ထရန္႔အား စြပ္စြဲျပစ္တင္ေရး ၾကားနာစစ္ေဆးမႈ တက္ေရာက္မည္မဟုတ္ဟု အိမ္ျဖဴေတာ္ အခ်က္ျပ

အိမ္ျဖဴေတာ္သည္ လာမည့္သီတင္းပတ္ ကြန္ဂရက္တြင္ထပ္မံျပဳလုပ္မည့္ စြပ္စြဲျပစ္တင္ေရး ၾကားနာစစ္ေဆးမႈတြင္ ပူးေပါင္းပါဝင္မည္မဟုတ္ေၾကာင္း အခ်က္ျပလိုက္သည္ဟု ဘီဘီစီကထုတ္ျပန္သည္။

ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီ၏ ဥကၠ႒ထံ ေပးပို႔ေသာ စာတစ္ေစာင္တြင္ အဆိုပါစုံစမ္းစစ္ေဆးမႈကို ယခုပင္ အဆုံးသတ္ရန္ တိုက္တြန္းထားသည္။

ယင္းစာတြင္ ၾကားနာစစ္ေဆးမႈတက္ေရာက္ျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းစြာ ထုတ္ျပန္ထားျခင္းမရွိေသာ္လည္း အစိုးရအဖြဲ႕သည္ မမၽွတေသာျဖစ္စဥ္တစ္ခုတြင္ ပူးေပါင္းပါဝင္စရာအေၾကာင္းမရွိဟု ျမင္ေၾကာင္း အရာရွိမ်ားက အေမရိကန္မီဒီယာကို ေျပာသည္။

သမၼတေဒၚနယ္ထရန္႔သည္ ႏိုင္ငံေရးအရ ၎အတြက္အေထာက္အကူျဖစ္ေစမည့္ နည္းလမ္းတစ္ခုျဖင့္ ယူကရိန္းကိုဖိအားေပးသည္ဟု စြပ္စြဲခံေနရသည္။

အစိုးရအဖြဲ႕အေနျဖင့္ ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီသို႔ တရားဝင္ကိုယ္စားလွယ္တစ္ဦး သို႔မဟုတ္ မ်က္ျမင္သက္ေသမ်ားကို ေစလႊတ္ျခင္း ျပဳ၊ မျပဳကို ဆုံးျဖတ္ရန္ ေနာက္ဆုံးသတ္မွတ္ရက္မွာ ဒီဇင္ဘာ ၆ ရက္ျဖစ္ေၾကာင္း သိရသည္။

(Unicode Version)

ထရန့်အား စွပ်စွဲပြစ်တင်ရေး ကြားနာစစ်ဆေးမှု တက်ရောက်မည်မဟုတ်ဟု အိမ်ဖြူတော် အချက်ပြ

အိမ်ဖြူတော်သည် လာမည့်သီတင်းပတ် ကွန်ဂရက်တွင်ထပ်မံပြုလုပ်မည့် စွပ်စွဲပြစ်တင်ရေး ကြားနာစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း အချက်ပြလိုက်သည်ဟု ဘီဘီစီကထုတ်ပြန်သည်။

အောက်လွှတ်တော် တရားရေးကော်မတီ၏ ဥက္ကဋ္ဌထံ ပေးပို့သော စာတစ်စောင်တွင် အဆိုပါစုံစမ်းစစ်ဆေးမှုကို ယခုပင် အဆုံးသတ်ရန် တိုက်တွန်းထားသည်။

ယင်းစာတွင် ကြားနာစစ်ဆေးမှုတက်ရောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းစွာ ထုတ်ပြန်ထားခြင်းမရှိသော်လည်း အစိုးရအဖွဲ့သည် မမျှတသောဖြစ်စဉ်တစ်ခုတွင် ပူးပေါင်းပါဝင်စရာအကြောင်းမရှိဟု မြင်ကြောင်း အရာရှိများက အမေရိကန်မီဒီယာကို ပြောသည်။

သမ္မတဒေါ်နယ်ထရန့်သည် နိုင်ငံရေးအရ ၎င်းအတွက်အထောက်အကူဖြစ်စေမည့် နည်းလမ်းတစ်ခုဖြင့် ယူကရိန်းကိုဖိအားပေးသည်ဟု စွပ်စွဲခံနေရသည်။

အစိုးရအဖွဲ့အနေဖြင့် အောက်လွှတ်တော် တရားရေးကော်မတီသို့ တရားဝင်ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် မျက်မြင်သက်သေများကို စေလွှတ်ခြင်း ပြု၊ မပြုကို ဆုံးဖြတ်ရန် နောက်ဆုံးသတ်မှတ်ရက်မှာ ဒီဇင်ဘာ ၆ ရက်ဖြစ်ကြောင်း သိရသည်။