာတွေဖြစ်နေတယ်။ ဆေးရုံ ၊ ဆေးခန်းတွေနဲ့ ဝေးတယ်။ ဆေးရုံ ၊ ဆေးခန်းတွေကို လုပ်ဆောင်ပေးဖို့ ပြောတာကိုလည်း လုပ်ဆောင်ပေးခြင်းမရှိဘူး။ ကျွန်တော်တို့အဆောင်တွေမလောက်ဘူး။ တစ်ခန်းတည်း သုံးလေးယောက် နေရတယ်။ အဆောင်ဆောက်ဖို့ပြောတယ်။ ဓမ္မာရုံကို အလှူခံပြီးဆောက်မယ်လို့ ပြောတယ်။ ကျောင်းသားအကျိုးကို မကြည့်ဘဲနဲ့ သူတို့လုပ်ချင်တာလုပ်နေတာ ဖြစ်ပါတယ်။ ဒါတွေကို သဘောမတူနိုင်လို့ ဒီလိုမျိုးတောင်းဆိုတာဖြစ်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ တောင်းဆိုချက်များနှင့်ပတ်သက်၍ ၄၈ နာရီအတွင်း ကျောင်းအုပ်ချုပ်ရေးနှင့် ပညာရေးဝန်ကြီးဌာနက အကြောင်းပြန်ရန် တောင်းဆိုထားပြီး အကြောင်းပြန်ခြင်းမရှိပါက သပိတ်စခန်းဖွင့်ကာ သပိတ်မှောက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – အိဟေမာ
ဓာတ်ပုံ – ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ