အဆိုေတာ္ ဝိုင္းေလးႏွင့္ေတြ႕ဆုံျခင္း

“ဒီႏွစ္က ဝိုင္းေလးအတြက္ ကံေကာင္းတဲ့ႏွစ္လို႔ ေျပာလို႔ရတယ္”

ကိုရီးယားႏိုင္ငံတြင္ က်င္းပသည့္ Asian Fantasia Concert တြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနျဖင့္ ပါဝင္ေဖ်ာ္ေျဖခဲ့သည့္ အဆိုေတာ္ ဝိုင္းေလးႏွင့္ ေတြ႕ဆုံခိုက္ ေဖ်ာ္ေျဖပြဲႏွင့္ပတ္သက္သည့္ အေတြ႕အႀကဳံအမွတ္တရမ်ားကို ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္-

ေမး – လတ္တေလာ အႏုပညာလႈပ္ရွားမႈအေၾကာင္း အရင္ဆုံး ေျပာျပေပးပါဦး။

-Ads-
-Ads-

ေျဖ – ဝိုင္းေလး လတ္တေလာေတာ့ cover song ေလးတစ္ပုဒ္ထြက္ထားတယ္။ အဂၤလိပ္လိုပဲဆိုထားတဲ့ အဲဒီ cover song ေလးကို ဝိုင္းေလး ေပ့ခ္်ကေနပဲတင္ပါမယ္။ ဒီၾကားထဲမွာလည္း ကိုရီးယားလိုဆိုထားတဲ့ သီခ်င္းတစ္ပုဒ္လုပ္ဖို႔ ရွိတယ္။ ဒီသီခ်င္းေလးကိုလည္း ဒီလထဲမွာပဲ ေပးျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။

ေမး – ကိုရီးယားခရီးစဥ္မွာ ဘယ္လိုမ်ိဳးအေတြ႕အႀကဳံေတြ႕ရခဲ့လဲ။

ေျဖ – ကိုရီးယားခရီးစဥ္မွာေတာ့ သူတို႔ ပြဲမစခင္ ေလ့က်င့္သင္ၾကားေပးတာေတြ၊ artist တစ္ေယာက္ခ်င္းစီကို ပံပိုးမႈအပိုင္းမွာလည္း သူတို႔ကေသခ်ာေလး ဂ႐ုစိုက္တယ္။ ဒီႏိုင္ငံနဲ႔ အရမ္းကြာတယ္၊ ညီမဆိုမသြားခင္ကတည္းက မိုက္ခ႐ိုဖုန္းဘယ္အမ်ိဳးအစားလိုခ်င္တယ္။ ဘယ္အစားအေသာက္ စားခ်င္တယ္၊ ဘာေတြမတည့္ဘူးဆိုတာကအစ အေသးစိတ္အရမ္းဂ႐ုစိုက္တယ္။ ရီဟာဇယ္လည္း အရမ္းလုပ္တယ္။ ေလ့က်င့္တာေတြလည္း အရမ္းလုပ္ရတယ္။ တကယ္တမ္း K Pop က ကမၻာမွာ ထိပ္ျဖစ္တယ္ဆိုတာလည္း သူတို႔ရဲ႕ေလ့က်င့္မႈအားေတြ အရမ္းေကာင္းတယ္။ ညီမကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတာျဖစ္တဲ့အတြက္ ညီမတို႔ႏိုင္ငံအေနနဲ႔ဆိုရင္ အရမ္းႀကီးကြာဟေနေသးတယ္လို႔ျမင္တယ္။

ေမး – ေဖ်ာ္ေျဖပြဲမွာ အမွတ္တရေတြေကာ ရွိခဲ့ေသးလား။

ေျဖ – အမွတ္တရကေတာ့ PSY တို႔ ၊ ဘိုရာတို႔၊ ဒါရာတို႔နဲ႔ စင္တစ္ခုတည္းမွာ ေဖ်ာ္ေျဖခြင့္ရခဲ့တာပါပဲ။ အရမ္းရင္ခုန္ဖို႔ေကာင္းတယ္။ ၿပီးေတာ့ ညီမကို အားေပးဖို႔အတြက္ ဆိုးလ္ကေန ျမန္မာပရိသတ္ေတြ ကားစီးလုံးအျပည့္နဲ႔ လာအားေပးတာေတြ႕ရတယ္။ ပြဲထဲမွာလည္း ျမန္မာပရိသတ္ေတြအမ်ားႀကီး အားေပးခံရတဲ့အတြက္ အရမ္းကိုေပ်ာ္ပါတယ္။ ဘ၀ရဲ႕မွတ္တိုင္တစ္ခုလည္း ျဖစ္ခဲ့တယ္။ အာဆီယံ ၁၀ ႏိုင္ငံမွာ ျမန္မာကိုယ္စားျပဳအေနနဲ႔ သီခ်င္းပါဝင္သီဆိုခြင့္ရခဲ့တဲ့အတြက္လည္း အရမ္းကိုဂုဏ္ယူပါတယ္။ ၿပီးေတာ့ ဆိုးလ္မွာ ကိုရီးယားလို သီခ်င္းတစ္ပုဒ္ အသံသြင္းခဲ့တယ္။ ကိုရီယားဒါ႐ိုက္တာ၊ ပ႐ိုဂ်ဴဆာနဲ႔သြင္းခဲ့တဲ့ သီခ်င္းေလးကို ျမန္မာႏိုင္ငံကို ျပန္သယ္လာၿပီး Mixing လည္း အပ္ထားၿပီဆိုေတာ့ အျမန္ဆုံးထြက္ႏိုင္ၿပီဆိုတာနဲ႔ပရိသတ္ေတြကို Music Vedio နဲ႔ တကြေပးပါမယ္။

ေမး – ကိုရီးယားနဲ႔ ပူးေပါင္းလုပ္ဖို႔ အစီအစဥ္ေကာ ရွိေသးလား။

ေျဖ – အဲဒီလိုမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒါေပမဲ့ သူတို႔ဘက္က သီခ်င္းသြင္းေနရင္းနဲ႔ ဝိုင္းေလးရဲ႕ပုံစံကိုလည္း သေဘာက်တယ္။ ဝိုင္းေလးရဲ႕အသံကိုလည္း သေဘာက်တဲ့အတြက္ ေနာက္ထပ္သီခ်င္းေတြ ထပ္ၿပီးေတာ့ လုပ္ေပးဖို႔ သူ႕ဘက္က ဆႏၵရွိတာကို ေတြ႕ရတယ္။ တကယ္လို႔ သူတို႔ဘက္က ကမ္းလွမ္းလာမယ္၊ Confirm ျဖစ္ရင္ေတာ့ ထပ္သြားရမွာပါ။ ေလာေလာဆယ္ကေတာ့ သူတို႔နဲ႔ စကားေျပာေနတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာပဲ လုပ္စရာရွိတာ လုပ္ေနတာေပါ့။ သူတို႔လည္း ဒီဇင္ဘာမွာ ကိုရီးယား K Pop Singer ေတြေပါင္းၿပီး သီခ်င္းတစ္ပုဒ္လုပ္ဖို႔ရွိတယ္။ သူတို႔အဲဒီအပိုင္းမွာ အလုပ္႐ႈပ္ေနတဲ့အတြက္၂၀၂၀မွာေတာ့ တစ္ခုခု ထူးမယ္လို႔ထင္ပါတယ္။

ေမး – ဝိုင္းေလးဘက္ကေကာ ဘာေတြ ျပင္ဆင္ထားေသးလဲ။

ေျဖ – ျပင္ဆင္ထားတာကေတာ့ သူတို႔က ဝိုင္းေလး တတိယအေခြထုတ္ဖို႔အတြက္ အရမ္းစိတ္ဝင္စားတယ္။ အဲဒီတတိယအေခြမွာ ပါဝင္ဖို႔ စိတ္ဝင္စားတယ္။ အလုပ္ကိစၥစကားေျပာထားတာ ရွိတယ္ဆိုေတာ့ ဝိုင္းေလးဘက္ကေတာ့ သီခ်င္းေရးစရာရွိတာေတြ ဆက္ေရးေနတယ္။ သူတို႔ဘက္က အေၾကာင္းျပန္တာကိုပဲ ဝိုင္းေလးေစာင့္မွာပါ။ တကယ္လို႔ သူတို႔ဘက္က မထူးျခားဘူးဆိုရင္ေတာ့ ကိုယ့္အေခြကို ကိုယ့္ဘာသာပဲ produce လုပ္ရမွာေပါ့။

ေမး – ဒီႏွစ္က ဝိုင္းေလးအတြက္ကံေကာင္းတဲ့ႏွစ္လို႔ ေျပာလို႔ ရမလား။

ေျဖ – ဒီႏွစ္က ဝိုင္းေလးအတြက္ ကံေကာင္းတဲ့ႏွစ္လို႔ ေျပာလို႔ရတယ္။ ကိုရီးယားမွာက်င္းပတဲ့ Asian Fantasia Concert ပြဲမွာလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ဝိုင္းေလးသြားရတယ္။ စင္ေပၚမွာလည္း သူတို႔အေနနဲ႔ ဝိုင္းေလးကို ျမန္မာႏိုင္ငံရဲ႕ အဆိုေတာ္လည္း ျဖစ္တယ္၊ Miss လည္း ျဖစ္တယ္ဆိုၿပီးေတာ့ ခ်ီးမြမ္းၿပီး ဖိတ္ေခၚေပးတဲ့အတြက္ အရမ္းေပ်ာ္တယ္။ ၿပီးေတာ့ ဒါရာနဲ႔လည္း လက္ဆြဲႏႈတ္ဆက္ၿပီး ခ်စ္တဲ့အေၾကာင္းေတြအမ်ားႀကီး ေျပာခဲ့ရတာျဖစ္တဲ့အတြက္ ဒီႏွစ္က ကံအေကာင္းဆုံး ႏွစ္လို႔ေတာင္ ေျပာလို႔ရတယ္။

ေမး – ပရိသတ္အတြက္ စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ – ပရိသတ္ေတြအားလုံး မၾကာခင္ႏွစ္သစ္ေရာက္ေတာ့မယ္၊ ႏွစ္သစ္ကစၿပီးေတာ့ ေပ်ာ္႐ႊင္ၾကပါေစ၊ အခက္အခဲေတြလည္း ေျပလည္ၾကပါေစလို႔ ဆုေတာင္းေပးခ်င္ပါတယ္။

ဓာတ္ပုံ – ဝိုင္းေလးေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

အဆိုတော် ဝိုင်းလေးနှင့်တွေ့ဆုံခြင်း

“ဒီနှစ်က ဝိုင်းလေးအတွက် ကံကောင်းတဲ့နှစ်လို့ ပြောလို့ရတယ်”

ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Asian Fantasia Concert တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ဖျော်ဖြေခဲ့သည့် အဆိုတော် ဝိုင်းလေးနှင့် တွေ့ဆုံခိုက် ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံအမှတ်တရများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ – ဝိုင်းလေး လတ်တလောတော့ cover song လေးတစ်ပုဒ်ထွက်ထားတယ်။ အင်္ဂလိပ်လိုပဲဆိုထားတဲ့ အဲဒီ cover song လေးကို ဝိုင်းလေး ပေ့ခ်ျကနေပဲတင်ပါမယ်။ ဒီကြားထဲမှာလည်း ကိုရီးယားလိုဆိုထားတဲ့ သီချင်းတစ်ပုဒ်လုပ်ဖို့ ရှိတယ်။ ဒီသီချင်းလေးကိုလည်း ဒီလထဲမှာပဲ ပေးဖြစ်ဖို့ ကြိုးစားနေပါတယ်။

မေး – ကိုရီးယားခရီးစဉ်မှာ ဘယ်လိုမျိုးအတွေ့အကြုံတွေ့ရခဲ့လဲ။

ဖြေ – ကိုရီးယားခရီးစဉ်မှာတော့ သူတို့ ပွဲမစခင် လေ့ကျင့်သင်ကြားပေးတာတွေ၊ artist တစ်ယောက်ချင်းစီကို ပံပိုးမှုအပိုင်းမှာလည်း သူတို့ကသေချာလေး ဂရုစိုက်တယ်။ ဒီနိုင်ငံနဲ့ အရမ်းကွာတယ်၊ ညီမဆိုမသွားခင်ကတည်းက မိုက်ခရိုဖုန်းဘယ်အမျိုးအစားလိုချင်တယ်။ ဘယ်အစားအသောက် စားချင်တယ်၊ ဘာတွေမတည့်ဘူးဆိုတာကအစ အသေးစိတ်အရမ်းဂရုစိုက်တယ်။ ရီဟာဇယ်လည်း အရမ်းလုပ်တယ်။ လေ့ကျင့်တာတွေလည်း အရမ်းလုပ်ရတယ်။ တကယ်တမ်း K Pop က ကမ္ဘာမှာ ထိပ်ဖြစ်တယ်ဆိုတာလည်း သူတို့ရဲ့လေ့ကျင့်မှုအားတွေ အရမ်းကောင်းတယ်။ ညီမကိုယ်တိုင်မြင်တွေ့ခဲ့ရတာဖြစ်တဲ့အတွက် ညီမတို့နိုင်ငံအနေနဲ့ဆိုရင် အရမ်းကြီးကွာဟနေသေးတယ်လို့မြင်တယ်။

မေး – ဖျော်ဖြေပွဲမှာ အမှတ်တရတွေကော ရှိခဲ့သေးလား။

ဖြေ – အမှတ်တရကတော့ PSY တို့ ၊ ဘိုရာတို့၊ ဒါရာတို့နဲ့ စင်တစ်ခုတည်းမှာ ဖျော်ဖြေခွင့်ရခဲ့တာပါပဲ။ အရမ်းရင်ခုန်ဖို့ကောင်းတယ်။ ပြီးတော့ ညီမကို အားပေးဖို့အတွက် ဆိုးလ်ကနေ မြန်မာပရိသတ်တွေ ကားစီးလုံးအပြည့်နဲ့ လာအားပေးတာတွေ့ရတယ်။ ပွဲထဲမှာလည်း မြန်မာပရိသတ်တွေအများကြီး အားပေးခံရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။ ဘ၀ရဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့တယ်။ အာဆီယံ ၁၀ နိုင်ငံမှာ မြန်မာကိုယ်စားပြုအနေနဲ့ သီချင်းပါဝင်သီဆိုခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းကိုဂုဏ်ယူပါတယ်။ ပြီးတော့ ဆိုးလ်မှာ ကိုရီးယားလို သီချင်းတစ်ပုဒ် အသံသွင်းခဲ့တယ်။ ကိုရီယားဒါရိုက်တာ၊ ပရိုဂျူဆာနဲ့သွင်းခဲ့တဲ့ သီချင်းလေးကို မြန်မာနိုင်ငံကို ပြန်သယ်လာပြီး Mixing လည်း အပ်ထားပြီဆိုတော့ အမြန်ဆုံးထွက်နိုင်ပြီဆိုတာနဲ့ပရိသတ်တွေကို Music Vedio နဲ့ တကွပေးပါမယ်။

မေး – ကိုရီးယားနဲ့ ပူးပေါင်းလုပ်ဖို့ အစီအစဉ်ကော ရှိသေးလား။

ဖြေ – အဲဒီလိုမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့ဘက်က သီချင်းသွင်းနေရင်းနဲ့ ဝိုင်းလေးရဲ့ပုံစံကိုလည်း သဘောကျတယ်။ ဝိုင်းလေးရဲ့အသံကိုလည်း သဘောကျတဲ့အတွက် နောက်ထပ်သီချင်းတွေ ထပ်ပြီးတော့ လုပ်ပေးဖို့ သူ့ဘက်က ဆန္ဒရှိတာကို တွေ့ရတယ်။ တကယ်လို့ သူတို့ဘက်က ကမ်းလှမ်းလာမယ်၊ Confirm ဖြစ်ရင်တော့ ထပ်သွားရမှာပါ။ လောလောဆယ်ကတော့ သူတို့နဲ့ စကားပြောနေတဲ့ အချိန်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာပဲ လုပ်စရာရှိတာ လုပ်နေတာပေါ့။ သူတို့လည်း ဒီဇင်ဘာမှာ ကိုရီးယား K Pop Singer တွေပေါင်းပြီး သီချင်းတစ်ပုဒ်လုပ်ဖို့ရှိတယ်။ သူတို့အဲဒီအပိုင်းမှာ အလုပ်ရှုပ်နေတဲ့အတွက်၂၀၂၀မှာတော့ တစ်ခုခု ထူးမယ်လို့ထင်ပါတယ်။

မေး – ဝိုင်းလေးဘက်ကကော ဘာတွေ ပြင်ဆင်ထားသေးလဲ။

ဖြေ – ပြင်ဆင်ထားတာကတော့ သူတို့က ဝိုင်းလေး တတိယအခွေထုတ်ဖို့အတွက် အရမ်းစိတ်ဝင်စားတယ်။ အဲဒီတတိယအခွေမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်။ အလုပ်ကိစ္စစကားပြောထားတာ ရှိတယ်ဆိုတော့ ဝိုင်းလေးဘက်ကတော့ သီချင်းရေးစရာရှိတာတွေ ဆက်ရေးနေတယ်။ သူတို့ဘက်က အကြောင်းပြန်တာကိုပဲ ဝိုင်းလေးစောင့်မှာပါ။ တကယ်လို့ သူတို့ဘက်က မထူးခြားဘူးဆိုရင်တော့ ကိုယ့်အခွေကို ကိုယ့်ဘာသာပဲ produce လုပ်ရမှာပေါ့။

မေး – ဒီနှစ်က ဝိုင်းလေးအတွက်ကံကောင်းတဲ့နှစ်လို့ ပြောလို့ ရမလား။

ဖြေ – ဒီနှစ်က ဝိုင်းလေးအတွက် ကံကောင်းတဲ့နှစ်လို့ ပြောလို့ရတယ်။ ကိုရီးယားမှာကျင်းပတဲ့ Asian Fantasia Concert ပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝိုင်းလေးသွားရတယ်။ စင်ပေါ်မှာလည်း သူတို့အနေနဲ့ ဝိုင်းလေးကို မြန်မာနိုင်ငံရဲ့ အဆိုတော်လည်း ဖြစ်တယ်၊ Miss လည်း ဖြစ်တယ်ဆိုပြီးတော့ ချီးမွမ်းပြီး ဖိတ်ခေါ်ပေးတဲ့အတွက် အရမ်းပျော်တယ်။ ပြီးတော့ ဒါရာနဲ့လည်း လက်ဆွဲနှုတ်ဆက်ပြီး ချစ်တဲ့အကြောင်းတွေအများကြီး ပြောခဲ့ရတာဖြစ်တဲ့အတွက် ဒီနှစ်က ကံအကောင်းဆုံး နှစ်လို့တောင် ပြောလို့ရတယ်။

မေး – ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ – ပရိသတ်တွေအားလုံး မကြာခင်နှစ်သစ်ရောက်တော့မယ်၊ နှစ်သစ်ကစပြီးတော့ ပျော်ရွှင်ကြပါစေ၊ အခက်အခဲတွေလည်း ပြေလည်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ဓာတ်ပုံ – ဝိုင်းလေးဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-