ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲဝင္ အက္စတာႏွင့္ေတြ႕ဆုံျခင္း

“Winner ရခဲ့ရင္ အေမ့က်န္းမာေရးအတြက္ ေဆးကုေပးခ်င္တယ္”

ျမန္မာအိုင္ေဒါ Top 6 Result Show ကို ဒီဇင္ဘာ ၆ ရက္ ည ၈နာရီခြဲက ရန္ကုန္ၿမိဳ႕ ေ႐ႊထြဋ္တင္ဝင္းအတြင္း က်င္းပခဲ့သည္။ အဆိုပါ ရက္သတၱပတ္တြင္ ၿပိဳင္ပြဲဝင္မ်ားက ‘ေဟမန္ေဆာင္း’ေတးသီခ်င္းမ်ားျဖင့္ သီဆိုယွဥ္ၿပိဳင္ခဲ့ၾကရာ ၿပိဳင္ပြဲဝင္ေျခာက္ဦးအနက္ ၿပိဳင္ပြဲဝင္တစ္ဦး ထြက္ခြာခဲ့ရသည္။ ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲတြင္ ဆက္လက္သီဆိုယွဥ္ၿပိဳင္ခြင့္ရရွိသည့္ Top 5 ၿပိဳင္ပြဲဝင္ငါးဦးတြင္ ပါဝင္သြားၿပီျဖစ္ေသာ ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲဝင္ အက္စတာႏွင့္ေတြ႕ဆုံခိုက္ ‘ေဟမန္ေဆာင္း’ ေတးသီခ်င္းမ်ား သီဆိုယွဥ္ၿပိဳင္ခဲ့သည္ႏွင့္ပတ္သက္သည့္အေၾကာင္း၊ ၿပိဳင္ပြဲႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို သိရွိလိုသမၽွ ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – ဒီတစ္ပတ္မွာ ေဟမန္ေဆာင္းသီခ်င္းေတြနဲ႔ သီဆိုေဖ်ာ္ေျဖခဲ့တဲ့အေပၚမွာ ေက်နပ္အားရမႈရွိလား။

-Ads-
-Ads-

ေျဖ – ညီမအေနနဲ႔ ေဟမန္ေဆာင္းသီခ်င္းနဲ႔ သီဆိုယွဥ္ၿပိဳင္ရတဲ့အေပၚ အရမ္းလည္းေပ်ာ္တယ္။ ေဆာင္းလည္း ေရာက္လာၿပီဆိုေတာ့ ေဆာင္းရဲ႕အေငြ႕အသက္ေလးလည္းရတယ္။ ၿပီးေတာ့ သီဆိုရတဲ့သီခ်င္းကလည္း ညီမႀကိဳက္တဲ့သီခ်င္းျဖစ္တဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။

ေမး – ေဆာင္းရာသီနဲ႔ပတ္သက္တဲ့ အမွတ္တရေတြ အက္စတာမွာ ရွိခဲ့ဖူးလား။

ေျဖ – ေဆာင္းရာသီနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကေတာ့ အမ်ားႀကီးရွိတယ္။ ညီမတို႔ကက်ေတာ့ နယ္မွာေနတဲ့အတြက္ ေက်ာင္းပိတ္ရက္ေတြဆို နယ္ျပန္ရတယ္။ မနက္ေစာေစာဆို ဟားခါး View Point ကိုသြားၿပီးေတာ့ ၾကည့္ရင္ တအားလွတယ္။ အဲဒီကို မိသားစုနဲ႔သြားခဲ့တဲ့အခ်ိန္ေတြ ရွိတယ္။ ၿပီးရင္ ခရစၥမတ္သီခ်င္းဆိုခဲ့ရတာေတြရွိတယ္။ အရင္တုန္းကေတာ့ တစ္အိမ္ၿပီးတစ္အိမ္ လမ္းေလၽွာက္သြားရတယ္။ အခုကေတာ့ ကားနဲ႔ သြားရတာရွိတယ္။ ခ်ိဳခ်ဥ္ေတြ ေကၽြးတယ္။ မုန္႔ေတြႀကဲတယ္ဆိုလည္း လိုက္လုတာ တအားေပ်ာ္စရာေကာင္းတယ္။ မနက္က်ရင္လည္း ထၿပီးေတာ့ ျမဴေတြၾကားထဲမွာ အဲဒီမုန္႔ေတြသြားျပန္ရွာတာ၊ အရမ္းေပ်ာ္စရာေကာင္းတယ္။ ဒီႏွစ္ေဆာင္းတြင္းကေတာ့ အိုင္ေဒါလ္မွာပဲရွိမွာဆိုေတာ့ အဲဒီအခ်ိန္ေတြကို အရမ္းလြမ္းေနတယ္။ ညီမရဲ႕ဘုရားေက်ာင္းေလး၊ ဘုရားေက်ာင္းမွာရွိတဲ့ လူငယ္ေတြကိုပါ အကုန္လုံးကို အရမ္းလြမ္းေနပါတယ္။

ေမး – သီခ်င္းမဆိုခင္ ဗီဒီယိုဖိုင္မွာလည္း မ်က္ရည္ခ်ဴတယ္ဆိုၿပီးေတာ့ ေျပာတာေတြနဲ႔ပတ္သက္ၿပီး ထည့္ေျပာထားတာေတြ႕ရတယ္။ ဒါကို ဘာေၾကာင့္ထည့္ေျပာခဲ့တာလဲ။

ေျဖ – ညီမမ်က္ရည္ခ်ဴတာမဟုတ္ပါဘူး။ ဒီၿပိဳင္ပြဲကို ညီမၿပိဳင္တဲ့အခ်ိန္မွာ Final Year တက္ေနတာပါ။ ညီမမွာ အိမ္ေထာင္ဦးစီး အေဖတစ္ေယာက္တည္း အလုပ္လုပ္တဲ့သူရွိေတာ့တယ္။ အေမကလည္း ေနမေကာင္းျဖစ္တယ္။ ေမာင္ေလးကလည္း တကၠသိုလ္တက္ေနၿပီ။ အေဖကေတာ့ ညီမကို သူရဲ႕သမီးအႀကီးဆုံးလည္းျဖစ္ေတာ့ ေက်ာင္းၿပီးရင္ ခိုင္ခိုင္မာမာလုပ္လို႔ရမယ့္ အလုပ္တစ္ခုျဖစ္ေစခ်င္တယ္။ ဒီၿပိဳင္ပြဲကို လာၿပိဳင္တဲ့အခ်ိန္မွာ Final Year မေျဖရေသးဘူး။ ညီမ စဥ္းစားထားတာက အကယ္၍ဒီၿပိဳင္ပြဲကို လာၿပိဳင္ရင္ Final Year မေျဖႏိုင္ေတာ့ဘူးပဲ ထင္ခဲ့တာ။ အဲဒါေၾကာင့္ အေဖတို႔ကိုလည္း မတိုင္ပင္ရဲခဲ့ဘူး။ ညီမ ျမန္မာအိုင္ေဒါလ္ ၿပိဳင္မယ္ဆိုၿပီး မတိုင္ပင္ရဲေတာ့ဘူး။ ျမန္မာအိုင္ေဒါလ္ၿပိဳင္ခ်င္တယ္လို႔လည္း မေျပာရဲဘူး။ တစ္ဖက္ကလည္း အေမက ေနမေကာင္းဘူးဆိုေတာ့ မစာနာသလို ျဖစ္သြားမွာလည္း စိုးတယ္။ နယ္မွာ သီခ်င္းဆို ၿပိဳင္ပြဲဝင္ၿပိဳင္ၿပီးဆုရခဲ့တုန္းကလည္း ေက်ာင္းတစ္ႏွစ္ နားခဲ့ရဖူးတယ္။ အေဖကက်ေတာ့ ညီမကို ေက်ာင္းျမန္ျမန္ၿပီးေစခ်င္တယ္။ အဲဒါေၾကာင့္ ညီမအတြက္ ေတာ္ေတာ္ေလး ခက္ခဲေနခဲ့တာပါ။ တကယ္လို႔ ဒါႀကီးသာ မျဖစ္ေျမာက္ခဲ့ဘူးဆိုရင္ အေဖ့ကိုလည္း မ်က္ႏွာ ျပရဲမွာမဟုတ္ဘူး။ ဒါေၾကာင့္ အရမ္းလည္း ဆုေတာင္းခဲ့ရတယ္။ ဒီကို လာၿပိဳင္ေတာ့လည္း ေမာင္ေလးနဲ႔တူတူလာတယ္၊ ဒါႀကီးမျဖစ္ေျမာက္ခဲ့လို႔ရွိရင္ဆိုတဲ့စိတ္နဲ႔ စိုးရိမ္ခဲ့ရတာမ်ိဳး ရွိတယ္ ။ အဲဒီခံစားခ်က္ေတြေၾကာင့္ ညီမဝမ္းနည္းၿပီး ငိုခဲ့တာပါ၊ ေနာက္ကြယ္မွာ ညီမရဲ႕ History ေလးေတြ အရမ္းမ်ားခဲ့ေတာ့ အဲဒီစိတ္ေၾကာင့္ ငိုခဲ့တာပါ။ မ်က္ရည္ခ်ဴတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူတို႔ကလည္း ညီမရဲ႕အေၾကာင္းကို မသိလို႔ အဲဒီလိုမ်ိဳးထင္ၾကတာေပါ့။ အဲဒါကို သိေအာင္လို႔ အခုရွင္းျပလိုက္တာပါ။

ေမး – Winner ရခဲ့မယ္ဆိုရင္ ဘယ္လိုအစီအစဥ္ေလးေတြ ထပ္လုပ္ဖို႔ စဥ္းစားထားေသးလဲ။

ေျဖ – အကယ္၍ ဘုရားသခင္မစလို႔ ညီမ Winner ရခဲ့ရင္ အေမ့က်န္းမာေရးအတြက္ ေဆးကုေပးခ်င္တယ္။ ညီမက အႀကီးဆုံးျဖစ္တဲ့အတြက္ အိမ္ကေမာင္ေလးေတြကို ေက်ာင္းထားေပးခ်င္တယ္။ ၿပီးေတာ့ ညီမတို႔ နယ္မွာဆိုရင္ မိဘမဲ့ကေလးေတြမ်ားတယ္။ ပညာမျပည့္စုံတဲ့ ကေလးေတြမ်ားတဲ့အတြကိ သူတို႔ကို အတတ္ႏိုင္ဆုံး စာသင္တာ တစ္ခုတည္းမဟုတ္ဘဲနဲ႔ အဆိုပညာေရာ၊ ညီမ တတ္တဲ့အရာေလးေတြနဲ႔ အတတ္ႏိုင္ဆုံးကူညီေထာက္ပံ့ေပးခ်င္တယ္။

ေမး – ပရိသတ္ေတြအျပင္ အႏုပညာရွင္ေတြကပါ အားေပးၾကတဲ့အေပၚ အက္စတာရဲ႕
ခံစားခ်က္ကေကာ။

ေျဖ – ညီမတို႔ ေတာင္ေပၚသူေလးေတြကို ဒီေနရာထိေရာက္ေအာင္ ဒီပ႐ိုဂရမ္ကို လုပ္ေပးတဲ့ မမီးကို ေက်းဇူးတင္တယ္။ ညီမကို အႏုပညာရွင္ေတြကိုယ္တိုင္ကလည္း အားေပးတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ ဒါက အိပ္မက္လား၊ တကယ္လားဆိုၿပီးေတာ့ အခုျဖစ္မိတဲ့ အခ်ိန္ေတြအမ်ားႀကီးရွိတယ္။ ခ်စ္ခင္အားေပးသူေတြအားလုံးကို ဒီကေန ေက်းဇူးတင္တယ္လို႔ ေျပာခ်င္တယ္။

ေမး – ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – ဆက္ၿပီးေတာ့ အေကာင္းဆုံးႀကိဳးစားခ်င္ေသးတယ္။ ၿပိဳင္ပြဲဝင္တဲ့ ေမာင္ႏွမေတြကလည္း အားလုံးေတာ္ၾကတာျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ္ျပန္ရလည္း စိတ္ဓာတ္က်မွာမဟုတ္ပါဘူး။ အႏုပညာလမ္းေၾကာင္းအေပၚ ေျခလွမ္းစႏိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ ဆက္လက္ၿပီး ႀကိဳးစားသြားပါ့မယ္။ သမီးကိုလည္း ဆက္လက္ၿပီးအားေပးပါလို႔ ေျပာခ်င္ပါတယ္။

ႏွင္းစုမြန္ေတြ႕ဆုံသည္
ဓာတ္ပုံ – အက္စတာေဖ့စ္ဘြတ္ခ္

………………………………………………………..

(Unicode Version)

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် အက်စတာနှင့်တွေ့ဆုံခြင်း

“Winner ရခဲ့ရင် အမေ့ကျန်းမာရေးအတွက် ဆေးကုပေးချင်တယ်”

မြန်မာအိုင်ဒေါ Top 6 Result Show ကို ဒီဇင်ဘာ ၆ ရက် ည ၈နာရီခွဲက ရန်ကုန်မြို့ ရွှေထွဋ်တင်ဝင်းအတွင်း ကျင်းပခဲ့သည်။ အဆိုပါ ရက်သတ္တပတ်တွင် ပြိုင်ပွဲဝင်များက ‘ဟေမန်ဆောင်း’တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်ခြောက်ဦးအနက် ပြိုင်ပွဲဝင်တစ်ဦး ထွက်ခွာခဲ့ရသည်။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲတွင် ဆက်လက်သီဆိုယှဉ်ပြိုင်ခွင့်ရရှိသည့် Top 5 ပြိုင်ပွဲဝင်ငါးဦးတွင် ပါဝင်သွားပြီဖြစ်သော မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် အက်စတာနှင့်တွေ့ဆုံခိုက် ‘ဟေမန်ဆောင်း’ တေးသီချင်းများ သီဆိုယှဉ်ပြိုင်ခဲ့သည်နှင့်ပတ်သက်သည့်အကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိလိုသမျှ မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – ဒီတစ်ပတ်မှာ ဟေမန်ဆောင်းသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တဲ့အပေါ်မှာ ကျေနပ်အားရမှုရှိလား။

ဖြေ – ညီမအနေနဲ့ ဟေမန်ဆောင်းသီချင်းနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့အပေါ် အရမ်းလည်းပျော်တယ်။ ဆောင်းလည်း ရောက်လာပြီဆိုတော့ ဆောင်းရဲ့အငွေ့အသက်လေးလည်းရတယ်။ ပြီးတော့ သီဆိုရတဲ့သီချင်းကလည်း ညီမကြိုက်တဲ့သီချင်းဖြစ်တဲ့အတွက် အရမ်းပျော်ပါတယ်။

မေး – ဆောင်းရာသီနဲ့ပတ်သက်တဲ့ အမှတ်တရတွေ အက်စတာမှာ ရှိခဲ့ဖူးလား။

ဖြေ – ဆောင်းရာသီနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးရှိတယ်။ ညီမတို့ကကျတော့ နယ်မှာနေတဲ့အတွက် ကျောင်းပိတ်ရက်တွေဆို နယ်ပြန်ရတယ်။ မနက်စောစောဆို ဟားခါး View Point ကိုသွားပြီးတော့ ကြည့်ရင် တအားလှတယ်။ အဲဒီကို မိသားစုနဲ့သွားခဲ့တဲ့အချိန်တွေ ရှိတယ်။ ပြီးရင် ခရစ္စမတ်သီချင်းဆိုခဲ့ရတာတွေရှိတယ်။ အရင်တုန်းကတော့ တစ်အိမ်ပြီးတစ်အိမ် လမ်းလျှောက်သွားရတယ်။ အခုကတော့ ကားနဲ့ သွားရတာရှိတယ်။ ချိုချဉ်တွေ ကျွေးတယ်။ မုန့်တွေကြဲတယ်ဆိုလည်း လိုက်လုတာ တအားပျော်စရာကောင်းတယ်။ မနက်ကျရင်လည်း ထပြီးတော့ မြူတွေကြားထဲမှာ အဲဒီမုန့်တွေသွားပြန်ရှာတာ၊ အရမ်းပျော်စရာကောင်းတယ်။ ဒီနှစ်ဆောင်းတွင်းကတော့ အိုင်ဒေါလ်မှာပဲရှိမှာဆိုတော့ အဲဒီအချိန်တွေကို အရမ်းလွမ်းနေတယ်။ ညီမရဲ့ဘုရားကျောင်းလေး၊ ဘုရားကျောင်းမှာရှိတဲ့ လူငယ်တွေကိုပါ အကုန်လုံးကို အရမ်းလွမ်းနေပါတယ်။

မေး – သီချင်းမဆိုခင် ဗီဒီယိုဖိုင်မှာလည်း မျက်ရည်ချူတယ်ဆိုပြီးတော့ ပြောတာတွေနဲ့ပတ်သက်ပြီး ထည့်ပြောထားတာတွေ့ရတယ်။ ဒါကို ဘာကြောင့်ထည့်ပြောခဲ့တာလဲ။

ဖြေ – ညီမမျက်ရည်ချူတာမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကို ညီမပြိုင်တဲ့အချိန်မှာ Final Year တက်နေတာပါ။ ညီမမှာ အိမ်ထောင်ဦးစီး အဖေတစ်ယောက်တည်း အလုပ်လုပ်တဲ့သူရှိတော့တယ်။ အမေကလည်း နေမကောင်းဖြစ်တယ်။ မောင်လေးကလည်း တက္ကသိုလ်တက်နေပြီ။ အဖေကတော့ ညီမကို သူရဲ့သမီးအကြီးဆုံးလည်းဖြစ်တော့ ကျောင်းပြီးရင် ခိုင်ခိုင်မာမာလုပ်လို့ရမယ့် အလုပ်တစ်ခုဖြစ်စေချင်တယ်။ ဒီပြိုင်ပွဲကို လာပြိုင်တဲ့အချိန်မှာ Final Year မဖြေရသေးဘူး။ ညီမ စဉ်းစားထားတာက အကယ်၍ဒီပြိုင်ပွဲကို လာပြိုင်ရင် Final Year မဖြေနိုင်တော့ဘူးပဲ ထင်ခဲ့တာ။ အဲဒါကြောင့် အဖေတို့ကိုလည်း မတိုင်ပင်ရဲခဲ့ဘူး။ ညီမ မြန်မာအိုင်ဒေါလ် ပြိုင်မယ်ဆိုပြီး မတိုင်ပင်ရဲတော့ဘူး။ မြန်မာအိုင်ဒေါလ်ပြိုင်ချင်တယ်လို့လည်း မပြောရဲဘူး။ တစ်ဖက်ကလည်း အမေက နေမကောင်းဘူးဆိုတော့ မစာနာသလို ဖြစ်သွားမှာလည်း စိုးတယ်။ နယ်မှာ သီချင်းဆို ပြိုင်ပွဲဝင်ပြိုင်ပြီးဆုရခဲ့တုန်းကလည်း ကျောင်းတစ်နှစ် နားခဲ့ရဖူးတယ်။ အဖေကကျတော့ ညီမကို ကျောင်းမြန်မြန်ပြီးစေချင်တယ်။ အဲဒါကြောင့် ညီမအတွက် တော်တော်လေး ခက်ခဲနေခဲ့တာပါ။ တကယ်လို့ ဒါကြီးသာ မဖြစ်မြောက်ခဲ့ဘူးဆိုရင် အဖေ့ကိုလည်း မျက်နှာ ပြရဲမှာမဟုတ်ဘူး။ ဒါကြောင့် အရမ်းလည်း ဆုတောင်းခဲ့ရတယ်။ ဒီကို လာပြိုင်တော့လည်း မောင်လေးနဲ့တူတူလာတယ်၊ ဒါကြီးမဖြစ်မြောက်ခဲ့လို့ရှိရင်ဆိုတဲ့စိတ်နဲ့ စိုးရိမ်ခဲ့ရတာမျိုး ရှိတယ် ။ အဲဒီခံစားချက်တွေကြောင့် ညီမဝမ်းနည်းပြီး ငိုခဲ့တာပါ၊ နောက်ကွယ်မှာ ညီမရဲ့ History လေးတွေ အရမ်းများခဲ့တော့ အဲဒီစိတ်ကြောင့် ငိုခဲ့တာပါ။ မျက်ရည်ချူတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကလည်း ညီမရဲ့အကြောင်းကို မသိလို့ အဲဒီလိုမျိုးထင်ကြတာပေါ့။ အဲဒါကို သိအောင်လို့ အခုရှင်းပြလိုက်တာပါ။

မေး – Winner ရခဲ့မယ်ဆိုရင် ဘယ်လိုအစီအစဉ်လေးတွေ ထပ်လုပ်ဖို့ စဉ်းစားထားသေးလဲ။

ဖြေ – အကယ်၍ ဘုရားသခင်မစလို့ ညီမ Winner ရခဲ့ရင် အမေ့ကျန်းမာရေးအတွက် ဆေးကုပေးချင်တယ်။ ညီမက အကြီးဆုံးဖြစ်တဲ့အတွက် အိမ်ကမောင်လေးတွေကို ကျောင်းထားပေးချင်တယ်။ ပြီးတော့ ညီမတို့ နယ်မှာဆိုရင် မိဘမဲ့ကလေးတွေများတယ်။ ပညာမပြည့်စုံတဲ့ ကလေးတွေများတဲ့အတွကိ သူတို့ကို အတတ်နိုင်ဆုံး စာသင်တာ တစ်ခုတည်းမဟုတ်ဘဲနဲ့ အဆိုပညာရော၊ ညီမ တတ်တဲ့အရာလေးတွေနဲ့ အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးချင်တယ်။

မေး – ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားပေးကြတဲ့အပေါ် အက်စတာရဲ့
ခံစားချက်ကကော။

ဖြေ – ညီမတို့ တောင်ပေါ်သူလေးတွေကို ဒီနေရာထိရောက်အောင် ဒီပရိုဂရမ်ကို လုပ်ပေးတဲ့ မမီးကို ကျေးဇူးတင်တယ်။ ညီမကို အနုပညာရှင်တွေကိုယ်တိုင်ကလည်း အားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါက အိပ်မက်လား၊ တကယ်လားဆိုပြီးတော့ အခုဖြစ်မိတဲ့ အချိန်တွေအများကြီးရှိတယ်။ ချစ်ခင်အားပေးသူတွေအားလုံးကို ဒီကနေ ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။

မေး – ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – ဆက်ပြီးတော့ အကောင်းဆုံးကြိုးစားချင်သေးတယ်။ ပြိုင်ပွဲဝင်တဲ့ မောင်နှမတွေကလည်း အားလုံးတော်ကြတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပြန်ရလည်း စိတ်ဓာတ်ကျမှာမဟုတ်ပါဘူး။ အနုပညာလမ်းကြောင်းအပေါ် ခြေလှမ်းစနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဆက်လက်ပြီး ကြိုးစားသွားပါ့မယ်။ သမီးကိုလည်း ဆက်လက်ပြီးအားပေးပါလို့ ပြောချင်ပါတယ်။

နှင်းစုမွန်တွေ့ဆုံသည်
ဓာတ်ပုံ – အက်စတာဖေ့စ်ဘွတ်ခ်

-Ads-
-Ads-