အဆိုေတာ္ လႊမ္းပိုင္ႏွင့္ေတြ႕ဆုံျခင္း

“အတတ္ႏိုင္ဆုံး ေရွ႕က႐ိုက္ခဲ့တဲ့ ဇာတ္ကားေတြနဲ႔မတူေအာင္ အမ်ားႀကီးေျပာင္းလဲထားပါတယ္”

အဆိုေတာ္ လႊမ္းပိုင္ႏွင့္ ေတြ႕ဆုံခိုက္ မၾကာခင္က ႐ိုက္ကူးၿပီးစီးခဲ့သည့္ ေရာသမေမႊ႐ုပ္ရွင္ဇာတ္ကားႏွင့္ ပတ္သက္သည့္အေၾကာင္း၊ ဂီတလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္-

ေမး – လတ္တေလာအေနနဲ႔ ဘာေတြမ်ားလုပ္ျဖစ္ေနလဲ။

ေျဖ – လတ္တေလာကေတာ့ ကၽြန္ေတာ့္ရဲ႕သီခ်င္းေလးတစ္ပုဒ္ Music Vedio ထြက္ဖို႔ရွိပါတယ္။ အဲဒီသီခ်င္းေလးက ဒီလထဲမွာပဲထြက္ဖို႔ရွိပါတယ္။

ေမး – ေရာသမေမႊဇာတ္ကားလည္း ႐ိုက္ကူးၿပီးစီးသြားၿပီဆိုေတာ့ ႐ိုက္ကူးတုန္းကအမွတ္တရေတြ ရွိရင္ေျပာျပေပးပါဦး။

ေျဖ – အခုအဲဒီ ဇာတ္ကားေလးက ႐ိုက္ၿပီးသြားၿပီ။ ေရာသမေမႊဇာတ္ကား႐ိုက္တုန္းကေတာ့ အမွတ္တရေတြအမ်ားႀကီးပါပဲ။ ဒီဇာတ္ကားထဲမွာဆိုရင္ ကၽြန္ေတာ္သ႐ုပ္ ေဆာင္ရတဲ့အပိုင္းကိုလည္း အတတ္ႏိုင္ဆုံး ေရွ႕က႐ိုက္ခဲ့တဲ့ဇာတ္ကားေတြနဲ႔မတူေအာင္ အမ်ားႀကီးေျပာင္းလဲထားပါတယ္။

ေမး – တစ္ကားလုံး႐ိုက္ၿပီးသြားတဲ့အခ်ိန္မွာ စိတ္ေက်နပ္မႈရွိရဲ႕လား။

ေျဖ – ဒီဇာတ္ကားကအားလုံးေတာ့မၿပီးေသးဘူး။ တစ္ရက္၊ ႏွစ္ရက္ေလာက္ ျပန္႐ိုက္ဖို႔ရွိေသးတယ္။ ႐ိုက္ၿပီးတဲ့အခ်ိန္အထိေတာ့ ကိုယ့္ဘာသာကိုယ္ ဒီမွာသ႐ုပ္ေဆာင္ရတဲ့ ကၽြန္ေတာ့္ကာ႐ိုက္တာေနရာေလးကိုေတာ့ သေဘာက်ပါတယ္။ တစ္ကားလုံး ကၽြန္ေတာ္တို႔အေနနဲ႔ကလည္း သ႐ုပ္ေဆာင္အေနနဲ႔ပဲ ပါဝင္ရတာဆိုေတာ့ အားလုံးၿပီးသြားေတာ့မွၾကည့္ၿပီး ေျပာလို႔ရမွာေပါ့ေနာ္။

ေမး – ကာ႐ိုက္တာပိုင္းကေကာ အျပင္က ကာ႐ိုက္တာနဲ႔ကြဲလြဲမႈရွိလား။

ေျဖ – အမ်ားႀကီး ကြဲလြဲမႈရွိတယ္။ ကၽြန္ေတာ္က အဲဒီဇာတ္ကားထဲမွာ စကားေျပာတဲ့ပုံစံေတြကအစ၊ ဒီဇိုင္းေတြေရာ၊ ေတာ္ေတာ္မ်ားမ်ားကို ကၽြန္ေတာ္အရင္က မလုပ္ဖူးတဲ့ပုံစံမ်ိဳးျဖစ္ေအာင္၊ ပရိသတ္ေတြကလည္း လုံး၀ၾကည့္တဲ့အခါမွာ ကၽြန္ေတာ္ရဲ႕ အရင္ပုံနဲ႔မတူတဲ့ပုံစံကို ျမင္ရမယ္။ စကားေျပာတဲ့ ေလယူေလသိမ္းကအစ အကုန္လုံး ေျပာထားပါတယ္။

ေမး – ဒီဇင္ဘာလအတြင္းမွာ ဘာအစီအစဥ္ေတြလုပ္ဖို႔ ရွိေသးလဲ။

ေျဖ – အရမ္းႀကီးေတာ့ ေထြေထြထူးထူးေတာ့ မရွိပါဘူး။ ကၽြန္ေတာ္က ဒီဇင္ဘာလအတြင္းမွာေတာ့ နယ္ပြဲေလးေတြဆိုဖို႔ရွိတယ္။ ခုနကေျပာတဲ့ Music Vedio ေလးတစ္ခု ထြက္မယ္။ အဲဒါေလးေတြပဲ ရွိမယ္။

ေမး – အဲဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္တာမ်ားရွိမလဲ။

ေျဖ – ဒီကားေလးမွာဆိုရင္လည္း ကၽြန္ေတာ္တို႔က အခ်ိန္ေတြမွားၿပီးေတာ့ ေရာက္လာတဲ့လူသားေတြပုံစံမ်ိဳး သ႐ုပ္ေဆာင္ထားတယ္။ စကားေျပာတဲ့ပုံစံေတြကလည္း ေရွးေခတ္စတိုင္ပုံစံမ်ိဳးေလးေတြကို ျပင္ဆင္ၿပီးေတာ့ေျပာရတယ္။ အဲဒီလို ကာ႐ိုက္တာမ်ိဳးေလး သ႐ုပ္ေဆာင္ထားတာျဖစ္တဲ့အတြက္ အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – လႊမ္းပိုင္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

အဆိုတော် လွှမ်းပိုင်နှင့်တွေ့ဆုံခြင်း

“အတတ်နိုင်ဆုံး ရှေ့ကရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့မတူအောင် အများကြီးပြောင်းလဲထားပါတယ်”

အဆိုတော် လွှမ်းပိုင်နှင့် တွေ့ဆုံခိုက် မကြာခင်က ရိုက်ကူးပြီးစီးခဲ့သည့် ရောသမမွှေရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်သည့်အကြောင်း၊ ဂီတလှုပ်ရှားမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – လတ်တလောအနေနဲ့ ဘာတွေများလုပ်ဖြစ်နေလဲ။

ဖြေ – လတ်တလောကတော့ ကျွန်တော့်ရဲ့သီချင်းလေးတစ်ပုဒ် Music Vedio ထွက်ဖို့ရှိပါတယ်။ အဲဒီသီချင်းလေးက ဒီလထဲမှာပဲထွက်ဖို့ရှိပါတယ်။

မေး – ရောသမမွှေဇာတ်ကားလည်း ရိုက်ကူးပြီးစီးသွားပြီဆိုတော့ ရိုက်ကူးတုန်းကအမှတ်တရတွေ ရှိရင်ပြောပြပေးပါဦး။

ဖြေ – အခုအဲဒီ ဇာတ်ကားလေးက ရိုက်ပြီးသွားပြီ။ ရောသမမွှေဇာတ်ကားရိုက်တုန်းကတော့ အမှတ်တရတွေအများကြီးပါပဲ။ ဒီဇာတ်ကားထဲမှာဆိုရင် ကျွန်တော်သရုပ် ဆောင်ရတဲ့အပိုင်းကိုလည်း အတတ်နိုင်ဆုံး ရှေ့ကရိုက်ခဲ့တဲ့ဇာတ်ကားတွေနဲ့မတူအောင် အများကြီးပြောင်းလဲထားပါတယ်။

မေး – တစ်ကားလုံးရိုက်ပြီးသွားတဲ့အချိန်မှာ စိတ်ကျေနပ်မှုရှိရဲ့လား။

ဖြေ – ဒီဇာတ်ကားကအားလုံးတော့မပြီးသေးဘူး။ တစ်ရက်၊ နှစ်ရက်လောက် ပြန်ရိုက်ဖို့ရှိသေးတယ်။ ရိုက်ပြီးတဲ့အချိန်အထိတော့ ကိုယ့်ဘာသာကိုယ် ဒီမှာသရုပ်ဆောင်ရတဲ့ ကျွန်တော့်ကာရိုက်တာနေရာလေးကိုတော့ သဘောကျပါတယ်။ တစ်ကားလုံး ကျွန်တော်တို့အနေနဲ့ကလည်း သရုပ်ဆောင်အနေနဲ့ပဲ ပါဝင်ရတာဆိုတော့ အားလုံးပြီးသွားတော့မှကြည့်ပြီး ပြောလို့ရမှာပေါ့နော်။

မေး – ကာရိုက်တာပိုင်းကကော အပြင်က ကာရိုက်တာနဲ့ကွဲလွဲမှုရှိလား။

ဖြေ – အများကြီး ကွဲလွဲမှုရှိတယ်။ ကျွန်တော်က အဲဒီဇာတ်ကားထဲမှာ စကားပြောတဲ့ပုံစံတွေကအစ၊ ဒီဇိုင်းတွေရော၊ တော်တော်များများကို ကျွန်တော်အရင်က မလုပ်ဖူးတဲ့ပုံစံမျိုးဖြစ်အောင်၊ ပရိသတ်တွေကလည်း လုံး၀ကြည့်တဲ့အခါမှာ ကျွန်တော်ရဲ့ အရင်ပုံနဲ့မတူတဲ့ပုံစံကို မြင်ရမယ်။ စကားပြောတဲ့ လေယူလေသိမ်းကအစ အကုန်လုံး ပြောထားပါတယ်။

မေး – ဒီဇင်ဘာလအတွင်းမှာ ဘာအစီအစဉ်တွေလုပ်ဖို့ ရှိသေးလဲ။

ဖြေ – အရမ်းကြီးတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်က ဒီဇင်ဘာလအတွင်းမှာတော့ နယ်ပွဲလေးတွေဆိုဖို့ရှိတယ်။ ခုနကပြောတဲ့ Music Vedio လေးတစ်ခု ထွက်မယ်။ အဲဒါလေးတွေပဲ ရှိမယ်။

မေး – အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ဘာများပြောချင်တာများရှိမလဲ။

ဖြေ – ဒီကားလေးမှာဆိုရင်လည်း ကျွန်တော်တို့က အချိန်တွေမှားပြီးတော့ ရောက်လာတဲ့လူသားတွေပုံစံမျိုး သရုပ်ဆောင်ထားတယ်။ စကားပြောတဲ့ပုံစံတွေကလည်း ရှေးခေတ်စတိုင်ပုံစံမျိုးလေးတွေကို ပြင်ဆင်ပြီးတော့ပြောရတယ်။ အဲဒီလို ကာရိုက်တာမျိုးလေး သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် အားပေးပါဦးလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – လွှမ်းပိုင်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်