ေ႐ႊေဘာလုံး ဆုေပးပြဲတြင္ မၾကာမီအနားယူေတာ့မည္ဟု မက္ဆီေျပာခဲ့ ဘာစီလိုနာနည္းျပ ဗယ္လ္ဗာဒီကမူ ထိုသို႔ခ်က္ခ်င္းျဖစ္မလာႏိုင္ဟု ျငင္း

ၿပီးခဲ့သည့္ရက္ပိုင္းက ေ႐ႊေဘာလုံးဆုေပးပြဲ အခမ္းအနားတြင္ ေျခာက္ႀကိမ္ေျမာက္ ေ႐ႊေဘာလုံးဆု ဆြတ္ခူးသြားႏိုင္ခဲ့ေသာ ဘာစီလိုနာတိုက္စစ္မႉး မက္ဆီက မၾကာမီ ကစားသမားဘ၀မွအနားယူေတာ့မည္ဟု ဖြင့္ေျပာသြားခဲ့၍ ဘာစီလိုနာအသင္းတာဝန္ရွိသူမ်ား စိုးရိမ္စရာျဖစ္ခဲ့ရသည္။

အသက္ (၃၂) ႏွစ္ရွိၿပီျဖစ္ေသာ မက္ဆီက ‘ခင္ဗ်ားတို႔ ဒီအခိုက္အတန္႔ေတြမွာ ပိုၿပီးေပ်ာ္႐ႊင္သင့္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကၽြန္ေတာ္ အနားယူဖို႔က နီးသထက္နီးလာၿပီ’ ဟု ေျပာသြားခဲ့ျခင္းျဖစ္သည္။

မက္ဆီမရွိလၽွင္ ဘာစီလိုနာအသင္းမွာ သာမန္အဆင့္အသင္းသာျဖစ္သြားလိမ့္မည္ဟု သုံးသပ္မႈမ်ားလည္း ရွိေနရာ ဘာစီလိုနာနည္းျပ ဗယ္လ္ဗာဒီက မက္ဆီေျပာစကားေၾကာင့္ ပူပန္ျခင္းမရွိဘဲ ပုံမွန္အတိုင္း အသက္အ႐ြယ္ အတိုင္းအတာတစ္ခုအထိ ေရာက္လာျခင္းေၾကာင့္သာ ထိုစကားမ်ိဳး မက္ဆီေျပာခဲ့ျခင္းျဖစ္သည္ဟု တုံ႔ျပန္ျငင္းဆိုသြားခဲ့သည္။

ဒီဇင္ဘာ ၇ ရက္ည မာေယာ့ကာႏွင့္ ပြဲစဥ္မတိုင္မီ ယခုရာသီတြင္ ဘာစီလိုနာအတြက္ ၁၁ ဂိုးသြင္းထားသည့္ မက္ဆီႏွင့္ပတ္သက္ၿပီး ဗယ္လ္ဗာဒီက ‘ဒါဟာ ပုံမွန္အတိုင္းေျပာ႐ိုးေျပာစဥ္မ်ိဳးပါ။ မက္ဆီဟာ လက္ရွိမွာ ကစားသမားဘ၀က အနားယူဖို႔စဥ္စားေနတယ္လို႔ မထင္ပါဘူး။ တခ်ိဳ႕အရာေတြက ေလထဲက အရာေတြသာျဖစ္တယ္။ သူ႕စကားေၾကာင့္ ကၽြန္ေတာ္တို႔ ႐ူးသြပ္ေနဖို႔လည္း မလိုပါဘူး။ လူတိုင္းဟာ အသက္အပိုင္းအျခားတစ္ခုကိုေရာက္လာခဲ့ရင္ အနားယူဖို႔ကိစၥကိုေတာ့ ေတြးၾကမွာပါပဲ။ မက္ဆီလည္း ဒီလိုမ်ိဳးပဲ ပုံမွန္အတိုင္းေတြတာျဖစ္ၿပီး ေနာက္သုံးရက္ေလာက္မွာ အနားယူမယ္လို႔ ေျပာတာမ်ိဳးလည္း မဟုတ္ပါဘူး’ ဟု ေျပာသြားခဲ့သည္။

ဗယ္လ္ဗာဒီက မက္ဆီသည္ ေနာက္ႏွစ္အနည္းငယ္ၾကာ ေအာင္ျမင္စြာ ဆက္လက္ကစားဦးမည္ဟု ယုံၾကည္ကာ ရီးရဲလ္မက္ဒရစ္အသင္းသမိုင္းတြင္ ဥေရာပဖလား ငါးႏွစ္ဆက္ရယူေပးႏိုင္ခဲ့သည့္ ဒီစတီဖာႏိုကဲ့သို႔ ဂႏၴဝင္တြင္သူ ျဖစ္လာမည္ဟုလည္း ခိုင္းႏႈိင္းသြားခဲ့သည္။

ကၽြန္ေတာ္ ဘယ္ေလာက္ကံေကာင္းသလဲဆိုတာကို သတိျပဳမိပါတယ္။ ဒါေပမဲ့ ဘ၀မွာ ေန႔စဥ္ေတာင္းဆိုမႈေတြနဲ႔ ေရွာင္လႊဲလို႔မရႏိုင္တာေၾကာင့္ အရာရာတိုင္းကိုေတာ့ ေက်နပ္ဖို႔မျဖစ္ႏိုင္ပါဘူး။ ကၽြန္ေတာ္ မက္ဆီရဲ႕ နည္းျပအျဖစ္ ႏွစ္အနည္းငယ္ ဆက္ရွိေနဦးမွာျဖစ္လို႔ ေက်နပ္ႏိုင္ဦးမွာပါ။ မက္ဆီကိုရထားျခင္းဟာ ကံေကာင္းမႈျဖစ္တယ္။ လူႀကီးေတြ ဒီစတီဖာႏိုအေၾကာင္း ေျပာၾကသလိုမ်ိဳးပဲ မက္ဆီေခတ္ကို မီလိုက္ၾကသူေတြဟာလည္း အိုမင္းလာတဲ့အခါ မက္ဆီဟာဘယ္ေလာက္ႀကီးျမတ္တဲ့ ကစားသမားျဖစ္သလဲဆိုတာကို ေျပာဆိုေနၾကမွာေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ ဒီလိုေတြနဲ႔ ေပ်ာ္႐ႊင္ၾကရဦးမွာပါ’ ဟု ေျပာသြားခဲ့သည္။

(Unicode Version)

ရွှေဘောလုံး ဆုပေးပွဲတွင် မကြာမီအနားယူတော့မည်ဟု မက်ဆီပြောခဲ့
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကမူ ထိုသို့ချက်ချင်းဖြစ်မလာနိုင်ဟု ငြင်း

ပြီးခဲ့သည့်ရက်ပိုင်းက ရွှေဘောလုံးဆုပေးပွဲ အခမ်းအနားတွင် ခြောက်ကြိမ်မြောက် ရွှေဘောလုံးဆု ဆွတ်ခူးသွားနိုင်ခဲ့သော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက မကြာမီ ကစားသမားဘ၀မှအနားယူတော့မည်ဟု ဖွင့်ပြောသွားခဲ့၍ ဘာစီလိုနာအသင်းတာဝန်ရှိသူများ စိုးရိမ်စရာဖြစ်ခဲ့ရသည်။

အသက် (၃၂) နှစ်ရှိပြီဖြစ်သော မက်ဆီက ‘ခင်ဗျားတို့ ဒီအခိုက်အတန့်တွေမှာ ပိုပြီးပျော်ရွှင်သင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် အနားယူဖို့က နီးသထက်နီးလာပြီ’ ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။

မက်ဆီမရှိလျှင် ဘာစီလိုနာအသင်းမှာ သာမန်အဆင့်အသင်းသာဖြစ်သွားလိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေရာ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက မက်ဆီပြောစကားကြောင့် ပူပန်ခြင်းမရှိဘဲ ပုံမှန်အတိုင်း အသက်အရွယ် အတိုင်းအတာတစ်ခုအထိ ရောက်လာခြင်းကြောင့်သာ ထိုစကားမျိုး မက်ဆီပြောခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ငြင်းဆိုသွားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်ည မာယော့ကာနှင့် ပွဲစဉ်မတိုင်မီ ယခုရာသီတွင် ဘာစီလိုနာအတွက် ၁၁ ဂိုးသွင်းထားသည့် မက်ဆီနှင့်ပတ်သက်ပြီး ဗယ်လ်ဗာဒီက ‘ဒါဟာ ပုံမှန်အတိုင်းပြောရိုးပြောစဉ်မျိုးပါ။ မက်ဆီဟာ လက်ရှိမှာ ကစားသမားဘ၀က အနားယူဖို့စဉ်စားနေတယ်လို့ မထင်ပါဘူး။ တချို့အရာတွေက လေထဲက အရာတွေသာဖြစ်တယ်။ သူ့စကားကြောင့် ကျွန်တော်တို့ ရူးသွပ်နေဖို့လည်း မလိုပါဘူး။ လူတိုင်းဟာ အသက်အပိုင်းအခြားတစ်ခုကိုရောက်လာခဲ့ရင် အနားယူဖို့ကိစ္စကိုတော့ တွေးကြမှာပါပဲ။ မက်ဆီလည်း ဒီလိုမျိုးပဲ ပုံမှန်အတိုင်းတွေတာဖြစ်ပြီး နောက်သုံးရက်လောက်မှာ အနားယူမယ်လို့ ပြောတာမျိုးလည်း မဟုတ်ပါဘူး’ ဟု ပြောသွားခဲ့သည်။

ဗယ်လ်ဗာဒီက မက်ဆီသည် နောက်နှစ်အနည်းငယ်ကြာ အောင်မြင်စွာ ဆက်လက်ကစားဦးမည်ဟု ယုံကြည်ကာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတွင် ဥရောပဖလား ငါးနှစ်ဆက်ရယူပေးနိုင်ခဲ့သည့် ဒီစတီဖာနိုကဲ့သို့ ဂန္ထဝင်တွင်သူ ဖြစ်လာမည်ဟုလည်း ခိုင်းနှိုင်းသွားခဲ့သည်။

ကျွန်တော် ဘယ်လောက်ကံကောင်းသလဲဆိုတာကို သတိပြုမိပါတယ်။ ဒါပေမဲ့ ဘ၀မှာ နေ့စဉ်တောင်းဆိုမှုတွေနဲ့ ရှောင်လွှဲလို့မရနိုင်တာကြောင့် အရာရာတိုင်းကိုတော့ ကျေနပ်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော် မက်ဆီရဲ့ နည်းပြအဖြစ် နှစ်အနည်းငယ် ဆက်ရှိနေဦးမှာဖြစ်လို့ ကျေနပ်နိုင်ဦးမှာပါ။ မက်ဆီကိုရထားခြင်းဟာ ကံကောင်းမှုဖြစ်တယ်။ လူကြီးတွေ ဒီစတီဖာနိုအကြောင်း ပြောကြသလိုမျိုးပဲ မက်ဆီခေတ်ကို မီလိုက်ကြသူတွေဟာလည်း အိုမင်းလာတဲ့အခါ မက်ဆီဟာဘယ်လောက်ကြီးမြတ်တဲ့ ကစားသမားဖြစ်သလဲဆိုတာကို ပြောဆိုနေကြမှာသေချာပါတယ်။ ကျွန်တော်တို့ ဒီလိုတွေနဲ့ ပျော်ရွှင်ကြရဦးမှာပါ’ ဟု ပြောသွားခဲ့သည်။