ဦးသန္႔အေရးအခင္း (၄၅)ႏွစ္ေျမာက္ အထိမ္းအမွတ္အခမ္းအနား ျပဳလုပ္

ဦးသန္႔ အေရးအခင္း (၄၅ )ႏွစ္ေျမာက္ အထိမ္းအမွတ္အခမ္းအနားကို ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ရွိ ေပါက္ေစတီေက်ာင္းတိုက္တြင္ ဒီဇင္ဘာ ၇ ရက္ နံနက္ ၁၀ နာရီက ျပဳလုပ္ခဲ့သည္။

အဆိုပါအထိမ္းအမွတ္ အခမ္းအနားကို ဦးသန္႔အေရးအခင္းတြင္ ပါဝင္သူ ေက်ာင္းသားမ်ားက ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ဦးသန္႔အေရးအခင္းႏွင့္ပတ္သက္၍ မ်ိဳးဆက္သစ္လူငယ္မ်ား သိရွိႏိုင္ေစရန္အတြက္ ယခုကဲ့သို႔ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ပြဲက်င္းပေရးေကာ္မတီဝင္တစ္ဦးျဖစ္သူ ဦးကိုကိုေလးက ေျပာဆိုသည္။

‘ဦးသန္႔လို တစ္ႏိုင္ငံလုံးက ေလးစားတဲ့ပုဂၢိဳလ္ကို ႀကံေတာ သခ်ႋဳင္းမွာ သူလိုငါလိုပဲ ျမႇဳပ္မယ္လုပ္လို႔ ဒါကိုမခံခ်င္တဲ့အတြက္ ႏိုင္ငံေရးအရ ပူးၿပီးျပႆနာျဖစ္ခဲ့တယ္။ အဲဒါက ဦးသန္႔အေရးအခင္းကိုျဖစ္ေစခဲ့တာပဲ။ အဲဒါကိုလူေတြ မေမ့ေပ်ာက္ေအာင္ အခုလို အခမ္းအနားကို ျပဳလုပ္ရတာျဖစ္တယ္။ ဒါဟာ သမိုင္းႀကီးပဲ။ ဒါက တစ္ပါတီ တစ္အာဏာရွင္စနစ္ထက္ဆိုးတဲ့ သမိုင္းျဖစ္တယ္။ ေနာက္ၿပီး ဦးသန္႔ရဲ႕ ျမန္မာကို ဂုဏ္ေဆာင္ခဲ့တဲ့ သမိုင္းကို ေနာင္လာ ေနာက္သားေတြ သိေအာင္၊ အားက်လာေအာင္၊ သူ႕လိုပုဂၢိဳလ္မ်ိဳး ေပၚထြက္လာေအာင္ ရည္႐ြယ္ၿပီးေတာ့ ကၽြန္ေတာ္တို႔လုပ္တာျဖစ္တယ္’ဟု ၎က ေျပာဆိုသည္။

အာရွတိုက္မွ ပထမဆုံးကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ျဖစ္သူ ဦးသန္႔သည္ ျမန္မာႏိုင္ငံသား သံတမန္တစ္ဦးျဖစ္ၿပီး ကမၻာ့ကုလသမဂၢ၏ တတိယေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ တာဝန္ကို ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၁၉၇၄ ခုႏွစ္ ႏိုဝင္ဘာ၂၅ရက္တြင္ ကင္ဆာေရာဂါျဖင့္ နယူးေယာက္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။ ဦးသန္႔၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံသို႔ ျပန္လည္သယ္ယူခဲ့ၿပီး ႐ုပ္အေလာင္းျမႇဳပ္ႏွံမည့္ေနရာကိစၥႏွင့္ ပတ္သက္၍ ေက်ာင္းသားႏွင့္ ျပည္သူမ်ားက မေက်နပ္ၾကေသာေၾကာင့္ အစိုးရကို ဆန္႔က်င္ခဲ့ ရာမွ ၁၉၇၄ ခုႏွစ္ ဒီဇင္ဘာ ၁၁ရက္တြင္ ဦးသန္႔အေရးအခင္း ေပါက္ေပါက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဦးသန္႔၏ ဂူဗိမာန္သည္ ေ႐ႊတိဂုံဘုရား ေတာင္ဘက္မုခ္အနီးတြင္ တည္ရွိၿပီး ဦးသန္႔ႏွင့္ပတ္သက္သည့္ အခမ္းအနားမ်ားကို ႏိုင္ငံေတာ္အဆင့္ ခြင့္ျပဳလုပ္ခြင့္ရႏိုင္ရန္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားထံ တင္ျပေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ပြဲက်င္းပေရးေကာ္မတီမွ သိရသည္။

သတင္း၊ ဓာတ္ပုံ – ရဲထက္ေက်ာ္

………………………………………………………..

(Unicode Version)

ဦးသန့်အရေးအခင်း (၄၅)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

ဦးသန့် အရေးအခင်း (၄၅ )နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီကျောင်းတိုက်တွင် ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါအထိမ်းအမှတ် အခမ်းအနားကို ဦးသန့်အရေးအခင်းတွင် ပါဝင်သူ ကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးသန့်အရေးအခင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ်များ သိရှိနိုင်စေရန်အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကိုကိုလေးက ပြောဆိုသည်။

‘ဦးသန့်လို တစ်နိုင်ငံလုံးက လေးစားတဲ့ပုဂ္ဂိုလ်ကို ကြံတော သင်္ချိုင်းမှာ သူလိုငါလိုပဲ မြှုပ်မယ်လုပ်လို့ ဒါကိုမခံချင်တဲ့အတွက် နိုင်ငံရေးအရ ပူးပြီးပြဿနာဖြစ်ခဲ့တယ်။ အဲဒါက ဦးသန့်အရေးအခင်းကိုဖြစ်စေခဲ့တာပဲ။ အဲဒါကိုလူတွေ မမေ့ပျောက်အောင် အခုလို အခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်။ ဒါဟာ သမိုင်းကြီးပဲ။ ဒါက တစ်ပါတီ တစ်အာဏာရှင်စနစ်ထက်ဆိုးတဲ့ သမိုင်းဖြစ်တယ်။ နောက်ပြီး ဦးသန့်ရဲ့ မြန်မာကို ဂုဏ်ဆောင်ခဲ့တဲ့ သမိုင်းကို နောင်လာ နောက်သားတွေ သိအောင်၊ အားကျလာအောင်၊ သူ့လိုပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာအောင် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့လုပ်တာဖြစ်တယ်’ဟု ၎င်းက ပြောဆိုသည်။

အာရှတိုက်မှ ပထမဆုံးကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသန့်သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာ၂၅ရက်တွင် ကင်ဆာရောဂါဖြင့် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့ပြီး ရုပ်အလောင်းမြှုပ်နှံမည့်နေရာကိစ္စနှင့် ပတ်သက်၍ ကျောင်းသားနှင့် ပြည်သူများက မကျေနပ်ကြသောကြောင့် အစိုးရကို ဆန့်ကျင်ခဲ့ ရာမှ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၁ရက်တွင် ဦးသန့်အရေးအခင်း ပေါက်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဦးသန့်၏ ဂူဗိမာန်သည် ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင် တည်ရှိပြီး ဦးသန့်နှင့်ပတ်သက်သည့် အခမ်းအနားများကို နိုင်ငံတော်အဆင့် ခွင့်ပြုလုပ်ခွင့်ရနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။

သတင်း၊ ဓာတ်ပုံ – ရဲထက်ကျော်