သ႐ုပ္ေဆာင္ ေမျမင့္မိုရ္ႏွင့္ေတြ႕ဆုံျခင္း

“ဇာတ္လမ္းက ထူးထူးျခားျခားေလး ျဖစ္မယ္”

ဒါ႐ိုက္တာေက်ာ္သူ ႐ိုက္ကူးပုံေဖာ္ထားသည့္ ၁၀၁၄ ႐ုပ္ရွင္ဇာတ္ကားကို လာမည့္ ဒီဇင္ဘာ ၁၉ ရက္မွစတင္၍ ႐ုံတင္ျပသေတာ့မည္ျဖစ္သည္။ အဆိုပါ ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ သ႐ုပ္ေဆာင္ ေမျမင့္မိုရ္ႏွင့္ေတြ႕ဆုံခိုက္ ဇာတ္ကား႐ိုက္ကူးခဲ့စဥ္အမွတ္တရမ်ား၊ ဝါရင့္သ႐ုပ္ေဆာင္မ်ားႏွင့္ တြဲဖက္ ႐ိုက္ကူးခဲ့ရသည့္အေပၚ အေတြ႕အႀကဳံမ်ားကို ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္-

ေမး – ၁၀၁၄ ဇာတ္ကား ႐ုံတင္ေတာ့မွာဆိုေတာ့ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္လဲ။

-Ads-
-Ads-

ေျဖ – ၾကည့္တဲ့ ပရိသတ္ေတြအတြက္လည္း တစ္ခုခု ခံစားမိမွာပါ၊ အဓိကက ဗုဒၶဘာသာ တစ္ခုတည္းမဟုတ္ဘဲနဲ႔ တျခားဘာသာေတြအတြက္ ေမတၱာတရားကို ေဖာ္က်ဴးတဲ့ ဇာတ္ကားျဖစ္တဲ့အတြက္ အားလုံးၾကည့္သင့္တယ္။ ၿပီးေတာ့ ဒီဇာတ္ကားကက်ေတာ့ ၁၀၁၄ေပါ့ေနာ္။ အေနာ္ရထာမင္းစၿပီးေတာ့ ေမြးဖြားတဲ့ႏွစ္ကို ဦးေမာင္က ဇာတ္တည္ၿပီးေတာ့ ႐ိုက္ထားတာဆိုေတာ့ ဒီဇာတ္ကားက ထူးထူးျခားျခားေလးျဖစ္မယ္လို႔ ထင္ပါတယ္။

ေမး – ဒီကားထဲမွာဆိုလည္း ဦးေက်ာ္သူတို႔လိုမ်ိဳး ဝါရင့္ သ႐ုပ္ေဆာင္ႀကီးေတြနဲ႔ တြဲဖက္႐ိုက္ကူးရတာဆိုေတာ့ ကိုယ့္အတြက္ ဘယ္လိုမ်ိဳးပညာေတြေလ့လာခြင့္ရလဲ။

ေျဖ – ဒီကားထဲမွာက်ေတာ့ ဦးေမာင္နဲ႔ လင္မယားလုပ္ရတာပါ။ ၿပီးေတာ့ အန္တီေမႊးနဲ႔က ညီအစ္မလုပ္ရတာဆိုေတာ့ ထူးျခားတယ္။ ကိုယ့္ရဲ႕ တကယ့္ဝါရင့္သ႐ုပ္ေဆာင္ေတြ အရင္တုန္းကတည္းက ေလးစားရတဲ့သူေတြနဲ႔ သ႐ုပ္ေဆာင္ရတာဆိုေတာ့ အမ်ားႀကီးပညာရပါတယ္။

ေမး – ဦးေက်ာ္သူက ဘာေတြမ်ား သင္ၾကားေပးတာမ်ိဳးရွိမလဲ။

ေျဖ – ဦးေမာင္က သင္ေပးတာ ေျပာျပေပးတာထက္ ကိုယ္သ႐ုပ္ေဆာင္တာကို ၾကည့္ေပးတယ္ေပါ့။ အမ်ားႀကီးေျပာျပေပးတာမ်ိဳးေတာ့မရွိဘူး။ သူ႕ကိုယ္တိုင္လည္း အဲဒီဇာတ္ကားမွာ ဒါ႐ိုက္တာဆိုေတာ့ သူလည္း Stress ေတြမ်ားေနတာေပါ့။ သူကေတာ့ ကိုယ္တိုင္လုပ္တဲ့ အိုက္တင္ကိုပဲပိုၿပီးေတာ့ သေဘာက်တယ္။ ဦးေမာင္က ကင္မရာပုံစံနဲ႔ သူလိုခ်င္တဲ့ ပုံစံေတြကို ေျပာျပတာမ်ိဳးေတာ့ ရွိပါတယ္။

ေမး – ဖိုက္တင္ခန္းေတြလည္း ပါတယ္လို႔ သိရတယ္။ အဲဒီအတြက္ေကာ ဘယ္လိုလုပ္ေဆာင္ခဲ့ရလဲ။

ေျဖ – ေမေလးက အဲဒီလိုမ်ိဳး အရမ္းႀကီးခ်ရတဲ့ အခန္းေတြေတာ့ မရွိဘူး။ ေနာက္ပိုင္းအခန္းေတြေလာက္ပဲ လုပ္ရတာေပါ့ေနာ္။

ေမး – ႐ိုက္ကူးတုန္းက ထူးထူးျခားျခားအမွတ္တရေလးေတြ ရွိခဲ့လား။

ေျဖ – ထူးထူးျခားျခားအမွတ္တရအေနနဲ႔ဆိုရင္ေတာ့ ပုဂံမွာ သြားၿပီးေတာ့ ႐ိုက္ရတယ္။ ညီမတို႔က ဒီေခတ္အဝတ္အစားမဟုတ္ဘဲနဲ႔ အရည္းႀကီးေခတ္က အဝတ္အစားပုံစံမ်ိဳးကို ဝတ္ရတာဆိုေတာ့ အမွတ္တရေတာ့ရွိပါတယ္။

ေမး – ေမေလးက ပုဂံေဒသမွာပဲ ႐ိုက္ကူးရတာမ်ားတယ္ေနာ္။ အဲဒီအတြက္ ခံစားကေကာ။

ေျဖ – ပုဂံေဒသက ညီမအရမ္းႀကိဳက္တဲ့ေနရာလည္း ျဖစ္တယ္။ ေမေလး စိတ္ထဲမွာကိုက အဲဒီမွာ ခဏခဏလည္း သြား႐ိုက္ခ်င္တယ္။ အခုလိုမ်ိဳး ခဏခဏ သြား႐ိုက္ခြင့္ရတဲ့ အေပၚမွာလည္း အရမ္းေပ်ာ္ပါတယ္။

ေမး – အႏုပညာလႈပ္ရွားမႈအေနနဲ႔ ေနာက္ထပ္ဘာေတြမ်ား ထပ္ၿပီးျမင္ေတြ႕ရဦးမလဲ။

ေျဖ – ညီမအခု စတုတၳေျမာက္ ေသြးေၾကာမၽွင္ဆိုတဲ့ ဇာတ္ကား ႐ိုက္ေနတယ္။ အဲဒီဇာတ္ကားၿပီးရင္ တစ္လပိုင္းမွာ ဗထူးမွာ သြား႐ိုက္မယ့္ဇာတ္ကား ရွိတယ္။ တစ္လပိုင္းကုန္ရင္လည္း ႐ုပ္ရွင္ဇာတ္ကားတစ္ကား ႐ိုက္ဖို႔ရွိပါေသးတယ္။

ေမး – အားေပးမယ့္ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – ေမ့ကို အားေပးတဲ့ ပရိသတ္အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီဇင္ဘာ ၁၉ ရက္က်ရင္ ၁၀၁၄ ကား႐ုံတင္ပါေတာ့မယ္။ ဒီဇင္ဘာ ၂၆ ရက္က်ရင္ေတာ့ ေၾကာက္ေၾကာက္ေၾကာက္ ၂ ေပါ့ေနာ္။ အဲဒီဇာတ္ကားလည္း ႐ုံတင္ဖို႔ရွိပါတယ္။ အဲဒီကားကေတာ့ သရဲကားေလးလည္းျဖစ္တယ္၊ ဟာသပုံစံမ်ိဳးေလးလည္းပါတယ္ဆိုေတာ့ အားေပးၾကပါဦးလို႔ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – ေမျမင့္မိုရ္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင် မေမြင့်မိုရ်နှင့်တွေ့ဆုံခြင်း

“ဇာတ်လမ်းက ထူးထူးခြားခြားလေး ဖြစ်မယ်”

ဒါရိုက်တာကျော်သူ ရိုက်ကူးပုံဖော်ထားသည့် ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကို လာမည့် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ ရုံတင်ပြသတော့မည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် မေမြင့်မိုရ်နှင့်တွေ့ဆုံခိုက် ဇာတ်ကားရိုက်ကူးခဲ့စဉ်အမှတ်တရများ၊ ဝါရင့်သရုပ်ဆောင်များနှင့် တွဲဖက် ရိုက်ကူးခဲ့ရသည့်အပေါ် အတွေ့အကြုံများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – ၁၀၁၄ ဇာတ်ကား ရုံတင်တော့မှာဆိုတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။

ဖြေ – ကြည့်တဲ့ ပရိသတ်တွေအတွက်လည်း တစ်ခုခု ခံစားမိမှာပါ၊ အဓိကက ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ဘဲနဲ့ တခြားဘာသာတွေအတွက် မေတ္တာတရားကို ဖော်ကျူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အားလုံးကြည့်သင့်တယ်။ ပြီးတော့ ဒီဇာတ်ကားကကျတော့ ၁၀၁၄ပေါ့နော်။ အနော်ရထာမင်းစပြီးတော့ မွေးဖွားတဲ့နှစ်ကို ဦးမောင်က ဇာတ်တည်ပြီးတော့ ရိုက်ထားတာဆိုတော့ ဒီဇာတ်ကားက ထူးထူးခြားခြားလေးဖြစ်မယ်လို့ ထင်ပါတယ်။

မေး – ဒီကားထဲမှာဆိုလည်း ဦးကျော်သူတို့လိုမျိုး ဝါရင့် သရုပ်ဆောင်ကြီးတွေနဲ့ တွဲဖက်ရိုက်ကူးရတာဆိုတော့ ကိုယ့်အတွက် ဘယ်လိုမျိုးပညာတွေလေ့လာခွင့်ရလဲ။

ဖြေ – ဒီကားထဲမှာကျတော့ ဦးမောင်နဲ့ လင်မယားလုပ်ရတာပါ။ ပြီးတော့ အန်တီမွှေးနဲ့က ညီအစ်မလုပ်ရတာဆိုတော့ ထူးခြားတယ်။ ကိုယ့်ရဲ့ တကယ့်ဝါရင့်သရုပ်ဆောင်တွေ အရင်တုန်းကတည်းက လေးစားရတဲ့သူတွေနဲ့ သရုပ်ဆောင်ရတာဆိုတော့ အများကြီးပညာရပါတယ်။

မေး – ဦးကျော်သူက ဘာတွေများ သင်ကြားပေးတာမျိုးရှိမလဲ။

ဖြေ – ဦးမောင်က သင်ပေးတာ ပြောပြပေးတာထက် ကိုယ်သရုပ်ဆောင်တာကို ကြည့်ပေးတယ်ပေါ့။ အများကြီးပြောပြပေးတာမျိုးတော့မရှိဘူး။ သူ့ကိုယ်တိုင်လည်း အဲဒီဇာတ်ကားမှာ ဒါရိုက်တာဆိုတော့ သူလည်း Stress တွေများနေတာပေါ့။ သူကတော့ ကိုယ်တိုင်လုပ်တဲ့ အိုက်တင်ကိုပဲပိုပြီးတော့ သဘောကျတယ်။ ဦးမောင်က ကင်မရာပုံစံနဲ့ သူလိုချင်တဲ့ ပုံစံတွေကို ပြောပြတာမျိုးတော့ ရှိပါတယ်။

မေး – ဖိုက်တင်ခန်းတွေလည်း ပါတယ်လို့ သိရတယ်။ အဲဒီအတွက်ကော ဘယ်လိုလုပ်ဆောင်ခဲ့ရလဲ။

ဖြေ – မေလေးက အဲဒီလိုမျိုး အရမ်းကြီးချရတဲ့ အခန်းတွေတော့ မရှိဘူး။ နောက်ပိုင်းအခန်းတွေလောက်ပဲ လုပ်ရတာပေါ့နော်။

မေး – ရိုက်ကူးတုန်းက ထူးထူးခြားခြားအမှတ်တရလေးတွေ ရှိခဲ့လား။

ဖြေ – ထူးထူးခြားခြားအမှတ်တရအနေနဲ့ဆိုရင်တော့ ပုဂံမှာ သွားပြီးတော့ ရိုက်ရတယ်။ ညီမတို့က ဒီခေတ်အဝတ်အစားမဟုတ်ဘဲနဲ့ အရည်းကြီးခေတ်က အဝတ်အစားပုံစံမျိုးကို ဝတ်ရတာဆိုတော့ အမှတ်တရတော့ရှိပါတယ်။

မေး – မေလေးက ပုဂံဒေသမှာပဲ ရိုက်ကူးရတာများတယ်နော်။ အဲဒီအတွက် ခံစားကကော။

ဖြေ – ပုဂံဒေသက ညီမအရမ်းကြိုက်တဲ့နေရာလည်း ဖြစ်တယ်။ မေလေး စိတ်ထဲမှာကိုက အဲဒီမှာ ခဏခဏလည်း သွားရိုက်ချင်တယ်။ အခုလိုမျိုး ခဏခဏ သွားရိုက်ခွင့်ရတဲ့ အပေါ်မှာလည်း အရမ်းပျော်ပါတယ်။

မေး – အနုပညာလှုပ်ရှားမှုအနေနဲ့ နောက်ထပ်ဘာတွေများ ထပ်ပြီးမြင်တွေ့ရဦးမလဲ။

ဖြေ – ညီမအခု စတုတ္ထမြောက် သွေးကြောမျှင်ဆိုတဲ့ ဇာတ်ကား ရိုက်နေတယ်။ အဲဒီဇာတ်ကားပြီးရင် တစ်လပိုင်းမှာ ဗထူးမှာ သွားရိုက်မယ့်ဇာတ်ကား ရှိတယ်။ တစ်လပိုင်းကုန်ရင်လည်း ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ဖို့ရှိပါသေးတယ်။

မေး – အားပေးမယ့် ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – မေ့ကို အားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ကျရင် ၁၀၁၄ ကားရုံတင်ပါတော့မယ်။ ဒီဇင်ဘာ ၂၆ ရက်ကျရင်တော့ ကြောက်ကြောက်ကြောက် ၂ ပေါ့နော်။ အဲဒီဇာတ်ကားလည်း ရုံတင်ဖို့ရှိပါတယ်။ အဲဒီကားကတော့ သရဲကားလေးလည်းဖြစ်တယ်၊ ဟာသပုံစံမျိုးလေးလည်းပါတယ်ဆိုတော့ အားပေးကြပါဦးလို့ပြောချင်ပါတယ်။

ဓာတ်ပုံ – မေမြင့်မိုရ်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-