ကုန္သည္စက္မႈအသင္းခ်ဳပ္၏ အမႈေဆာင္အသစ္မ်ားကို Online Voting စနစ္ျဖင့္ ေ႐ြးခ်ယ္

ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ၏ ၂၀၁၉-၂၀၂၂ သက္တမ္း အမႈေဆာင္သစ္မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲအခမ္းအနားကို ဒီဇင္ဘာ ၇ ရက္က ယင္းအသင္းခ်ဳပ္တြင္ က်င္းပၿပီး အဆိုပါအမႈေဆာင္သစ္မ်ားကို Online Voting စနစ္ျဖင့္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

အမႈေဆာင္သစ္မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းကို အသင္းခ်ဳပ္၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းႏွင့္အညီ က်င္းပျခင္းျဖစ္ၿပီး Opa Vote Secure Online Voting Platformကို အသုံးျပဳ၍လၽွိဳ႕ဝွက္ဆႏၵမဲေပးေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္း အသင္းခ်ဳပ္မွ သိရသည္။

‘ျမန္မာႏိုင္ငံရဲ႕ ပုဂၢလိကစီးပြားေရးက႑ကို ဦးေဆာင္တဲ့ ကုန္သည္စက္မႈအသင္းခ်ဳပ္ရဲ႕ ၂၀၁၉-၂၀၂၂ သက္တမ္းအမႈေဆာင္သစ္မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲကို အသင္းခ်ဳပ္ရဲ႕ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းနဲ႔အညီ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ အသုံးျပဳေနတဲ့ OpaVote Secure Online Voting Platform ကို အသုံးျပဳၿပီးေတာ့ လၽွိဳ႕ဝွက္ဆႏၵမဲေပးေ႐ြးခ်ယ္ျခင္းစနစ္ ျဖစ္ပါတယ္’ဟု ယင္းအသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာဆိုသည္။

အဆိုပါ OpaVote Secure Online Voting Platform ကို ၂၀၀၂ ခုႏွစ္က အေမရိကန္ႏိုင္ငံကုမၸဏီမ်ားတြင္ စတင္အသုံးျပဳခဲ့ၿပီး ႏိုင္ငံေရးနယ္ပယ္ အခ်ိဳ႕တြင္ပါ အသုံးျပဳလ်က္ရွိသည္ဟု ဆိုသည္။

Opa Vote Secure Online Voting Platform အသုံးျပဳျခင္းျဖင့္ အခ်ိန္ၾကာျမင့္မႈကို ေလၽွာ႔ခ်ႏိုင္ျခင္း၊ သမား႐ိုးက်စနစ္ျဖင့္ လုပ္ငန္းစဥ္အဆင့္ဆင့္ ေဆာင္႐ြက္ရာတြင္ ျဖစ္ေပၚလာႏိုင္သည့္ လြဲေခ်ာ္မႈမ်ား မရွိေစရန္ ေဆာင္႐ြက္ႏိုင္ျခင္း (ဥပမာမဲေရတြက္မႈ မွားယြင္းျခင္း၊ စာရင္းသြင္းမွားယြင္းျခင္း) ေ႐ြးေကာက္ပြဲမ်ားတြင္ ျဖစ္ပြားႏိုင္သည့္ Fraud မ်ားကိုေရွာင္လႊဲႏိုင္ျခင္း(ဥပမာ- Proxy လႊဲေျပာင္းမႈ မွားယြင္းျခင္း၊ မဲမသမာမႈျပဳလုပ္ျခင္း)၊Candidate ႏွင့္ Voter မ်ား၏ Privacy ကို ထိန္းသိမ္းႏိုင္ျခင္း၊ ဘက္လိုက္မႈမရွိေစျခင္း၊ အသုံးျပဳရလြယ္ကူျခင္းႏွင့္ စာရင္းစစ္ရာတြင္ တိက်ေသခ်ာျမန္ဆန္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိေစမည္ ျဖစ္ေၾကာင္း သိရသည္။

OpaVote Secure Online Voting Platform ကို ႏိုင္ငံတကာတြင္ အေမရိကန္ႏိုင္ငံမွ Green Democrats ၏ ေ႐ြးေကာက္ပြဲမ်ား၊ ကေနဒါႏိုင္ငံမွ St. Michaels Universityႏွင့္ ဘရာဇီးႏိုင္ငံမွ Sailing Federation ၏ ေ႐ြးေကာက္ပြဲမ်ား စသည္တို႔တြင္ အသုံးျပဳသကဲ့သို႔ ျပည္တြင္း၌လည္း ျမန္မာႏိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံကြန္ပ်ဴတာလုပ္ငန္းရွင္အသင္း၊ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာ ပညာရွင္အသင္းႏွင့္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္တို႔၏ အမႈေဆာင္ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲမ်ားတြင္လည္း ေအာင္ျမင္စြာအသုံးျပဳႏိုင္ခဲ့ေၾကာင္းသိရသည္။

ယင္းစနစ္ကို ၂၀၀၃ ခုႏွစ္က ကေနဒါႏိုင္ငံသား National Voting Right Institute မွ Ph.D ေက်ာင္းသားဥပေဒပညာရွင္ Jeff O’ Neill က US Constitution ႏွင့္ Constitution ဆိုင္ရာ လုပ္ငန္းအဆင့္ဆင့္ေပၚ အေျခခံ၍ ေရးသားထားေသာေၾကာင့္ အဆိုပါ Online ဝန္ေဆာင္မႈကို ႏိုင္ငံေရးဆိုင္ရာေ႐ြးေကာက္ပြဲမ်ားတြင္ပါ အသုံးျပဳၾကရာ World Ranking အဆင့္(၆)တြင္ ရပ္တည္ေနေၾကာင္း သိရသည္။

ထို႔ျပင္ အျခားေသာ Online Voting System မ်ားႏွင့္ ႏႈိင္းယွဥ္ပါက အသုံးျပဳရလြယ္ကူျခင္း၊ ဘက္ေပါင္းစုံမွ ထည့္သြင္းစဥ္းစားေဆာင္႐ြက္ထားျခင္းႏွင့္ သင့္တင့္မၽွတေသာကုန္က်စရိတ္ျဖင့္ ဝန္ေဆာင္မႈရယူႏိုင္ျခင္း စသည့္အားသာခ်က္မ်ားလည္းရွိေၾကာင္း သိရသည္။

ယခုျပဳလုပ္သည့္ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးၾကသည့္ အသင္းသားေပါင္း ၈၂၅ ဦးရွိၿပီး ဆႏၵမဲေပးျခင္းကို မြန္းလြဲ ၁ နာရီအထိ လက္ခံေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

သတင္း – စိုးစိုးစံ
ဓာတ္ပုံ – UMFCCI

………………………………………………………..

(Unicode Version)

ကုန်သည်စက်မှုအသင်းချုပ်၏ အမှုဆောင်အသစ်များကို Online Voting စနစ်ဖြင့် ရွေးချယ်

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၏ ၂၀၁၉-၂၀၂၂ သက်တမ်း အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက်က ယင်းအသင်းချုပ်တွင် ကျင်းပပြီး အဆိုပါအမှုဆောင်သစ်များကို Online Voting စနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခြင်းကို အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး Opa Vote Secure Online Voting Platformကို အသုံးပြု၍လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခြင်းဖြစ်ကြောင်း အသင်းချုပ်မှ သိရသည်။

‘မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်တဲ့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ၂၀၁၉-၂၀၂၂ သက်တမ်းအမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို အသင်းချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ OpaVote Secure Online Voting Platform ကို အသုံးပြုပြီးတော့ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခြင်းစနစ် ဖြစ်ပါတယ်’ဟု ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောဆိုသည်။

အဆိုပါ OpaVote Secure Online Voting Platform ကို ၂၀၀၂ ခုနှစ်က အမေရိကန်နိုင်ငံကုမ္ပဏီများတွင် စတင်အသုံးပြုခဲ့ပြီး နိုင်ငံရေးနယ်ပယ် အချို့တွင်ပါ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

Opa Vote Secure Online Voting Platform အသုံးပြုခြင်းဖြင့် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်ခြင်း၊ သမားရိုးကျစနစ်ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် လွဲချော်မှုများ မရှိစေရန် ဆောင်ရွက်နိုင်ခြင်း (ဥပမာမဲရေတွက်မှု မှားယွင်းခြင်း၊ စာရင်းသွင်းမှားယွင်းခြင်း) ရွေးကောက်ပွဲများတွင် ဖြစ်ပွားနိုင်သည့် Fraud များကိုရှောင်လွှဲနိုင်ခြင်း(ဥပမာ- Proxy လွှဲပြောင်းမှု မှားယွင်းခြင်း၊ မဲမသမာမှုပြုလုပ်ခြင်း)၊Candidate နှင့် Voter များ၏ Privacy ကို ထိန်းသိမ်းနိုင်ခြင်း၊ ဘက်လိုက်မှုမရှိစေခြင်း၊ အသုံးပြုရလွယ်ကူခြင်းနှင့် စာရင်းစစ်ရာတွင် တိကျသေချာမြန်ဆန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

OpaVote Secure Online Voting Platform ကို နိုင်ငံတကာတွင် အမေရိကန်နိုင်ငံမှ Green Democrats ၏ ရွေးကောက်ပွဲများ၊ ကနေဒါနိုင်ငံမှ St. Michaels Universityနှင့် ဘရာဇီးနိုင်ငံမှ Sailing Federation ၏ ရွေးကောက်ပွဲများ စသည်တို့တွင် အသုံးပြုသကဲ့သို့ ပြည်တွင်း၌လည်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့၏ အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲများတွင်လည်း အောင်မြင်စွာအသုံးပြုနိုင်ခဲ့ကြောင်းသိရသည်။

ယင်းစနစ်ကို ၂၀၀၃ ခုနှစ်က ကနေဒါနိုင်ငံသား National Voting Right Institute မှ Ph.D ကျောင်းသားဥပဒေပညာရှင် Jeff O’ Neill က US Constitution နှင့် Constitution ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ပေါ် အခြေခံ၍ ရေးသားထားသောကြောင့် အဆိုပါ Online ဝန်ဆောင်မှုကို နိုင်ငံရေးဆိုင်ရာရွေးကောက်ပွဲများတွင်ပါ အသုံးပြုကြရာ World Ranking အဆင့်(၆)တွင် ရပ်တည်နေကြောင်း သိရသည်။

ထို့ပြင် အခြားသော Online Voting System များနှင့် နှိုင်းယှဉ်ပါက အသုံးပြုရလွယ်ကူခြင်း၊ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားဆောင်ရွက်ထားခြင်းနှင့် သင့်တင့်မျှတသောကုန်ကျစရိတ်ဖြင့် ဝန်ဆောင်မှုရယူနိုင်ခြင်း စသည့်အားသာချက်များလည်းရှိကြောင်း သိရသည်။

ယခုပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြသည့် အသင်းသားပေါင်း ၈၂၅ ဦးရှိပြီး ဆန္ဒမဲပေးခြင်းကို မွန်းလွဲ ၁ နာရီအထိ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း – စိုးစိုးစံ
ဓာတ်ပုံ – UMFCCI